ondragstart="return false" onselectstart="return false"

Friday, December 25, 2009

သောသီခို Cbox မှ Zeal kyi နှင့် ကရင်တိုင်းရင်းသားဖူးဒို၏ဆွေးနွေးချက် (၁)

သောသီခို စီဘောတွင် ၀င်ရောက်ဆွေးနွေးကြသော Zeal kyi, Sawgyi, AZ, Zeal, Lazyboy, Gawmoora, တို့ အားအထူးကျေးဇူးတင်ပါကြောင်း၊ ယခုပို့ စ်သည် Zeal kyi ၏ဆွေးနွေးချက်များကို ပြန်လည်ဝင်ရောက် ဆွေးနွေးသော ဖူးဒို၏ ဆွေးနွေးချက်များဖြစ်ပါသည်။ Zeal kyi ၏ ဆွေးနွေးမှုများကို တချက်ချင်းပြန်လည် ထောက်ပြ၍ အီးမေးမှ တဆင့် ပေးပို့ လာသော ဖူးဒိုအား သောသီခို အဖွဲ့ သားများ အထူးကျေးဇူးတင်ပါကြောင်းမှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

Zeal kyi ၏ စွပ်စွဲမှု ကို ကျနော်တို့ သောသီခို အဖွဲ့ သားများအနေဖြင့် အချက်တချက်ကိုပဲ ထောက်ပြပါရစေ။“အဓိပါယ်မရှိမရေရာတဲ့စကားလုံးတွေနဲ့ KNU ရဲ့ ဘရိန်းဝက် လုပ်ခံထားနေရတယ်ဆိုတာ သိသာလွန်းပါတယ်” ဆိုတဲ့ စကားစုကိုပါ။ ပွင်းပွင်းလင်းလင်းပဲပြောလိုက်မယ်…သောသီခို အဖွဲ့ သားတွေအားလုံးဟာ..ကရင်စာနဲ့  ကရင်စကားကို ကောင်းမွန်စွာ တစ်ယောက်မှ မတတ်ပါ။ ကရင်စာပေတတ်မြောက်သူတို့ သည် ကေအဲန်ယူ ထိန်းချူပ်မှုအောက်တွေ ကြီးပြင်းလာသူ နှင့် ဘာသာရေးကြောင်းများနှင့်နီးစပ်သော ကရင်များသာလျှင် ကရင်စာပေဘာသာစကားကို ကောင်းမွန်စွာ ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်ကြပါသည်။ ကျနော်တို့ အဖွဲ့ သားများသည် ရန်ကုန်၊ မြစ်ဝှမ်းကျွန်းပေါ်၊ တောင်ငူ၊ ပဲခူး၊ မိတ္တီလာ၊ မြစ်ကြီးနား၊ ပျဉ်းမနား ရေဆင်း စသဖြင့် ထိုအရပ်၌ ကြီးပြင်းလာသူများဖြစ်ပါသည်။ ဗမာလူမျိုးများ အကြားမှာ ကြီးပြင်းလာတဲ့သူတွေပါခင်ဗျား…ရန်ကုန်မြို့ ရဲ့ ဆင်ခြေဖုန်း ဂျောင်ဂျို ဂျောင်ကြားတွေမှာ ဘာတွေရှိသလဲ ကြိုက်ဒါမေး ဖြေပေးမယ်ဗျာ….မြန်မာစာနဲ့ မြန်မာ့သမိုင်းဖတ်စာအုပ်တွေကို ငယ်ငယ်ကတည်းက မျက်စိမှိတ် နားပိတ်ပြီး တရွတ်တိုက် အလွတ်ကျက်လာခဲ့ကြတဲ့သူတွေပါ ခင်ဗျား..ဒီလိုဆိုရင်ဖြင့် ကေအဲန်ယူရဲ့ ဘရိန်းဝက် ခံလာခဲသူတွေလား (သို့ ) မဆလ၊နအဖ မင်းတို့ တွေရဲ့ ဘရိန်းဝက် ခံလာရသူတွေလါး ဆိုဒါ ကိုယ့်ဟာကိုယ်ပြန်စဉ်းစားကြည့်ပါ။ ကျနော်တို့ တွေဟာ မဟာဗမာဝါဒ မှိုင်းမိပြီး ရုန်းမထွက်နိုင်သော ကျနော်တို့  လူမျိုးတွေကို အမြင်မှန်ပြန်လည်ရရှိလာရာ ယနေ့  အမှန်တရားအတွက် ကိုယ့်ကို Brain wash လုပ်သူတွေကို ပြန်ပြီး တော်လှန်တိုက်ပွဲဝင်သူတွေ ဖြစ်ပါကြောင်း ပြောကြားလိုပါသည်။

