ondragstart="return false" onselectstart="return false"

Tuesday, December 29, 2009

ကလောင်နံမည် Astrologer မှ တင်ပြချက် နှင့် ဖူးဒို မှ ပြန်လည်ရှင်းလင်းချက်

စာဖတ်ပုရိတ်သတ်များခင်ဗျား….သောသီခိုဘလော့မှ ၂၃၊ ၁၂၊ ၂၀၀၉ ရက်နေ့  တွင် တင်ဆက်ခဲ့တဲ့ “၀တပ်ဖွဲ့ များနယ်ခြားစောင့်တပ်များ လက်ခံဖို့ ဆိုဒါ” ဆိုတဲ့ပို့ စ် ၏ comments box မှာ ညီကိုယ်များဖြစ်သော Astrologer, Kawkasa, sm91, Anonymous စသည်တို့ က သူတို့ ၏ ထင်မြင်ချက်များကို ရေးသွားခဲ့ကြပါသည်။ အထူးသဖြင့် Astrologer ၏ တင်ပြချက်များကို ကျနော်တို့ သောသီခိုဘလော့သို့  အမြဲတမ်းဝင်ရောက်ဆွေးနွေးပြီး ဆောင်းပါးများကို ပေးပို့ တတ်သော ဖူးဒို မှပြန်လည် ရှင်းလင်းထားပါသည်။ Astrologer နဲ့ ဖူးဒို တို့ ၏တင်ပြချက်နှင့် ရှင်းလင်းချက် များကို ယခု တင်ပြပေးလိုက်ပါတယ်။ comment ဆိုပေမယ့် ကျယ်ပြန့် စွာတင်ပြသွားသော Astrologer အားလည်းကောင်း၊ ရှင်းလင်းချက်စာစုကို အီးမေးမှတဆင့် ပေးပို့ လာသော ဖူးဒို အားလည်းကောင်း သောသီခို အဖွဲ့ သားများမှ အထူးကျေးဇူးတင်ရှိပါသည်။

ကလောင်နံမည် Astrologer မှ တင်ပြချက်။

DKBA ဟာ ကရင်လူထုအတွက် အကောင်းဆုံးသော အငြိမ်းချမ်းဆုံးသော မျိုးချစ်တပ်ဖွဲ့ဖြစ်တယ်... ငြိမ်းချမ်းစွာနဲ့ ပြည်သူအကျိုးပြုတွေ ဖွံဖြိုးမှုတွေကို လုပ်ပေးနေချင်းအားဖြင့် DKBA ဟာ KNU လို ငြိမ်းချမ်းမှုကို မလိုလားသော အဖွဲ့ထက်အများကြီးသာတယ်ဆိုတာ ကရင်ပြည်သူတွေအားလုံးသိကြတယ်...DKBA ကြောင့် ကရင်လူထု ဒုက္ခသည်အဖြစ်နဲ့ ထိုင်းနိုင်ငံမှာ ရောက်စရာအကြောင်းမရှိပါ...KNUရဲ့အကြမ်းဖက် မှုတွေကြောင့်သာလျှင် ကရင်လူထုတွေဟာ တောတောင်တွေမှာ ပြေးလွှားပုန်းကွယ်ရင်းနဲ့ တစ်ဖက်နိုင်ငံမှာ မျက်နှာငယ်စွာနဲ့ ဒုက္ခသည်ခံနေရတယ်..ဒါဟာ KNU နဲ့ DKBA ရဲ့ကွာချားချက်ပဲ... ကရင်ပြည်သူတွေ လိုလားတောင်းတနေတာ ငြိမ်းချမ်းမှုပဲ ဒါကိုသိလို့ DKBA ကဖော်ဆောင်ပေးနေတဲ့တွက် ကရင်လူထု အသဲစွဲချစ်သော အဖွဲ့မှာ DKBA သာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်..

