ondragstart="return false" onselectstart="return false"

Monday, December 21, 2009

ဖူးဒေါန တိုက်ပွဲအတွေ့ အကြုံအပိုင်း(၃)

ရန်သူသည်နတ်ကြီးမှတဆင့် ၀င်းမောင်းဘက်သို့ တက်လာသည်၊ လမ်းထိုးစက်ကြီးလည်းပါလာသည်။ နောက်တွင်လည်းကားတန်းရှိသည်။ ၄င်းရန်သူလာနိုင်သည့် နေရာတွင် ရဲဘော်အယ်ဒါးနှင့်အဖွဲ့ မှ မိုင်းထောင်ခဲ့ပြီး ရန်သူကိုခါးလည်မှဖြတ်တိုက်ရန် ကျနော်တို့ နေရာယူစောင်ဆိုင်းနေချိန်မှာ ၃နာရီခန့် အကြာတွင် ရန်သူတက်လာပြီဟု စက်မှသတင်းရလျင် သတိကြီးစွာထားပြီး ရန်သူလာမည့်လမ်းတည့်တည့်သို့ ကျနော်၏သေနတ်ကို ထိုးရွယ်လိုက်ပါသည်။

များမကြာမီ ရှေ့ ထွက်ပွိုင့်ကိုစတွေ့ ရပါပြီ၊ တပ်စုတစုလောက်ရှိမည်၊ နောက်တွင် လမ်းထိုးစက်လည်း တအိအိနှင့် လိုက်လာပါသည်။ ရှေထွက်ပွိုင့်နှင့်လမ်းထိုးစက်သည်ကျနော်တို့ ကိုကျော်သွားပြီး နောက်မှလိုက်လာသောတပ်မ ၇၇ စစ်ကြောင်းကို ပစ်ရန်စောင့်ဆိုင်းနေချိန်တွင် ရဲဘော်အယ်ဒါးထောင်ထားသောကားမိုင်းမှာ လမ်းထိုးစက်တက်နင်းမိ၍ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံနှင့်အတူ ကျနော်နှင့်အတူရဲဘော်၂ယောက်ဖြစ်သော ရဲဘော်ဖားတလေးနှင့်ရဲဘော်ဒေစူးခါ တို့ သည်အသင့်ချိန်ရွယ်ထားသော သေနတ်ဖြင့်စတင်ပစ်ချလိုက်သည်။

အတွဲလိုက်ပစ်လိုက်သောကြောင့် ရန်သူ၃ဦးမှာ ပွဲပြီးသွားသည်။ ပျောက်ကျားတိုက်နည်းဖြစ်သောကြောင့် ပစ်ပြီးသည်နှင့်နောက်သို့ အမြန်ရှောင်ထွက်ရသည်။ ရန်သူသည်လည်း ဝေးဝေးမလိုက်နိုင်ပါ။ ကျနော်တို့ ပြေးသောနေရာနှင့် ရန်သူကကျနော်တို့ ကိုပစ်နေသည်မှာ တော်တော်လွဲနေပါသည်။ မည်သို့ ဆိုစေကာမူ ထိုနေ့ တိုက်ပွဲတွင် လက်နက်မရရှိသော်ငြားလည်း လမ်းထိုးစက်တစီးနှင့် စုစုပေါင်းရန်သူ ၄ဦးကိုချေမုန်းနိုင်ခဲ့ပါသည်။

ရန်သူတို့ ၏ဆဲဆိုသံသည်လည်း မာတင်းလျက်ခတ်ဝေးဝေးမှကြားနေရသည်။ ထို့ နောက်သတ်မှတ်ထာသော နေရာသို့ အရောက်ပြန်လာကြပါသည်။ ရန်သူသည်လည်းကျနော်တို့ အင်အားမည်မျှရှိသည်ကို မရိပ်မိပါ။ ထိုကဲ့သို့ ရန်သူအထိနာသောကြောင့် ရန်သူတို့ စစ်ကြောင်းရွာထဲသို့ ဝင်လျင် ပေါ်တာဖမ်း၊တွေ့ သမျှကြက်၊ဘဲ တွေကိုလိုက်ဖမ်းစားသောက် ပါတော့သည်။

No comments:

Post a Comment