ondragstart="return false" onselectstart="return false"

Sunday, May 16, 2010

“ “စစ်အစိုးရ အပြောင်းအလဲ (သို့ ) ကိုယ့်လမ်းကိုယ်သွားခြင်း” ”

သက်ဦးမောင်-

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကတ်ကင်းဘဲလ် မြန်မာနိုင်ငံ လာရောက်ပြီး တော်တော်များများနဲ့  တွေ့ ပြီး ပြန်သွားပြီဖြစ်ပါတယ်၊
လက်ထောက်နိုင်ငံခြားရေးဝန်ကြီးရဲ့  ခရီးစဉ်ကို သုံးသပ်ကြည့်မယ်ဆိုရင် မြန်မာ့ အရေးအတွက် အောက်ပါ ထင်ရှားတဲ့ အချက်များကို တွေ့ ရမှာ ဖြစ်ပါတယ်၊

၁၊မြန်မာစစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲသည် တရားဝင် ဖြစ်နိုင်ဘို့ အခွင့် အလမ်း နည်းပါးကြောင်း၊
၂။ မြန်မာစစ်အစိုးရ အနေဖြင့် ကုလ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၈၄၇ ကို လိုက်နာဘို့ လိုကြောင်း၊ မြောက်ကိုရီးယားထံမှ ညူကလီးယားနှင့် အစုလိုက် အပြုံလိုက်သေစေနိုင်သော လက်နက်များ ၀ယ်ယူမှု။ ဆက်သွယ်ဆောင်ရွက်မှုတို့ မပြုလုပ်ရန်လိုကြောင်း၊
၃၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် အစိုးရ အနေနှင့် ဆက်လက်ထောက်ခံကြောင်း၊
စသည်ဖြင့် အမေရိကန် အစိုးရရဲ့ သဘောထားနဲ့ လိုလားချက်တို့ကို ထုတ်ဖေါ် ပြောကြားသွားပါတယ်၊
တဆက်တည်းမှာဘဲ အမေရိကန် အထက်လွတ်တော် အမတ်များက သမ္မတ အိုဘားမား အစိုးရရဲ့ မြန်မာပြည်အပေါ်ထားရှိတဲ့ ချဉ်းကပ် ပျော့ပြောင်းမူဝါဒကို ပြန်လည်သုံးသပ်ပြီး ထိရောက်ပြင်းထန်တဲ့ စီးပွားပိတ်ဆို့မှုတွေကို ဆက်လက်ကျင့် သုံးဘို့ သမ္မတ အိုဘားမား အစိုးရကို ဖိအားပေးခဲ့ပါတယ်၊

အမေရိကန် အစိုးရရဲ့ မြန်မာပြည်အပေါ်ထားရှိတဲ့ မူဝါဒဟာ တဘက်က ပျော့ပြောင်းမှုနဲ့ မြန်မာစစ်အစိုးရကို ချဉ်းကပ်မယ်လို့ ပြောပြီး တဘက်ကလည်း ပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ဆက်လက်ကျင့်သုံးမယ်လို့ ဆိုပါတယ်၊ ဒီအချက်တွေကို အကောင်အထည်ဖေါ်ရာမှာ မစ္စတာ ကင်းဘဲလ်ရဲ့ မြန်မာပြည်ခရီးစဉ်က ခြောက်လအတွင်း နှစ်ကြိမ်ရှိခဲ့ပြီး စစ်အစိုးရ ၀န်ကြီးချုပ်နဲ့ အခြားဝန်ကြီးအချို့နဲ့ဘဲ တွေ့ဆုံခွင့် ရခဲ့ပါတယ်၊



ဒီင်္ခရီးစဉ်အပြီးမှာ မစ္စတာ ကင်းဘဲလ်ဟာ တရုပ်နိုင်ငံကို သွားရောက်ပြီး တရုပ်အစိုးရ တာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေး နွေးရာမှာ မြန်မာ့အရေးကို ထည့်သွင်း ဆွေးနွေးမယ်လို့လဲ သတင်း ထွက်ပေါ်နေပါတယ်၊

