ondragstart="return false" onselectstart="return false"

Wednesday, February 26, 2014

ဘယ်လမ်းရွေးလဲ......

ဆောင်းပါး - Agga

အပစ်ရပ်ကာလ တကယ်လုပ်နေတဲ့ဖွံ့ ဖြိုးရေးဆိုတာက လမ်းဖေါက်ပြီး ရနိုင်သမျှဒေသထွက်သယံဇာတတွေကို ပြည်မသယ်ထုတ်သွားတာရယ်..နယ်စပ်
ကပ်နေတဲ့ ထိုင်းကုပ္မဏီကြီးတွေဆီကနေ အဆင့်ဆင့် လဘ်ပေးလဘ်ယူစနစ်နဲ့ 
ကန်ထရိုက်ပေးပြီး ပြည်ပသယ်ထုတ်သွားတာတွေရယ်၊ ဒေသခံလူမျိုးစုံတိုင်းရင်းသားတွေရဲ့  လုပ်ကွက်ကောင်းမှန်သမျှကို ဗဟိုကခရိုနီကြီးတွေလက်ထဲထိုးအပ်တာတွေရယ်၊ အစိုးရရုံးတွေ၊တပ်တွေနယ်မြေကို လူမျိုးစုနယ်မြေတွေထဲအလွယ်တကူချဲ့ ထွင်နေကြတာရယ်.ဒါတွေပါဘဲ၊
ဒါတွေကို အပစ်ရပ်ကိစ္စ တခန်းမရပ်ခင် ကမန်းကတန်းလုပ်နေကြတာလဲ အများသိနေမြင်နေကြတယ်။
နောက်ဆုံးကျန်ရစ်ခဲ့မှာက သဘာဝအကာအကွယ်တွေပျက်စီးပျောက်ကွယ်ကုန်တဲ့ ဟောင်းလောင်းပေါက် ကေနဲန်ယူ နယ်မြေဆိုတာပါ..
ဘယ်လိုအကာအကွယ်မျိုးနဲ့ ကေအဲန်ယူဆက်ပြီးရပ်တည်နိုင်မလဲဆိုတာ.စဉ်းစားအဖြေရှာလို့ မရသေးဘူး..

စကားမစပ်-ဗမာညီနောင်တွေကိုလဲတခုတောင်းဆိုချင်တယ်..
ပြည်ထောင်စုစိတ်ဓါတ်ကိုကိုင်စွဲပြီး တိုင်းရင်းသားနယ်မြေတွေမှာ တိုင်းရင်းသားဘာသာစာပေဖွံ့ ဖြိုးတိုးတက်လာအောင် ၀ိုင်းပြီးကာကွယ်ပေးပါ...ကရင်နယ်မှာကရင်စကားပြောဖို့ ကျိုးစား..
သျှမ်းနယ် ၊ မွန်နယ် ကချင်နယ်တွေမှာအခြေချနေထိုင်တာဖြစ်ရင်လဲ သူတို့ စကားနဲ့ ယဉ်ကျေးမှုဓလေ့တွေကိုဝိုင်းဝန်းထိမ်းသိမ်းမြေတောင်မြှောက်ပေး။ သူတို့ ရဲ့ ကျောင်းတွေမှာ သူတို့ ရဲ့ 
အမျိုးသားသီးချင်းတွေဆိုကြတာ၊ သူတို့ ရဲ့ အမျိုးသားအလံတွေစိုက်ထူကြတာ၊ သူတို့ ရဲ့ အမျိုးသားသမိုင်းတွေကိုသင်ယူကြတာတွေကိုလဲ အားပေး။ မှတ်ပုံတင်လုပ်တဲ့အခါတွေမှာလဲ
ဗမာသင်္ကေတကိုသူတို့ လူမျိုးသင်္ကေတအစားထိုးသုံးပြီးနိုင်ထက်စီးနင်းမလုပ်ကြဖို့ ဗမာအချင်းချင်းအသိပေးကြ။ ဒီကိစ္စတွေက ပြည်ထောင်စုစိတ်ဓါတ်ရှိတယ်ဆိုတဲ့ ဗမာအချင်းချင်းပြောကြတာက ပိုကောင်းတယ်.လူမျိုးစုတွေသူတို့ ဖါသူတို့ ပြောကြရင်စိန်ခေါ်သလိုဖြစ်နေမှာမို့ စစ်ပွဲတွေမဆုံးနိုင်ဘူး။

