ondragstart="return false" onselectstart="return false"

Saturday, December 26, 2009

လူအခွင့်အရေးချိုးဖေါက်မှုနှင့်တိုက်ပွဲသတင်း

တပ်မဟာ(၁) - သထုံခရိုင်

ဖားအံ့မြို့ နယ၊် ၂၁၊ ၁၂၊ ၂၀၀၉ ရက်နေ့  ခမရ ၄၈ မှ ပွါးဂေါ် ရွာ ဆန် ၅ တင်း၊ ဂရူးစီး ရွာ ဆန် ၅ တင်း အတင်းအကျပ် တောင်းစားပါသည်။

ဘီးလင်းမြို့ နယ်၊ ၂၁၊ ၁၂၊ ၀၉ ရက်နေ့  DKBA မှ ဟဲနရီ ပဒါဒေါ် ရွာသား ၄ ဦး၊ စီးကိုး ရွာသား ၅ ဦးအား အထမ်းသမားပေါ်တာ အဖြစ် ခေါ်ယူ။ ၂၂၊ ၁၂၊ ၀၉ ရက်နေ့ တွင်ဆက်လက်ပြီး ပယ်လယ်နိုရွာသား (၃၀)ဦး၊ ခေါ်ထီးထာရွာ (၂၀)ဦး၊ ခေါ်ထီးခီးရွာ (၂၅)ဦး ၊ အား အထမ်းသမားပေါ်တာ အဖြစ်ဆင့်ခေါ်ပြီး လက်နက်ခဲယမ်းနှင့်ရိက္ခာများအား ကလဲမူထာ အရပ်မှ ဖွေးပွါ အရပ်သို့ ပို့ ခိုင်းသည်။

တပ်မဟာ(၂) - တောင်ငူခရိုင်

၂၃၊ ၁၂၊ ၀၉ ရက်နေ့  ၁၁း၁၅ နာရီ အချိန်၌ ကျနော်တို့ တပ်မှ နအဖ စစ်တပ်အား မူးဒေးနှင့်ဖွီးဒေး နယ်မြေ၌ ရိက္ခာပို့ ချိန်တွင် တကြိမ် ၀င်ရောက်ပစ်ခတ်၇န် နအဖ တပ်မှ (၅)ဦးဒဏ်ရာရ။
၂၄။ ၁၂၊ ၀၉ ရက်နေ့  ၁၃း၀၀ နာရီ အချိန်၌ ဆောဝါဒါးနယ်မြေ နာထီးဟိုး ၌ တကြိမ်ပျောက်ကြားပစ်ရန် နအဖ တပ် (၁)ဦး ဒဏ်ရာရ။

ထန်းတပင်မြို့ နယ်၊ ၂၄၊ ၁၂၊ ၀၉ ရက်နေ့  စကခ(၇) ဖလေးဆာလိုအခြေစိုက် နအဖ တပ်များက ဖလေးဆာလိုရွာသား ကျား(၂၈)ဦး မ(၂၆)ဦး၊ ယာလိုရွာသား ကျား(၁)ဦး မ(၄)ဦး၊ ပလောဘောဒါးရွာ ကျား(၁)ဦး မ(၂)ဦး၊ လေးဟိုလိုပေါ်ဖ ရွာ ကျား(၉)ဦး မ(၆)ဦးအား နအဖတပ် ထီးမူထါ စခန်းမှ ပလေးဆာလိုစခန်းသို့  စားနပ်ရိက္ခာများကို ရွာသားများအား အထမ်းသမားအဖြစ်သယ်ပို့ ခိုင်း။

တပ်မဟာ(၃) - ညောင်လေးပင်ခရိုင်

ကျောက်ကြီးမြို့ နယ်၊ ကေအဲန်အယ်လ်အေ တပ်ရင်း(၉) နယ်မြေ၊ ၁၂၊ ၁၂၊ ၀၉ ရက်နေ့  နအဖတပ် ခမရ (၅၉၉) ဗိုလ်မှူးအောင်ကိုဦး မှ ပါတလါရွာ၊ သူးကဘီးရွာ၊ နိုဂေါ်ရွာ၊ ၀ယ်လာတောရွာ သား တို့  အား တအိမ်တဦးဆင့်ခေါ်ပြီး ဖဲထယ်ထူနှင့်ဘုရာလေးကုန်း အ၇ပ်တွင် နအဖ တပ်စခန်း ဆောက်လုပ်ခိုင်း။ ၁၄၊ ၁၂၊ ၀၉ ရက်နေ့ မှ စ၍ ယနေ့ အချိန်အထိ ခိုင်းစေမှုများ မပြီးသေးပါ။