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အမေရိကန် လက်ထောက်နိုင် ငံခြားရေး ၀န်ကြီးကို စစ်အစိုးရ ကျင်းပမဲ့ ရွေးကောက် ပွဲဟာ တရားမျှတမှု မရှိဘဲ တဘက် သတ် ကျင်းပ လုပ်ဆောင်တာ ဖြစ်တဲ့ အတွက် ရွေးကောက်ပွဲက ထွက်လာမဲ့ ရလာဒ်ကို အသိအမှတ် မပြု သင့်ကြောင်း စစ်အစိုးရ အပေါ် ပြင်းထန်တဲ့ သဘောထား ရှိတယ်လို့ သတ်မှတ်ခံရတဲ့ အင်န်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦ၀င်းတင်က တောင်းဆိုတယ်လို့ သတင်းတွေမှာ ဖတ်ရပါတယ်၊
မစ္စတာ ကင်းဘဲလ်နဲ့ အမေရိကန် သံရုံးယာယီ တာဝန်ခံ တို့ ထီးမိုးပြီး ဒေါ်စုနဲ့ ဆွေးနွေးနေပုံကိုလဲ ပြည်ပအခြေစိုက် မြန်မာ့မီဒီယာတွေမှာ ဖေါ်ပြထားတာ တွေ့မြင်ရပါတယ်၊

ဒီအချက်တွေကို ထောက်ရှုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်စုအပေါ်မှာ အမေရိကန် အစိုးရက ဘယ်လောက် အလေးပေး ထောက်ခံသလဲ ဆိုတာ ပေါ်လွင်နေပါတယ်၊

မစ္စတာကင်းဘဲလ်ခရီးစဉ်ဟာ နအဖအစိုးရနဲ့ ပါတီအဖွဲ့အစည်းစုံက ပုဂ္ဂိုလ်တွေကို တွေ့ဆုံ။ ပြောတာနားထောင်ပြီး အထူးသဖြင့် ဒေါ်စုနဲ့ သီးသန့်လွတ်လပ်စွာဆွေး နွေးပြီး ဒေါ်စုသဘောထားတွေကို ယူဆောင် သွားနိုင်တာရယ်။ မြန်မာစစ်အစိုးရ ကျင်းပမဲ့ ရွေးကောက်ပွဲကို တရားဝင်နိုင်ငံတကာ အသိအမှတ်ပြုဘို့ ခက်ခဲကြောင်း ထုတ်ဖေါ် ပြောဆိုသွားတာရယ်။
မြောက်ကိုရီးယားနဲ့ မြန်မာစစ်အစိုးရ ဆက်ဆံရေးကို သတိပေးပြီး အမေရိကန်အစိုးရအနေနဲ့ အထူးအလေးပေး စောင့်ကြည့်နေတယ် ဆိုတဲ့ အချက်ပေါ်လွင်အောင် ထုတ်ဖေါ် ပြောဆိုသွားတာ ဖြစ်တဲ့အပြင် လိုအပ်ရင် ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၈၄၇ ကို ချိုးဖေါက်တဲ့အတွက် အမေရိကန်အပါအ၀င် အနောက်နိုင်ငံအများစုက မြန်မာစစ် အစိုးရကို ဖိအားပေး အရေးယူဘို့ အလားအလာ ရှိတယ်လို့ သွယ်ဝိုက် ထုတ်ဖေါ် ပြောဆိုသွားတာ ဖြစ်ပါတယ်၊

မစ္စတာကင်းဘဲလ် ခရီးစဉ်အပြီးမှာတော့ မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း ပြောကြား တာကတော့ အလည်လာတဲ့ ဧည့်သည်ဟာ ဖိတ်ခေါ်တဲ့ အိမ်ရှင်ကို အဆိုးမြင်နဲ့ ခန။ခန ဝေဖန်ပြောကြားနေရင်တော့ မလိုလားအပ်တဲ့ ဧည့်သည်ဖြစ်လိမ့်မယ်ဆိုတာပါဘဲ၊