ဗမာတွေအဲလိုစိတ်ဓါတ်မြင့်မားတဲ့ လုပ်ဆောင်ချက်တွေရှိခဲ့ရင်
တိုင်းပြည်အေးချမ်းတာကြာပါပြီ။ တိုင်းရင်းသားစာပေယဉ်ကျးမှုတွေကိုအားပေးလို့ ဗမာ
စာပေယဉ်ကျေးမှုမတိမ်ကောသွားနိုင်ပါဘူး။ အဲလိုမလုပ်ရင်တော့ တိုင်းရင်းသားတွေမကြာခင်နိဂုဏ်းချုပ်သွားမှာကို ဗမာတွေကလဲကိုယ်ချင်းစာစိတ်ရှိဖို့ လိုတယ်။ ခုတောင် တိုင်းရင်းသားအားလုံးပေါင်း ၃၀%ဘဲကျန်တယ်လို့ မီဒီယာတွေကပြောနေကြပြီ။
တိုင်းရင်းသားတွေကို ဗမာပြည်သူတွေက အထက်ကပြောသလိုအားပေးအားမြှောက်မလုပ်ဘဲ အစိုးရအဆက်ဆက်ရဲ့ တိုင်းရင်းသားမှေးမှိန်ရေးလုပ်ရပ်တွေကိုဘဲ ၀ိုင်းလုပ်နေကြမယ်ဆိုရင်
ဗမာနဲ့တိုင်းရင်းသားတွေအကြား ဆက်နွယ်မှုဟာကိုလိုနီပိုင်ရှင်လူမျိုးနဲ့ ကိုလိုနီလက်အောက်ခံလူမျိုးတွေရဲ့ အနေအထားမျိုးဖြစ်နေတာမို့ စစ်မှန်တဲ့သွေးစည်းညီညွတ်မှုမပြောနဲ့ 
မိတ်ဆွေဖြစ်ဖို့ တောင် သဘောတရားအရကြည့်ရင် မဖြစ်နိုင်ဘူး။ တိုင်းရင်းသားတွေကိုဘယ်တိုင်းတပါးနိုင်ငံကမှ ဗမာလောက်ခြေမှုန်းဖျက်ဆီးပစ်နေတာတွေမရှိတဲ့အနေအထား
ကဆက်လက်ရှင်သန်နေမယ်။ နိုင်ငံရေးအမျှော်အမြင်ကြီးတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက ဗမာနဲ့တိုင်းရင်းသားလူမျိုးတွေအကြားခုလိုဖြစ်ရှိနေတဲ့အနေအထားကို
လူမျိုးရေးပြသနာမဖြစ်စေချင်လို့  မကောင်းမှန်သမျှ ဗမာပြည်သူတွေလက်ချက်မဟုတ်ဘူး.စစ်အစိုးရအဆက်ဆက်ရဲ့ 
လုပ်ရပ်တွေသာဖြစ်တယ်လို့ သြောဝါဒတွေပေးပြီး ကိုယ့်လူမျိုး ကိုယ်ထိမ်းထားကြပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့  နိုင်ငံရေးသဘောထားတိုးတက်မှုကို ပြောရမယ်ဆိုရင် ခုဆို ဒေါ်အောင်ဆန်းစုကြည်ရော ၈၈ မျိုးဆက်တွေပါ တိုင်းရင်းသားတွေအတွက်တရားမျှတမှုကိုပိုပေးနိုင်မယ့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံဖွဲ့ စည်းအုပ်ချုပ်ပုံဖြစ်လာရေးလူထုဆန္ဒပြပွဲတွေ မပြတ်လုပ်နေကြတာတွေ့ ရတယ်။ အဲဒီလှုပ်ရှားမှုကို ပြည်ထောင်စုစိတ်ဓါတ်ရှိတယ်ဆိုတဲ့ဗမာတွေအားလုံး ကိုယ်တတ်တဲ့နည်းနဲ့ ပါဝင်အားပေးကြဖို့ လိုတယ်။ ဒီနည်းနဲ့ ဗမာတွေဟာ တိုင်းရင်းသားညီနောင်လူမျိုးစုတွေအပေါ် လူမျိုးရေးစာနာစိတ်ရှိကြောင်း ချစ်ခင်လေးစားမှုရှိကြောင်းအပြင်
တရားမျှတမှုကိုတကယ်ချစ်မြတ်နှိုးကြောင်းပြသနိုင်တယ်။

