ondragstart="return false" onselectstart="return false"

Saturday, February 22, 2014

တအန်းတပ် ၃၆၇ တပ်ရင်းနှင့် မြန်မာတပ်တိုက်ပွဲတွင် မြန်မာ အနဲဆုံး ၃ ဦးကျဆုံး

၁၉ ရက် ဖေဖော်ဝါရီလ ၂၀၁၄

၁၈ ရက်နေ့ဖေဖော်ဝါရီလ နေ့လည် ၁၂း၁၅ နာရီခန့်တွင် TNLA တပ်ရင်း ၃၆၇ ၏ တပ်ခွဲ (၂) နှင့် မြန်မာ ခမရ (၁၇) နှင့် (၁၁၄) စစ်ကြောင်း တို့ မန်တုံမြို့နယ် အရှေ့ဘက် နမ့်ပါကျိုင်ရွာ အနီးတွင် ပက်ပင်းတိုး ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ မြန်မာဘက်မှ အနဲဆုံး ၃ ဦး ကျဆုံးပြီး အများအပြား ထိခိုက်ဒါဏ်ရာရရှိခဲ့ကြသည်။

တအန်းတပ်ဖွဲ့ဝင် တဦး၏ လက်တွင် လက်နက်ကြီးစ ထိမှန်ပြီး ဒါဏ်ရာရရှိခဲ့သည်။

နှစ်ဘက်ရင်ဆိုင်တိုက်ပွဲမှာ ၁၅ မိနစ်ခန့်တာကြာပြီး နှစ်ဘက်စလုံး တပ်ဆုတ်ကာ တိုက်ပွဲအဆုံးသတ်ခဲ့ကြသည်။

ထိုထိခိုက်ဒါဏရာရရှိသည့် မြန်မာတပ်ဖွဲ့များကို နမ္မတူမြို့ဘက်သို့ ခေါ်ဆောင်သွားခဲ့သည်။

မြန်မာစစ်ကြောင်းသည် ထိုတောင်ကြောမှ မန်တုံ-နမ္မတူ ကားလမ်းအနီးသို့ဆုတ်ခွာနေရာယူပြီး တအန်းတပ်ဖွဲ့များ ရှိမည်ဟု ယင်တို့ယူဆသည့် တောင်ကုန်းများဆီသို့ လက်နက်ကြီးများ တနာရီခြား တခါ ပစ်ခတ်နေလျှက်ရှိသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
P.S.L.F/T.N.L.A

No comments:

Post a Comment