မစ္စတာကင်းဘဲလ်ရဲ့ မြန်မာစစ်အစိုးရ ကျင်းပမဲ့ ရွေးကောက်ပွဲအပေါ်မှာ တရားဥပဒေကြောင်း အရ တရားဝင်ဖြစ်နိုင်ဘို့ အခွင့် အလမ်း နဲပါးပြီး အမေရိကန် အပါအ၀င် အနောက်နိုင်ငံ အများစုရဲ့ ရွေးကောက်ပွဲ ရလာဒ်ကို အသိအမှတ်ပြုဘို့ ခက်ခဲကြောင်း ထုတ်ဖေါ် ပြောဆို သွားခြင်း။ မြန်မာနဲ့ မြောက်ကိုရီးယား အစိုးရ အပြန်အလှန် ဆက်ဆံရေးနဲ့ နီးကပ်စွာ ပူးပေါင်းကူညီ ဆောင်ရွက် မှုတွေကို အမေရိကန်အစိုးရက စောင့်ကြည့် နေကြောင်းနဲ့ အရေးယူနိုင်တဲ့ အလားအလာ တွေကို ထုတ်ဖေါ် ပြောဆိုသွားခြင်း။ ဒေါ်စုနဲ့ လွတ်လပ်စွာ တွေ့ဆှုံ နီးကပ်စွာ ဆွေးနွေး သွားခြင်းတို့က မြန်မာစစ်အစိုးရ အတွက် ခံပြင်း အမျက်ဒေါသ ထွက်စရာတွေဘဲ ဖြစ်ပါလိမ့်မယ်၊ မြန်မာစစ်အစိုးရ အပေါ် ပြင်းထန်တဲ့ သဘောထားရှိတယ်လို့ အများက သိထားကြတဲ့ အင်န်အယ်လ်ဒီ ဦးဝင်းတင်က မြန်မာစစ်အစိုးရ ကျင်းပမဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တရားမျှတမှုမရှိကြောင်း။ အသိအမှတ်မပြုရန် လိုအပ်ကြောင်း မစ္စတာကင်းဘဲလ်ကို တိုက်တွန်းပြောဆိုတာကိုလဲ နအဖ သဘောခွေ့မှာ မဟုတ်ပါဘူး၊
ဒ်ီအချက်တွေက မေ(၆)ရက်အရ တရားဝင် ရပ်တည်မှု ကုန်ဆုံးသွားပြီလို့ နအဖ ရွေးကောက်ပွဲဥပဒေတွေက ပြဌာန်းထားတဲ့ အချက်တွေနဲ့ အကျုံးဝင်နေတဲ့ အင်န်အယ်လ်ဒီကို နအဖက လာမဲ့ ရက်တွေ အတွင်းမှာ ဘာလုပ်မလဲ ဆိုတာ စောင့်ကြည့်ရမှာဘဲ ဖြစ်ပါတယ်၊

လောလောဆယ် ဦးသိန်းစိန်ခေါင်းဆောင်တဲ့ မြန်မာစစ်ဗိုလ်ချုပ် အယောက် (၂၀) ခန့်ကတော့ အရပ်ဝတ်တွေလဲပြီး ကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေး ပါတီလို့ အမည်ပေးထားတဲ့ မြန်မာစစ်အစိုးရ ရဲ့  အဓိက နိုင်ငံရေးပါတီအဖြစ် စည်းရုံး လှုပ်ရှားမှုတွေကို စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်၊
မြန်မာစစ်ဗိုလ်ချုပ်များရဲ့ အားနည်းချက်ကတော့ တသက်လုံး လက်ညိုးထိုး အမိန့်ပေးခိုင်းစေ လာတာ ဖြစ်ပြီး မြန်မာလူထုကို မိမိရဲ့ အခိုင်းခံ။ အစေခံတွေလို သဘောထားရာက မဲရဘို့အတွက် ဘာတွေ။ ဘယ်လို လုပ်ပေးပါ့မယ်။ ဘယ်လိုအခွင့် အရေးမျိုးတွေ ပေးပြီး ဆောင်ရွက် ပေးပါ့မယ် စသည် ဖြင့် အခွင့်အလမ်းဖြင့် ဖျားယောင်း သွေးဆောင်တဲ့ နည်းက လွဲပြီး အခြားစည်းရုံး နည်းတွေမှာ အားနည်း တာဘဲ ဖြစ်ပါတယ်၊

ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ် ခေါင်းဆောင်တွေကို ကြည့်မယ်ဆိုရင်လဲ မြန်မာလူထု ကြားထဲမှာ ထဲထဲဝင်ဝင် ရေကုန်ရေခန်း ယှဉ်ပြိုင် အရွေးခံနိုင်တဲ့ သူက ရှာမတွေ့လောက်အောင် တော်တော် ရှားနေပါတယ်၊ ကြံ့ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေးပါတီ ၀င်တွေ အတော်များများက ဒေသဆိုင်ရာ အာဏာပိုင်တွေကို အပိုင်ပေါင်း ထားပြီး သူတို့ရဲ့ အခွင့်အရေးတွေကို အပြည့်အ၀ ရယူထား တာဆိုတော့ သူတို့ အနေနဲ့ သူများခူးပြီး ခပ်ပြီးသားကိုဘဲ အဆင်သင့် လက်ဆေးစားချင်တဲ့ အကျင့်က မပျောက်နိုင်သေးပါဘူး၊
(၁၉၉၀) ရွေးကောက်ပွဲနဲ့ ကွာတာကတော့ (၁၉၉၀) တုံးက နအဖက တစညပါတီကို ယုံပြီး ပုံအပ်ခဲ့ပါတယ်၊ ဒီ(၂၀၁၀) မှာကတော့ သူကိုယ်တိုင် ကြံ့ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေးပါတီဆိုပြီး ၀င်ကြဲတော့မှာပါ၊ တစညပါတီကို အရံလောက်ဘဲ မြန်မာစစ်အစိုးရ က သဘောထားတဲ့ အနေအထားမှာ ရှိနေပါတယ်၊ ကျန် မြန်မာစစ်အစိုးရကို ထောက်ခံတဲ့ ပါတီ အသေးလေးတွေကို တော့ မြန်မာစစ်အစိုးရက မရှိသုံးဆိုတဲ့ အနေနဲ့ ကြားထားတဲ့ အခြေအနေမှာ ရှိပါတယ်၊

မည်သို့သော အခြေအနေများ ရှိသည်ဖြစ်စေ။ မြန်မာ စစ်အစိုးရက ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် လုပ်ဆောင်သွားမယ်ဆိုတာကိုတော့ သံသယ ရှိစရာမလိုပါဘူး၊
မြန်မာစစ်အစိုးရ ကို နှစ်ပေါင်းများစွာ အတိုက်အခံ လုပ်လာတဲ့ (၁၉၉၀) ရွေးကောက်ပွဲ အနိုင်ရ အင်န်အယ်လ်ဒီဟာ မြန်မာစစ်အစိုးရ ထုတ်ပြန် ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ။ နည်းဥပဒေတွေကြောင့် တရားဝင် ရပ်တည် ခွင့် ဆုံးရှုံးသွားတယ်လို့ ယူဆရပြီး မြန်မာစစ်အစိုးရ အင်မတန်ကြောက်တဲ့ ဒေါ်စုကို မြန်မာ့ နိုင်ငံရေးနယ်ပယ်မှာ တရားဝင်မပါရှိအောင် ကန့်သတ်လုပ်ဆောင် လိုက်တဲ့ လုပ်ဆောင်ချက်တွေကို ကြည့်မယ်ဆိုရင် မြန်မာ စစ်အစိုးရ သွားမဲ့ လမ်းကြောင်းဟာ ဖြောင့်ဖြောင့်ကြီး ပေါ်လွင်နေပါတယ်၊

