ondragstart="return false" onselectstart="return false"

Wednesday, December 2, 2009

အမည်မသိ လက်နက်ကိုင်တစု ပင်လုံမြို့ ရာအိမ်မှူးတဦးအား ပြန်ပေးဆွဲ

အင်္ဂါနေ့၊ 01 ဒီဇင်ဘာလ 2009 သျှမ်းသံတော်ဆင့်

စာချုပ်မြို့တော် ပင်လုံ ရာအိမ်မှူးတဦးအား အမည်မသိ လက်နက်ကိုင်လူတစုက ညသန်းခေါင်ကျော်အချိန် ၀င်ယောက် ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျပ်သိန်းရာချီပြန်ရွေးရန် မိသားစုထံ ဆက်ကြေးတောင်းကြောင်း သျှမ်းပြည်တောင်ပိုင်း သတင်း ရပ်ကွက် ကပြောပါသည်။

“သူတို့ပြန်ပေးဆွဲချင်တာက အမှတ် ၁ ရပ်ကွက် ဥက္ကဌ ဦးကျော်ဌေး၊ သူ့အိမ်မှာ ဗမာစစ်သားတွေ ရဲတွေအစောင့်ချ ထား လို့ ရာအိမ်မှူး ဦးကျော်ဝင်းကိုဖမ်းသွားတာ ဖြစ်နိုင်တယ်” - ဟု အသက် ၃၀ အရွယ် ပင်လုံဒေသခံကုန်သည် တဦးက ပြောသည်။

နိုဝင်ဘာ ၁၉ ရက် မနက် ၀၂း၀၀ နာရီခန့် အမည်မသိ လက်နက်ကိုင်တစုက အမှတ် ၁ ရပ်ကွက် (ခေါ်) ဗမာရပ် ရာအိမ်မှူး ဦးကျော်ဝင်း (အောက်ပြည်မှ ပင်လုံသို့ လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကတည်းက လာရောက်နေထိုင်သည့် ဗမာအမျိုးသား) အသက် ၅၀ ကျော်အား ၀င်ရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အထိ ပြန်မလွတ်ပေးသေးဘဲ ကျပ်သိန်း ၁၀၀ ဖြင့်ပြန် ရွေးယူရန် တောင်းထားသည်ဟု သိရပါသည်။

“ကျနော်ကြားသိရတာက ကျပ်သိန်း ၂၀၀ ဖိုး တောင်းတယ်။ သူ့မိသားစုက အဲလောက်အဆင်မပြေဘူး၊ ရပ်ကွက်သူ ရပ်ကွက်သားတွေဆီကဘဲ ပြန်ကောက်မယ်ထင်တာဘဲ” - ဆက်ပြော၏။

သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းချက်အရ လက်နက်ကိုင်အဖွဲ့တို့ ကျပ်ငွေသိန်း ၁၀၀ တောင်းသည်ဟုဆိုသူများ ရှိသကဲ့သို့၊ အချို့ကလည်း ကျပ်သိန်း ၂၀၀ ၊ ၃၀၀ အထိ ပြန်လည်ရွေးယူရန် ဆင့်ဆိုသည်ဟု ပြောသူများလည်းရှိ၏။

“ကျနော်တို့ဘက်ကအဖွဲ့အစည်းစုံတယ်။ PNO လက်ကျန်ပအိုဝ်းတပ်ဖွဲ့တို့၊ ဗမာစစ်သားတို့တွေကဘဲ သျှမ်းစစ်သား ဟန် ဆောင်ပြီး လုပ်တယ်လို့လဲပြောသံထွက်တယ်။ သျှမ်းသူပုန်တွေလို့လဲ ပြောတဲ့သူရှိတယ်။ အဲဒီပြန်ပေးဆွဲအဖွဲ့မှာ လက်နက် အပြည့်အစုံနဲ့ လူ ၁၀ ယောက်လောက်ရှိတယ်လို့ ဦးကျော်ဝင်း မိသားစုဝင်နဲ့ နီးစပ်တဲ့သူတွေကပြောကြ တယ်” - ဟု ဒေသခံ ကုန်သည်အမျိုသမီးငယ် နန်းဆိုင်ခမ်း ကပြော၏။

ဦးကျော်ဝင်းအား ဓါးစာခံအဖြစ်ပြန်ပေးဆွဲရခြင်းမှာ ၄င်းသည် ရယက ဥက္ကဌ ဦးဌေးဝင်း နှင့် ပေါင်းပြီးရပ်ကွက်သူ ရပ်ကွက်သားများ အိုးအိမ်တည်ဆောက်ရာ၌ အခွန်အမြောက်အများ ခြိမ်းခြောက်ငွေညှစ်လေ့ရှိခြင်းကြောင့်ဖြစ်နိုင် သည်ဟု ပြောပါသည်။

ယခုဖြစ်ရပ်ကဲ့သို့ လွန်ခဲ့သည့် ၄-၅ နှစ်ခန့်ကလည်း တရုတ်အမျိုးသမီး တစ်ဦးအား ပြန်ပေးဆွဲအဖွဲ့က ငွေကျပ် ၁၀ သိန်း ဖြင့်ပြန်ရွေးရန်တောင်းဆိုသည်ကို မလိုက်လျောသဖြင့် ထိုဓါးစာခံကို ကောက်ရိုးပုံပေါ် တင်မီးရှို့သတ်လိုက်သည်ဟု လည်း ပင်လုံဒေသခံ ကုန်သည်တစ်ဦးက ပြောပြသည်။

No comments:

Post a Comment