နောက်ဆုံးအနေနဲ့ မပြောမဖြစ်ပြောလိုက်ချင်တာလေးတခုရှိပါတယ်.. ဗမာညီကိုတွေကတိုင်းရင်းသားအရေးဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဖေါ်ဆောင်ရေးအပါအ၀င် ၂၀၀၈ဖွဲ့ စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ကို တိုင်းရင်းသားတွေကိုယ်စား ဆန္ဒပြတောင်းဆိုမှုတွေ ခုလိုနေ့ စဉ်ဖြစ်ပေါ်လာနေချိန်မှာ
ကိုယ့်လူမျိုးကိုယ်ပိုင်ပြဌာန်းခွင့်အတွက် နှစ်ပေါင်းခြောက်ဆယ်ကျော် ခုခံစစ်ဆင်နွှဲခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း တချို့ -အထူးသဖြင့် ကေအဲန်ယူခေါင်းဆောင်တချို့ က
အပစ်ရပ်ပြီး မိမိနယ်မြေကိုခရိုနီလက်အပ်ရေး ဘက်ဦးတည်နေတဲ့ လုပ်ဆောင်ချက်တွေထဲကရုန်းမထွက်နိုင်ဖြစ်နေသေးတဲ့ အရိပ်အခြေတွေကထင်းထင်းမြင်နေရတုန်းဘဲ။

မြန်မာနိုင်ငံပြည်သူလူထုတရပ်လုံးရဲ့လက်ရှိနိုင်ငံရေးရေစီးကြောင်းဟာ ၂၀၀၈ဥပဒေပြင်ဆင်ရေး ဖက်ဒရယ်ပြည်ထောင်စုဖြစ်မြောက်ရေးဖြစ်ပြီး ဒါဟာ လူမျိုးစုအားလုံးရဲ့ အကျိုးစီးပွားနဲ့ 
ကိုက်ညီပြီးပွင့်လင်းမြင်သာတဲ့ လိုင်းတလိုင်းဖြစ်လာနေတဲ့အချိန်မှာ -----

ဒီ ရေစီးကြောင်းကြီးကိုခြေဖျက်ဖို့  စစ်တပ်လက်ဝေခံဦးသိန်းစိန်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေကို အပစ်ရပ်လဘ်ထိုးသိမ်းသွင်းပြီး စင်ပြိုင်ရေစီးကြောင်းအင်အားကိုစုစည်းတိုးမြှင့်ုနေတယ်..
ကျနော်တို့ ကရင်တွေနဲ့  ညီကိုလူမျိုးစုတွေအဖို့ နောက်ဆုံးမှာ ကိုယ့်လယ်ပင်းကိုယ်ကြိုးကွင်းစွတ်ဖြစ်မဲ့ ဘက်ကိုဘာအကြောင်းနဲ့ ဒါမှမဟုတ် ဘယ်လိုများ မျက်စေ့ရွံ့ ပိတ်ဖြစ်နေလို့ သွားပြီးပူးပေါင်းရမှာလဲဗျာ..
ကာယကံရှင်တဦးဦးရဲ့ အဖြေကိုကြားခွင့်ရှိရင်ချင်ပါတယ်....

Agga

2 comments:

Unknown said...

One of the bravest authors who talking the truth about current ceasefire.

Unknown said...

ကျနော် နိုင်ငံရေး နားမလည်ပါဘူး ၊ ဒါပေမယ့် ကျနော့် သူငယ်ချင်းတွေထဲမှာလဲ တိုင်းရင်းသားညီအစ်ကိုတွေ ရှိနေတာပဲ ။ သူတို့ဘာသာ စကားလဲ ကျနော် တန်ဖိုးထားတယ်။ ကိုယ့်ဘာသာစကားလိုပဲ၊ ဘာသာစကားက အံသြဖို့တော့ ကောင်းပါတယ် ၊ ကြားရတာများရင် ဘယ်သူမှ မသင်ပဲ နားလည်လာတယ်၊တကယ်တော့ နှစ်ဘက်လုံးမှာရှိတဲ့ ကျနော်တို့ရဲ့ စိတ်ဝမ်းကွဲစေတဲ့ စိတ်တွေကို ဖျောက်ပစ်ရမှာပါ၊ ကျနော်တို့ အားလုံး ဟာ အမျိုးတွေပါပဲ။

Post a Comment