တောထဲမှာ သေနတ်သံကြားနေရရင်ပဲ ပျော်နေတဲ့သူတွေက ကရင်ပြည်သူတွေကို တိုးတက်ဖွံ့ဖြိုးအောင် ငြိမ်းချမ်းအောင်လုပ်ဖို့ဆိုတာ ဝေးလေစွ...ကရင်လူထုကို စစ်တမ်းကောက်ကြည့်ပါ...DKBA and KNU ကို ဘယ်သူကိုပိုပြီးလိုလားတောင့်တသလည်းဆိုတာ သိလိမ့်မယ်...DKBAကို ဘာကြောင့်နှစ်သက်ကြသလည်းလို့မေးရင် ငြိမ်းချမ်းရေးကိုလက်ကိုင်ထားလို့ ပြည်သူ့အကျိုးပြုတွေကို လုပ်ပေးလို့ ပြည်သူတွေနှစ်သက်တာလို့ဖြေကြလိမ့်မယ်... KNUကြောင့် ကရင်ပြည်သူတွေ ကျီးလန့်တစာစာဖြစ်နေရပြီး နယ်စပ်ဒေသတွေမှာ ရှောင်ပုန်းပြေးနေရတာတွေက လက်တွေ့သာဓကပဲမဟုတ်လား? အဲဒါ DKBAကြောင့်မဟုတ်ဘူး KNUကြောင့်ပဲနော်.. စွပ်စွဲနေတာမဟုတ်ဘူး လက်တွေ့အဖြစ်မှန်တွေကိုပြောနေတာ...နယ်စပ်ရောက်နေတဲ့ ကရင်ပြည်သူတွေကို ဘယ် KNUကပြန်ခေါ်တာရှိလဲ? DKBAပဲ သူတို့လူမျိုးတွေကို ပြန်ခေါ်ပြီး အေးချမ်းစွာနေဖို့ လာလာခေါ်ကြတယ်.. ဒါကို ကြည့်ချင်းအားဖြင့် DKBA and KNU ရဲ့ ကရင်ပြည်သူ့အပေါ်ထားတဲ့ စေတနာဟာ ကွာခြားလွန်းပါတယ်...

ပုံပြင်တွေပြောနေတာမဟုတ်ဘူးနော်...ဖြစ်ပျက်နေတာကို ပြောနေတာ...KNU လည်း ကရင်ပြည်သူကိုချစ်သလို DKBAလည်း ကရင်ပြည်သူကိုချစ်တာပဲ..အားလုံးက ကရင်တွေပဲကိုး...ဒါပေမယ့် ချစ်တာချင်းမတူဘူး...ချစ်တာချင်းမှားနေတယ်..အယူဆတွေလွဲမှားနေတယ်.. တစ်ခါတစ်လေမှာ စေတနာတွေက တစ်ပါးသူအပေါ်ကိုဝေဒနာဖြစ်သွားတတ်တယ်..KNUရဲ့ ကရင်ပြည်သူ့အပေါ် ထားတဲ့စေတနာဟာ ကရင်ပြည်သူ့အပေါ်မှာဝေဒနာဖြစ်နေတယ်ဆိုတာ စမ်းစစ်ဖို့လိုတယ်.. ငြိမ်းချမ်းစွာအတူလက်တွဲလုပ်နေတာ DKBA တစ်ခုတည်းမဟုတ်ဘူး ဗိုလ်ချုပ်ထိန်မောင်တို့လိုအဖွဲ့တွေရော ကရင့်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မြရဲ့သားတော်ကြီးရဲ့ အဖွဲ့တွေရော အဖွဲ့ငယ်လေးတွေဟာ KNU နဲ့ဘာကြောင့်ဆန့်ကျင်ဘက်သွားနေရတာတွေကို ကြည့်ချင်းအားဖြင့် တစ်ယောက်တစ်ဖွဲ့နဲ့အများကို လွန်ဆန်နေတာ ဘယ်သူက မှားနေတယ် ဘယ်သူက ပြည်သူ့အပေါ်ချစ်တာ လွဲမှားနေတယ်ဆိုတာ မြင်ယောင်မိမယ်ထင်ပါတယ်... ဒါကို ငါတို့ KNU လို့သူတို့က စာမတတ်ဘူး အသိဥာဏ်မရှိဘူးလို့သွားပြောနေတာ ဟာသတစ်ခုလို့ဖြစ်နေတယ်... အသိဥာဏ်ရှိလို့ ပညာတတ်လို့ ငြိမ်းချမ်းစွာနဲ့ အတူလက်တွဲပြီး ရှေ့ဆက်လုပ်ဆောင်မယ့် ဒီမိုကရေစီနိုင်ငံမှာ ကရင်ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအဖြစ် အုပ်ချုပ်ခွင့်ရဖို့တွက် ဆွေးနွေးတိုင်ပင်ပြီး လက်တွဲလုပ်ဆောင်နေတာပေါ့...