မြန်မာစစ်အစိုးရဟာ အမေရိကန်ပြည်ထောင်စုအပါအ၀င် အနောက်နိုင်ငံအများ စုရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ရင်ဆိုင်ခဲ့ရတာ နှစ်ပေါင်း မြောက်များစွာ ရှိနေပြီ ဖြစ်တဲ့အတွက် အမေရိကန် အစိုးရရဲ့ ပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေဟာ မြန်မာအတိုက်အခံ တွေနဲ့ မြန်မာ စစ်အစိုးရကို မလိုလားတဲ့ ပြည်သူများကို ၀မ်း သာစေရုံကလွဲပြီး တင်းမာပြတ်သားလှတဲ့ မြန်မာစစ်အစိုးရ သဘောထားနဲ့ သွားမဲ့ လမ်းကြောင်းကို ပြောင်းလဲသွားစေနိုင်မှာ မဟုတ်ဘူးလို့ ယူဆရပါတယ်၊ ဒါဟာလဲ မြန်မာစစ် အစိုးရအတွက် အခြားရွေးစရာ ကျောထောက်နောက်ခံ အင်အားတွေ ရှိနေတဲ့ အချက်ပါဘဲ၊

အဲဒါတွေကတော့ အိမ်နီးချင်းတရုပ်နိုင်ငံရဲ့ အဓိက ထောက်ခံ ကူညီအားပေးမှု။ အိန္ဒိယ။ ထိုင်းအပါအ၀င် အေဆီယံနိုင်ငံများရဲ့ ပူးပေါင်းကူညီဆောင်ရွက်မှုတွေ။ ကမ်းလွန်ရေနံကနေ သဘာဝဓါတ်ငွေ့ရောင်းရေငွေတွေ ဒေါ်လာ ဘီလီယံနဲ့ချီပြီး ကိုင်ထားသုံးစွဲနိုင်တဲ့ အခြေအနေတွေ။ အိမ်နီးချင်းနိုင်ငံတွေနဲ့ အေဆီယံနိုင်ငံတွေ က မြန်မာစစ်အစိုးရကို မျက်နှာသာပေး အရေးယူဆက်ဆံမှုတွေက ခေါင်းမာလှ တဲ့ မြန်မာစစ်အစိုးရ ခေါင်းဆောင်များကို ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုမို တိုးပွားလာစေခဲ့ပါတယ်၊
တဆက်တည်းမှာဘဲ စစ်အင်အားအပေါ်မှာ နက်နက် ရှိုင်းရှိုင်း ယုံကြည်ထားပြီး မြန်မာ့တပ်မတော်အပေါ် ခေတ်မှီဖွံဖြိုးရေး ရည်ရွယ် ချက်တွေနဲ့ တည်ဆောက်ခဲ့တဲ့ မြန်မာစစ်အစိုးရအဘို့ (၁၉၈၈) ကနေ အာဏာသိမ်းယူခဲ့တဲ့ ကာလကနေ ယခုအထိ မြန်မာစစ် အစိုးရကို စစ်ရေးအရ ခြိမ်းခြောက်နိုင်တဲ့ ပြည်တွင်းဆန့်ကျင်ဘက် အင်အားစုကို မတွေ့သေးပါဘူး၊

မြန်မာ စစ်အစိုးရခေါင်းဆောင်တွေရဲ့ သဘောထားကတော့ စစ်ရေးအရ ခြိမ်းခြောက်လာမှုကို အဓိကထားပြီး အဲဒီအတွက် အထူးပြင်ဆင် တည်ဆောက် ခဲ့တယ်ဆိုတာ တွေ့ရပါတယ်၊ မြန်မာစစ်အစိုးရရဲ့ အဓိက ပြည်တွင်း အတိုက်အခံ အင်န်အယ်လ်ဒီနဲ့ အခြားသော ပြည်တွင်း အင်အားစုများ။ ပြည်ပအခြေစိုက် အဝေးရောက်အဖွဲ့အစည်းများ။ ပြည်ပနိုင်ငံများရဲ့ နိုင်ငံရေး။ သံတမန်ရေးနဲ့ စီးပွားရေး အရ ဖိအားပေး ဆန့်ကျင် အတိုက်အခံ လုပ်မှုတွေကို မြန်မာစစ်အစိုးရ က ဒုတိယ အဆင့်မှာသာ ထားပြီး ထိန်းချုပ်ထားရုံ။ ကြီးထွားမလာရုံ မှေး တောင့် ခံထားပြီး အချိန်ဆွဲ။ အင်အားသုံး ဖိနှိပ်မှုများ။ သပ်ရှိုဖြိုခွဲမှုများဖြင့် ရင်ဆိုင်ခဲ့တယ် ဆိုတာ လေ့လာတွေ့ရှိရပါတယ်၊