ဖူးဒို၏ ဆွေးနွေးမှုများကို အောက်တွင် ဖတ်ရှုနိုင်ပါသည်။

သောသီခို Cbox မှ Zeal kyi နှင့် ကရင်တိုင်းရင်းသားဖူးဒို၏ဆွေးနွေးချက် (၁)

Zeal kyi: နယ်ခြားစောင့်အနေနဲ့ပြန်ပြီးတာဝန်ထမ်းဆောင်ရတာဘယ်လောက်ကောင်းလဲ
ကရင်ပြည်သူတွေလည်းဘယ်လောက်စိတ်ချမ်းသာလဲ?ဘယ်လောက်ငြိမ်းချမ်းလဲ?
မင်းတို့ပြောနေတဲ့ ဗမာစစ်သားလည်းကရင်ပြည်နယ်ထဲလာစရာလည်းအကြောင်းမရှိဘူး
ချွင်းချက်အနေနဲ့တပ်တစ်ခုမှအယောက်၃၀ကလွဲပြီးဘယ်စစ်သားမှအားအားရားရားလာနေမှာမဟုတ်ဘူး
အယောက်၃၀ကလွဲပြီးဘယ်စစ်သားမှအားအားရားရားလာနေမှာမဟုတ်ဘူး


ဖူးဒို။ ။ နယ်ခြားစောင့်အနေနဲ့ပြန်ပြီးတာဝန်ထမ်းဆောင်ရတာဘယ်လောက်ကောင်းလဲ၊ ဟုတ်လား
သန်းရွှေလည်းကြည်နူး ကြိုင်ကြိုင်လည်းပီတိ နအဖ စစ်သားတွေလည်း သေချင်းဆိုးနဲ့ သေရတာ နည်းသွားရင်
ဘယ်လောက်ကောင်းမလဲ။ ဟုတ်ကဲ့ ဆက်ကြိုးစားပါ Zeal Kyi။ မင်းရဲ့ကြိုးစားမူကို လေးစားတဲ့အနေနဲ့ နယ်ခြားစောင့်တပ်ကိုထောက်ခံမယ်။ လိုအပ်ရင် ပြည်ပရောက်ကရင်တွေစုစည်းပြီး အဲဒီတပ်မှာ အနိမ့်ဆုံးအဆင့် တပ်သားက စပြီးဝင်လုပ်မည်။ နိုင်ငံခြားမှာ ရခဲ့တဲ့ ဘွဲ့တွေ၊ ဘွဲ့လွန်တွေ အသိအမှတ်ပြုစရာမလိုဘူး။ မင်းတို့ နအဖ ကို ပြန်မတိုက်ဖို့လည်း လက်မှတ်ထိုးမယ်ကွာ။ အေး ငါတို့ဖက်က လိုချင်တာက နယ်ခြားစောင့်တပ်ဆိုတဲ့ ကြာအင်းလက္ခဏာ၊ လုပ်ပိုင်ခွင့် အာဏာ အပြည့်အ၀ရှိရမယ်။ ကရင်ပြည် နယ်တစ်ခုလုံးကို အုပ်ချုပ်ဖို့လည်းမတောင်းဆိုဘူး။ “နယ်ခြားစောင့်တပ်” ဆိုတဲ့
အတိုင်း နယ်စပ်တခါးပေါက်တွေဖြစ်တဲ့ မြ၀တီဂိတ်၊ ဘုရားသုံးဆူဂိတ်၊ နယ်စပ်၏အရေးပါတဲ့ ဘားအံ-မြ၀တီ ကားလမ်း၊ ဘားအံ-မော်လမြိုင်လမ်း၊ ဘားအံတံတား၊ မော်လမြိုင်တံတား တွေကို ရာနှုန်းပြည့် အုပ်ချုပ်ပြီး လုံခြုံရေးယူမယ်။ မင်းပြောတဲ့  “ ဗမာစစ်သားလည်းကရင်ပြည်နယ်ထဲလာစရာလည်းအကြောင်းမရှိဘူး” ဆိုတဲ့အတိုင်း အခုပြောတဲ့ နေရာကနေပြီး မင်းတို့နအဖ ရဲ့အုပ်ချုပ်ရေးကို အခု နယ်ခြားစောင့်တပ် (ယခင် DKBA) ကို အပြည့်အ၀အပ်လိုက်ရင် ငါတို့ကရင်ပြည်သူတွေ မင်းတို့ပြောတဲ့ နယ်ခြားစောင့်တပ်ကို ရာနှုန်းပြည့်ကြိုဆိုမယ်။ အဲဒါဆိုရင်ကျန်တဲ့လက်နက်ကိုင်အဖွဲ့တွေလည်းပြန်ဝင်လာမယ်။ အဲဒီအခါကြရင် ကရင်ပြည်နယ်တစ်ခုတည်းမကဘူး မြန်မာပြည် တစ်ခုလုံးလည်း အေးချမ်းသွားလိမ့်မယ်။ ဘယ်လိုလဲ?။ မင်းအဆိုပြုတဲ့အတိုင်း ငါတို့ဖက်ကလျှော့တယ်ကွာ။ မြန်မာပြည်ကို တကယ်ငြိမ်းချမ်းစေချင်တယ် ဆိုရင်ကျေလည်အောင် ဆက်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။