ကရင်ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသရတဲ့အချိန်မှာ ကရင်ပြည်သူတွေက သူတို့ကြိုက်တဲ့ ကရင်ခေါင်းဆောင်တွေကို ၂၀၁၀ မှာမဲပေးပြီး ရွေးချယ်ပြီး ကရင်ပြည်နယ်ကို အုပ်ချုပ်ခိုင်းလိမ့်မယ်.... ဒီမိုကရေစီနိုင်ငံတွေအတိုင်း (၁)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတွေရှိလာမယ် (၂)လက်နက်ဆက်ကိုင်ချင်လျင် မိမိဒေသမှာပဲ မိမိလူမျိုးတွေကို အနီးကပ်ကာကွယ်စောင့်ရှောက်နိုင်လာမယ်(ကရင်အဖွဲ့က အခြားပြည်နယ်ထဲမှာသွားပြီးတာဝန်ထမ်းဆောင်စရာလို..မိမိနယ်မြေမှာပဲ တရားဝင်လက်နက်ကိုင်ပြီး ပြန်လည်တာဝန်ထမ်းဆောင်)(၃)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုရာမှာ ပြည်သူတွေက မိမိတိြု့ကိုက်နှစ်သက်တဲ့ မိမိတို့လူမျိုးတွေကိုရွေးချယ်တင်မြှောက်ကြလို့ ကိုယ်ပြည်နယ်ကို ကိုယ့်လူမျိုးကပဲ အုပ်ချုပ်တဲ့ အခွင့်ရေးတွေရလာမယ်...ဒါတွေကို မြင်လို့ သိလို့ KNUလို့အကြမ်းမဖက်ပဲ နိုင်ငံတော်နဲ့လက်တွဲပြီး အဖြေရှာဖြေရှင်းနေတာကို KNUမဟုတ်ရင် ကျန်တဲ့ဘယ်အဖွဲ့က ဘယ်ကရင်မဆို လူမထင်တဲ့ စကားတွေကို ပြောဆိုနေတာတွေကို ရှောင်ရှားသင့်တယ်...ငါသိ ငါတတ် ငါပဲအကျော်အမော်ဟု မကြွားဝံ့အပ်....

ဖူးဒို မှ ပြန်လည်ရှင်းလင်းချက်

Astrologer သူခိုးကလူပြန်ဟစ်တယ်ဆိုတာကြားဖူးမှာပေါ့။ မင်းပြောတာမရိုင်းစိုင်းလို့ လေးစားပါတယ်ကွာ။ သူခိုးကလူပြန်ဟစ်တာကို စိတ်ဆိုးသွားတဲ့ Kawkasa ကိုစားတောင်းပန်ပါတယ်။

မင်းပြောတဲ့ DKBA ဟာ ကရင်လူထုတွေတွက် အကောင်းဆုံးဖြစ်တယ်ဆိုတာ ဘာကိုပြော တာလဲ? ဒီမှာ ထပ်ပြောရတာ စာဖတ်ပုရိတ်သတ်ကို အားနာပါတယ်။ “DKBA ကောင်းကွက်တွေရှိရင်ပြောပြစမ်းပါ။” အကြောင်းအရင်းအချက်အလက် နဲ့ တင်ပြနိုင်ရင် မင်းနဲ့ DKBA ကိုပါ ထောက်ခံပါ့မယ်။ ဒါမှမဟုတ် DKBA ကောင်းကွက်တွေ မပြောတတ်ရင် “နအဖ ကောင်းကွက်၊ စေတနာ တွေအကြောင်းပြည်သူတွေကိုပြောပြပါလား” ဒါမှတိုင်းပြည်အေးချမ်းရေးတွက်ဝိုင်းဝန်းပါဝင်နိုင်မှာပေါ့။ Online ပေါ် တက်လာနိုင်တဲ့လူတစ်ယောက်အနေနဲ့ လူညံ့မဟုတ်ဘူးလို့ ခန့်မှန်းမိပါတယ်။

မင်းပြောတဲ့အထဲမှာ “KNUရဲ့အကြမ်းဖက် မှုတွေကြောင့်သာလျှင် ကရင်လူထုတွေဟာ တောတောင်တွေ
မှာပြေးလွှားပုန်းကွယ်ရင်းနဲ့ တစ်ဖက်နိုင်ငံမှာ မျက်နှာငယ်စွာနဲ့ဒုက္ခသည်ခံနေရတယ်”

ရေဟာ မြင့်ရာမှနိမ့်ရာကိုစီးဆင်းတယ်ဆိုတဲ့ သဘာဝနိယာမ တရားကို လူတိုင်း လက်ခံသလို အန္တရာယ်ရှိတဲ့နေရာမှ အန္တရာယ်မရှိတဲ့နေရာကို ပြေးရှောင်တတ်တဲ့ ပုထုစဉ် လူသားများ၏ သဘောသဘာဝကို နားလည် လက်ခံမယ်လို့ ယုံကြည်ပါတယ်။ ၂၀၀၈ ကုန်ထိ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ကိုလည်းမရောက် ကိုယ့်ရွာကို ပြန်လို့မရဘဲ တောတောင် ကရင်ဒေသတွေမှာ ပုန်းရှောင်နေရတဲ့
အခြေမဲ့ ကရင်ဒုက္ခသည် ခန့်မှန်းဦးရေဟာ ၂၆၈ ၃၀၀ ရှိပြီး သိန်းပေါင်းများစွာဟာ ဒုက္ခသည် စခန်းမှာ သောင်တင်နေပါတယ်။ ဒီ ဒုက္ခသည်အားလုံး ( တောတွင်း +ထိုင်း-မြန်မာ နယ်စပ်ဒုက္ခသည်စခန်း) ရဲ့ မူလနေထိုင်ရာဒေသဟာ နအဖ၏ အုပ်ချုပ်မှုအောက်မှာရှိနေတဲ့ အရပ်ဒေသ အားလုံးတွေဖြစ်ပါတယ်။