တပ်မဟာ(၅) - ဖာပွန်ခရိုင်

၂၀၊ ၁၂၊ ၀၉ ရက်နေ့  နအဖ တပ်အား ဖိုဒေး အရပ်၌ တကြိမ်ပစ်ခတ်ရန် ထိခိုက်ဒဏ်ရာရ မသိရ၊ ထိုနေ့  ၁၁း၁၅ နာရီ အချိန်၌ ထီးဘွေဒေး၌ တကြိမ်ပစ်ခတ်ရာ နအဖတပ်(၁)ဦးဒဏ်ရာရ။ ၁၁း၀၀ နာရီ အချိန်တွင်လည်း စိုးလူ အရပ်၌ တကြိမ်ပစ်ခတ်ရန် ထိခိုက်ဒဏ်ရာရမှု မသိရ။

၂၁၊ ၁၂၊ ၀၉ ရက်နေ့  ထိုကီဒေး အရပ်၌ နအဖ တပ်အား တကြိမ် ပျောက်ကြား ပစ်ခတ်ရာ ထိခိုက်ဒဏ်ရာရမှု မသိရ၊ တရက်တည်းမှာပင် ဟိုးကြိုးအရပ်၌ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ တစ်ပွဲဖြစ်ရာ နအဖ တပ်မှ (၁)ဦးသေ။ ထိုနေ့ မှာ ဆက်လက်ပြီး နားပယ်ခို အရပ်၌ တကြိမ်ပစ်ခတ်ရာ နအဖ တပ်(၁)ဦးသေ။ ထိုနေ့ မှာပင် ကျနော်တို့ တပ်မှ ပူဒိုပူလေးထာ/ကမော်လိုစီဒေး နယ်မြေတွင် သုံးကြိမ် သွားရောက်ပစ်ခတ်ရန် နအဖတပ်မှ ထိခိုက်ဒဏ်ရာရမှု မသိရသေး။

၂၂၊ ၁၂၊ ၀၉ ရက်နေ့  ကျနော်တို့ တပ်မှ မူနွယ် အရပ်၌တကြိမ်ပစ်ခတ်ရန် နအဖ တပ်(၄)ဦးသေ။ ထိုနေ့ မှာပင် ကော်သူဒိုး အရပ်၌ တကြိမ် ပျောက်ကြားပစ်ခတ်ရာ နအဖတပ်မှ (၁)ဦး ဒဏ်ရာရ။ ၀၈း၂၄ နာရီအချိန်၌ တခေါ်ဘလော်ဘာဒေး/သေမူဒါး နယ်မြေ တွင် ၀င်ရောက်ပျောက်ကြားပစ်ခတ်ရန် နအဖ တပ်ထိခိုက်သေဆုံးမှု မသိရ၊ ထိုနေ့  ၁၄း၄၀ နာရီ အချိန်၌ ကျနော်တို့ တပ်မဟာ(၅)နှင့်တပ်မဟာ(၃) ပူးပေါင်းတပ် ရန်သူအား ထီးမွီးအရပ်၌ စောင့်ပစ်ရန် နအဖ တပ်မှ(၁)ဦးသေ။ လက်နက်(၅)လက် သိမ်းဆည်းရမိ။ ၄င်းတို့ မှာ MA-3 (၃ လက်)၊ MA-2 (၁ လက်)၊ ကာဘိုင် (၁ လက်)၊ ကျည်ကပ် ၇ ချပ်၊ ကျည်တောင့် ၂၉၂ တောင့်၊ အင်ကွင်းမင့်တစ်စုံ၊ ယူနီးဖေါင်း ၂ စုံ။

၂၃၊ ၁၂၊ ၀၉ ရက်နေ့ ဆာလော်ပူခေးပူ အရပ်၌ တကြိမ်ပစ်ခတ်ရာ နအဖတပ်မှ ထိခိုက်မှုမသိ။ ၄င်းနေ့မှာ ပင် ဒေးလော်ခို အရပ်၌ (၆)ကြိမ် ပစ်ခတ်ရန် နအဖ တပ်မ (၆)ဦးဒဏ်ရရ။

မှတ်ချက်။ ။ ကေအဲန်ယူ ရုံးထုတ်ပြန်ချက်မှ ဘာသာပြန်ဆိုသည်။

December [1]. 26. 09

No comments:

Post a Comment