Zeal kyi:ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြည်နယ်လည်းရပြီ နအဖကိုမယုံကြည်လို့ပဲဖြစ်ဖြစ် လက်နက်ကိုင်ချင်လို့ပဲဖြစ်ဖြစ်
လက်နက်ကိုင်ပြီးကိုယ့်ပြည်နယ်တင်မှာပဲငြိမ်းချမ်းစွာတာဝန်ထမ်းဆောင်ရတာဘယ်လောက်ကောင်းလဲ
ကိုယ်ပိုင်ပြည်နယ်အုပ်ချုပ်ခွင့်လဲရ ကိုယ့်လူမျိုးကိုမိမိတို့ကိုယ်တိုင် ငြိမ်းချမ်းစွာနဲ့အနီးကပ်ကာကွယ်ခွင့်
တဲ့အတွက်ဒီထက်ကောင်းတဲ့နည်းလမ်းဘယ်မှာရှိပါအံ့။

ဖူးဒို။ ။ မင်းပြောတဲ့ “ကိုယ်ပိုင်အုပ်ချုပ်ခွင့်” ဆိုတာဘာလဲ? ပင်လုံစာချုပ်ထက် တစ်ဆင့်နိမ့်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးခဲ့ရင် ငါတို့နောက်မှ လွတ်လပ်ရေး ရခဲ့တဲ့ မလေးရှား၊ စင်္ကာပူ ထက် အများကြီးသာနေပြီ။ မင်းပြောတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးကို အခုပေးမယ်ဆိုရင် KNU မကဘူး ကျန်တဲ့ တိုင်းရေးသားတွေရဲ့ လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို စွန့်လွှတ်ဖို့ လုံးဝသေချာနေပြီ။ မင်းတို့ နအဖ ဘာဆက်လုပ်မလဲ?

Zeal kyi: နိုင်ငံတကာစည်းမျဉ်းတိုင်းလည်းဖြစ် ကရင်လူထုတွေလိုချင်တဲ့ပုံစံလည်းဖြစ်တော့ ဒီနည်းလမ်းဟာအကောင်းဆုံးဖြစ်တယ်ဆက်ပြီးခေါင်းမာနေရင်တော့ ကရင်လူကိုချစ်ရာကနေ နှစ်ရာဖြစ်နေတဲ့ဘ၀ရောက်နေအုံးမှာပဲ(ပမာပြည်မှာရှိနေတဲ့တိုင်းရင်းသား အားလုံးဟာတနေ့ကျရင် ပျောက်သွား စေရမယ်ဆိုတာ ပမာတွေရဲ အဓိကရည်မှန်းချက်ပါ။နေအုံးမှာမလွဲဧကန်ပင်)