ဒုက္ခသည်တွေဟာ နအဖအုပ်ချုပ်သည့်ဒေသမှ ထွက်ပြေးပြီး KNU ဒေသမှာ၎င်း၊ KNU ၏ ဒေသ ကိုဖြတ်ပြီးနယ်စပ် ဒုက္ခသည်စခန်းကို သွားရောက်ခိုလှုံတာကိုကြည့်ခြင်းအားဖြင် ဒုက္ခသည်ထွက်ပြေးရ
သည့် အကြောင်းအရင်းသည် KNU ကြောင့် မဟုတ်တာအရမ်းဘဲ သိသာလွန်းပါတယ်။

ဒီသက်သေပြချက်ဟာ မဟုတ်ဘူးလို့ မျက်စိမှိတ် နားပိတ် ပြီး မင်းကဇွတ်ညင်းချင်ရင် နောက်သာဓက တစ်ခုကြည့်ရအောင်။ မင်းရှေ့တန်း ထွက်တဲ့အခါ ကရင်ရွာ တွေကို ၀င်တဲ့မြင်ကွင်းလေးတွေ ပြန်မြင်ရောင်ကြည့်ပါ။ ရွာတွေကို ကရင်စစ်သားတွေဖြတ်ရင် အားလုံးက အေးဆေး တိတ်ဆိတ်စွာ ပြီးဆုံးသွားတယ်။ အေး..နအဖ စစ်တပ်တွေဝင်ရင်တော့ လူမပြောနဲ့ တရိ စ္ဆန်က အစ
ထွက် ပြေးကြတယ်။ အခုဆိုရင် ထွက်ပြေးတဲ့ဒုက္ခသည်တွေထဲမှာ DKBA ရဲ့အတင်း
အဓမ္မ စစ်သားစုဆောင်းတာကို ကြောက်ပြီး ထွက်ပြေးနေတာအများကြီးဘဲ။ ဒါအပြောမဟုတ်ဘူး လက်တွေ့သက်သေ အချိန်မရွေးပြလို့ရတယ်။ ကရင်ပြည်သူတွေအနေနဲ့ DKBA နှင့် KNU ဘယ်အဖွဲ့ကိုထောက်ခံတယ်ဆိုတာ ရှင်းနေပါတယ်။ ညင်းနေစရာမလိုပါ။ နောက်သာဓကတစ်ခုကို ကြည့်ချင်ရင် www.karenunited.com မှာ မဲပေးထားတဲ့ရလဒ်ကို ကြည့်လိုက်ပါ။ မဲရလဒ် မကြည့်ခင် မျက်မှန်ပြောင်းပြန်မတပ်မိဖို့ သတိပေးပါရစေ။

၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မင်းကိုဘဲ အရင်မေးချင်တယ်၊ မင်းဖြေပြီးမှ ဆက်ဆွေးနွေးကြတာပေါ့။
“ ၂၀၁၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတမှုရှိပါသလား?”
ရှိတယ်ဆိုရင် သက်သေအထောက်အထားနဲ့တင်ပြပေးဖို့ တောင်းဆိုပါတယ်။

ဒီမေးခွန်းတွေမှ မင်းမဖြေနိုင်ရင်တော့ ကွန်ပြူတာရှေ့မှာမထိုင်ရတော့ဘဲ မဲဇာအပို့ခံရနိုင်တယ်၊ ဒါကြောင့် ကြိုးစားဖြေကြပါကွာ။ ငါတို့ကြောင့်ရှေ့တန်းအပို့ခံ ရရင်လည်း ငါတို့ကို အသိပေးဖို့မမေ့နဲ့အုံး။ Posting ကုန်တဲ့အထိ အဆင်ပြေကြည့်လုပ်ပေးပါ့မယ်။

နှစ်သစ်မှာပျော်ရွှင်လျှက်အဆင်ပြေနိုင်ပါစေ....
ဖူးဒို
ဒီဇင်ဘာ ၂၉၊ ၂၀၀၉

No comments:

Post a Comment