ondragstart="return false" onselectstart="return false"

Saturday, December 19, 2009

လူ့ အခွင့်အရေးချိုးဖေါက်မှု နှင့် တိုက်ပွဲသတင်း

သထုံခရိုင် - တပ်မဟာ(၁)

၁၀၊ ၁၂၊ ၂၀၀၉ ရက်နေ့ တွင် ဒီကေဘီအေ ၃၃၃ မှ ဖါးကဲရဲ သည် ဘီးလင်းမြို့ နယ် ပဒါတော်ရွာသားများအား တရက်လျှင် (၅)ဦးစီ ဒီကေဘီအေအတွက် အလုပ်လာလုပ်ခိုင်းသည်။ သွားမလုပ်ပေးရင် နေ၍ မရပါ။

ဖားအံ့မြို့ နယ်ရှိ နိုလော်ပလောရွာ၌ ကရင်နှစ်သစ်ကူးကျင်းပသောအခါ ဒီကေဘီအေ သောမန မှ ငွေ ၂၀၀၀၀ ကျပ် တောင်းယူပါသည်။

ဖာပွန်ခရိုင် - တပ်မဟာ(၅)

KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် နအဖ + ဒီကေဘီအေ တပ်တို့ တိုက်ပွဲများ ဖြစ်ပွားရာတွင်

၎၊ ၁၂၊ ၀၉ ရက်နေ့  ဖလားခို တွင်တကြိမ် နအဖ တပ်မှ (၁)ဦး ဒဏ်ရာရ၊ ထို့ နေ့ မှာပင် ဆောဆေးဒေး၌ တကြိမ် ထပ်ပစ်ရန် နအဖ တပ်မှ (၁)ဦး ဒဏ်ရာရ။

၅၊ ၁၂၊ ၀၉ ရက်နေ့  ပနာလိုးခို တွင်တိုက်ပွဲဖြစ်ရာ ဒီကေဘီအေ တဦး ခြေပြတ်၊ တဆက်တည်း တဘူးကျိုး နဲ့ တိုက်ပွဲဖြစ်ရန် နအဖ တပ်မှ (၁)ဦး ဒဏ်ရာရ၊ ထိုနေ့ မှာပင် ထီးထော်ပယ်စေးဒေး အရပ်၌ ၀၇း၀၀ နာရီးအချိန် ရင်ဆိုင်တိုက်ပွဲဖြစ်ရာ နအဖ တပ်မှ (၁)ဦးသေ။

၇၊ ၁၂၊ ၀၉ ရက်နေ့ မူဒွယ်ဒေး၌ တိုက်ပွဲဖြစ်ရန် ရန်သူ မြင်းတကောင်ထိ၊

၁၀၊ ၁၂၊ ၀၉ ရက်နေ့ တွင် နအဖ တပ်များအား ဆိုကျိုး ဒေသ၌ ဆွဲ ပစ် တိုက်ခိုက်ရန်တွင် နအဖ တပ်မှ (၄)ဦးသေ (၂)ဦး ဒဏ်ရာရ။

၁၁၊ ၁၂၊ ၀၉ ရက်နေ့  ဆိုကျိုး အရပ်၌ ပျောက်ကြားပစ်ခတ်ရန် နအဖ တပ်မှ(၁)ဦး ဒဏ်ရာရ။

၁၂၊ ၁၂၊ ၀၉ ရက်နေ့  အထူးပျောက်ကြား တပ်ဖွဲ့ တစ်စုမှ ရန်သူအား တခေါ်ဒိုဘောကျိုး၌ ပစ်ခတ်ရန် နအဖ တပ်မှ (၂)ဦး ဒဏ်ရာရ။ ထိုနေ့ မှာပင် ဒီကေဘီအေ တပ်နှင့် ကျိုးဒေး ရွာနံဘေး တွင်ရင်ဆိုင်တိုက်ပွဲ ဖြစ်ရာ ဒီကေဘီအေ တပ်မှ (၂)ဦး သေ။

၁၄၊ ၁၂၊ ၀၉ ရက်နေ လိုထောကျိုး ၌တိုက်ပွဲ ဖြစ်ရာ နအဖ တပ်မှ (၁) ဒဏ်ရာရ။

၁၆၊ ၁၂၊ ၀၉ ရက်နေ့  မိပယ်တူ အရပ်၌ ပျောက်ကြားပစ်ခတ်ရာ နအဖ တပ်မှ (၁)ဦးသေ။

၁၇၊ ၁၂၊ ၀၉ ရက်နေ့ ၀၇း၄၀ အချိန်တွင် ဟော်ဒေးစော်ပေခီး နယ်မြေ၌ ရန်သူအားပစ်ခတ်ရန် နအဖတပ်မှ (၆)ဦးသေ။

ဒူးပလာယာခရိုင် - တပ်မဟာ(၆)

၁၇၊ ၁၂၊ ၀၉ ရက်နေ့  ဒီကေဘီအေ တပ်ရင်း ၉၀၆ မှ (၆)ယောက်သည် KNLA တပ်ရင်း ၁၇ သို့  လက်နက်ချ ၀င်ရောက်လာ။ ၄င်းတို့ နှင့်အတူ ပါလာသော လက်နက်များမှာ M 79 တလက် အသီး ၃၀ လုံး၊ M 16 (၃)လက် ကျည်ထောင့် ၃၀၀၊ MA 3 တလက် ကျည်တောင့် ၁၀၀၊ AK တလက် ကျည်တောင့် ၁၀၀၊ ၄င်းတို့ မှာ (၁)စောဘီဘေး (၂၃ နှစ် - တပ်စုမှူး)၊ (၂) စောစိုးမိုး (၂၈နှစ် - တပ်ကြပ်ကြီး)၊ (၃) စောသားလေး(၁၉နှစ် - တပ်သား)၊ (၄)စောမျိုးထွန်း (၁၄နှစ် - တပ်သား)၊ (၅)စောသဲရွှေသိန်း(၁၉နှစ် - တပ်သား)၊ (၆) စောအေးမင်းထွန်း (၁၉နှစ် - တပ်သား)

ဖားအံ့ခရိုင် - တပ်မဟာ(၇)

၁၇၊ ၁၂၊ ၀၉ ရက်နေ့ ၁၇း၀၀ အချိန်၌ ဒီကေဘီအေ တပ်ရင်း(၇) တပ်ခွဲ(၃)မှ တပ်သား နေအောင်(၂၀နှစ်) သည် တပ်မဟာ(၇)သို့ ပြန်လည်ဝင်ရောက်ပူးပေါင်း

မှတ်ချက်။ ။ ကေအဲန်ယူ ကြေးနန်းသတင်းမှ တိုက်ရိုက် ဘာသာပြန်ဆိုသည်။

No comments:

Post a Comment