ဖူးဒို။ ။ “နိုင်ငံတကာစည်းမျဉ်း” ဆိုတဲ့စကားလုံး မင်းဆီကကြားရတော့ အတိုင်းအတာတစ်ခုထိ မင်းကိုအသိမှတ်
ပြုလေးစားတယ်။ တို့တွေရဲ့မြန်မာပြည် အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်အောင် “လူ့အခွင့်အရေး၊ ခလေးငယ်
များ အမျိုးသမီးများအခွင့်အရေး၊ အလုပ်သမားအခွင့်အရေးကို မင်းပြောတဲ့ “နိုင်ငံတကာစည်းမျဉ်း” တိုင်း
အရင်ဖော်ဆောင်ရအောင်လား။ အဲဒီအတွက်ပါဝင်ဖို့ ငါတို့ဖက်က ရာနှုန်းပြည့် အဆင်သင့်ရှိတယ်ကွာ။
“ဒီနည်းလမ်းဟာအကောင်းဆုံးဖြစ်တယ်” ဆိုတဲ့မင်းအဆိုပြုချက်ကို ငါတို့ဖက်က လက်ခံမယ်ကွာ။
မင်းတို့လိုချင်တာပေးမယ်ဆိုပြီး ပါးစပ်ပြောနဲ့ သတ်ကွင်းထဲခေါ်လို့မရဘူးလေ။ ဦးနု ခေတ်ကလိမ်ခဲ့တယ်၊
နေ၀င်းခေတ်ကလည်းလိမ်ခဲ့တယ်၊ ခင်ညွန့် တုံးကလည်း လိမ်ခဲ့တယ်။ မင်းတို့ထပ်လိမ်ဖို့ မကြိုးစားနဲ့တော့။
လိမ်လို့မရတော့ဘူး။ မင်းတို့ပြောထားတဲ့ Road map ၇ဆင့်ကို အောင်မြင်အောင် အရည်အချင်းပြပြီး
ဖေါ်ဆောင်ပါ။

Zeal kyiး အဓိပါယ်မရှိမရေရာတဲ့စကားလုံးတွေနဲ့ KNU ရဲ့ ဘရိန်းဝက် လုပ်ခံထားနေရတယ်ဆိုတာ
သိသာလွန်းပါတယ်ြပည်ထောင်စုစိတ်ဓာတ်နဲ့တိုင်းရင်းအားလုံးစည်းလုံးဖို့အတွက် အတွက် ငြိမ်းချမ်းစွာ
လုပ်ဆောင်တဲ့ ဗမာအပါဝင်တိုင်းရင်းသားအားလုံးကို အားပေး : ချီးမြှောက်နေတာ လက်တွေ့သာဓက
တွေနဲ့ပါ ဦးနှောက်မဲ့တဲ့စကားတွေမဆိုသင့်ပါဘူး ကရင်လူထုအတွက်ဆိုပြီးပြောနေတဲ့ KNUရဲ့တော်လှန်ရေး
ဆိုတဲ့အရာကြီးအဓွန့်ရှည်နေလျှင်ဝမ်းသာနေတဲ့သူတွေကသူတို့အတွက်အကျိုးရှိလို့ ငြိမ်းချမ်းရေးကိုမလုပ်ခိုင်းတာ သူတို့က နအဖနဲ့မတည့်လေ ၀မ်းသာလေဆိုတဲ့လူစားမျိုးတွေပါ သူတို့အကျိုးရှိဝမ်းသာနေပေမယ့် ကရင်လူမျိုးတွေကတော့ ဒုက္ခပေါင်းမျိုးစုံခံစားနေရတယ်ဆိုတာလက်တွေ့ပဲ နယ်ခြားစောင့်လုပ်ရင် နအဖက တစ်ကောင်ချင်းရိုက်သတ်ပစ်မယ် ဘာဖြစ်မယ်ညာဖြစ်မယ်ဆိုပြီး KNUရဲ့အခြေမြစ်မရှိတောင်စဉ်ရေမရတဲ့ စကားတွေကိုယုံနေလျှင်တော့ ကရင်ပြည်နယ်ကြီးက ဘယ်သောအခါမှငြိမ်းချမ်းမှာမဟုတ်။

ဖူးဒို။ ။ KNU က Brain wash လုပ်နေတဲ့သာဓက၊ အထောက်အထားရှိရင်ပြောစမ်းပါ။ အသံလွင့်ရုံမပြောနဲ့ website တောင်မလုပ်ထားဘူး။ ပြီးတော့ KNU အ၀င်အထွက်နဲ့ထိတွေ့တဲ့ ကရင်လူဦးရေဟာ ကရင်တစ်မျိုးသားလုံး၁၀% တောင်မရှိဘူး။ ဆိုတော့ မင်းပြောတဲ့စကားကို မင်းဘဲလင်းစမ်းပါအုံး။ KNU က၀ါဒဖြန့်ချီရေး၊ သတင်းမီဒီ ယာလုပ်ငန်းမရှိဘဲနဲ့ ကရင်လူမျိုးအများစု ရဲ့ထောက်ခံမှုကိုရနေတာ မောင်ရင်တို့သဘောပေါက်ပါ။

”ပြည်ထောင်စုစိတ်ဓာတ်နဲ့တိုင်းရင်းအားလုံးစည်းလုံးဖို့အတွက်” ကိုပြောတဲ့မင်းရဲ့စကားကို ကြိုဆိုပါတယ်။
ပြည်ထောင်စုစိတ်ဓါတ်ဆိုတဲ့အတိုင်း “ ပင်လုံစာချုပ်သဘောတူညီမှု” ကို ဆက်ပြောပါလားမောင် Zeal kyi။
မင်းပြောတဲ့ “တိုင်းရင်းသားစည်းလုံးဖို့အတွက်” ကို တကယ်တမ်းဦးထိတ်ထားတယ်ဆိုရင်- မြန်မာပြည်တွင်း
မှာ တိုင်းရင်းသားတွေကို ဘာလို့ခွဲခြားထားလဲ။ အထောက်အထားကြည့်ချင်ရင် ဒီလင့်ခ် http://thawthikho.blogspot.com/2009/09/c-box-cadet_25.html မှာ ဖတ်ပြီးပြန်ရှင်း နိုင်ပါတယ်။

“ကရင် လူမျိုးတွေကတော့ ဒုက္ခပေါင်းမျိုးစုံခံစားနေရတယ်” လို့မင်းပြောတယ်နော်။ အဲဒီဒုက္ခ ပေါင်းစုံဟာ
နအဖ ဆီကဘဲရနေတာ။ မုဒိန်းကျင့်၊ လူသတ်၊ ရွာမီးရှို့၊ ရွာပြောင်း၊ ယာခင်းတွေကိုဖျက်ဆီး၊ လုယက်
အနိုင်ကျင့်နေတာ နအဖ စစ်ဗိုလ် နှင့် စစ်သားတွေဘဲ။ ဒီတော့အချေအမြစ်မရှိတဲ့စကားကို ဘယ်သူပြော
နေတယ်ဆိုတာ ရှင်းပါတယ်နော်။

ဘာဘဲဖြစ်ဖြစ်ကွာ၊ မြန်မာပြည်ကို မင်းတို့ပြောသလို အေးချမ်းပြီးဖွံ့ဖြိုးတိုးတက်အောင် ဆန္ဒရှိ ရင်
အပြုသဘောဆောင်ပြီးဆက်ဆွေးနွေးစေချင်ပါတယ်။ ငါတို့ဖက်ကတော့ မင်းကို ရန်သူ လို့သဘော
မထားဘူး။ ငြိမ်းချမ်းရေးကို လိုချင်သူဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးဆိုတာ “ ဆွေးနွေးပွဲကစတယ်”
ဆိုတာ လက်ခံထားတယ်။

အားလုံးကို လေးစားလျှက်...

ဖူးဒို
ဒီဇင်ဘာ ၂၅ ရက် ၂၀၀၉။

No comments:

Post a Comment