ဒီအချက်တွေကို ထောက်ကြည့်ရင် မြန်မာစစ်အစိုးရရဲ့ အစိုးရိမ်ဆုံးအချက်ဟာ အမေရိကန် အပါအ၀င် အနောက်နိုင်ငံအများစုက မြန်မာ့အရေးမှာ အင်အာသုံး ပြီး စစ်ရေးအရ တိုက်ရိုက်ဝင်စွက်လာမှာကို အထူးစိုးရိမ်တဲ့ အပြင် မြန်မာအတိုက် အခံတွေအနေနဲ့ အမေရိကန်နဲ့ သိပ်နီးစပ်သွားပြီး မြန်မာ စစ်အစိုးရကို စစ်ရေးအရ ခြိမ်းခြောက်လာနိုင်တဲ့ အနေအထားရောက်ရှိသွားမှာကို သိပ်စိုးရိမ်နေတယ် လို့ ယူဆသုံးသပ်ရပါတယ်၊
ဒီအတွက်လဲ မဟာဗျူဟာ အင်အားထိန်းညှိရေးမူဝါဒ အရ တရုပ်အစိုးရကလည်း သူ့ရဲ့ အနောက်တောင်ဘက် ပင်လယ်ထွက်ပေါက်မှာ အမေရိကန် အစိုးရ ခြေချလာမှာရယ်။ အမေရိကန် }သဇာခံ အစိုးရတရပ် တက်လာမှာကို စိုးရိမ်ပြီး နအဖကို ကျားကန်ပေးနေတာဘဲ ဖြစ်ပါတယ်၊
တဆက်တည်း တရုပ်အစိုးရ စိုးရိမ်တဲ့ အချက်တခုကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအစိုးရတက်လာရင် တရုပ်ပြည်ကို လာရိုက်ခတ်မှာ စိုးရိမ်နေလို့ပါဘဲ၊ အဲဒီတော့ မြန်မာစစ်အစိုးရအဘို့ အမေရိကန်ကို ရင်ဆိုင်ဘို့ တရုပ်ကို အားထား ရသလို။ တရုပ်ကလဲ မြန်မာနိုင်ငံမှာ အမေရိကန်မ၀င်အောင် မြန်မာစစ် အစိုးရကို မွေးပြီး ကျောထောက်နောက်ခံပေးနေတာ ဖြစ်ပါတယ်၊

မစ္စတာကင်းဘဲလ်ရဲ့ မြန်မာစစ်အစိုးရ ကျင်းပမဲ့ ရွေးကောက်ပွဲအပေါ်မှာ တရားဥပဒေကြောင်းအရ တရားဝင် ဖြစ်နိုင်ဘို့ အခွင့် အလမ်းနဲပါးပြီး အမေရိကန် အပါအ၀င် အနောက် နိုင်ငံအများစုရဲ့ ရွေးကောက်ပွဲ ရလာဒ်ကို အသိအမှတ် ပြုဘို့ ခက်ခဲကြောင်း ထုတ်ဖေါ် ပြောဆို သွားခြင်း။ မြန်မာနဲ့ မြောက်ကိုရီးယား အစိုးရ အပြန်အလှန် ဆက်ဆံရေးနဲ့ နီးကပ်စွာ ပူးပေါင်း ကူညီ ဆောင်ရွက်မှု တွေကို အမေရိကန်အစိုးရက စောင့်ကြည့် နေကြောင်းနဲ့ အရေးယူနိုင်တဲ့ အလားအလာ တွေကို ထုတ်ဖေါ် ပြောဆိုသွားခြင်း။ ဒေါ်စုနဲ့ လွတ်လပ်စွာ တွေ့ဆုံ နီးကပ်စွာ ဆွေးနွေး သွားခြင်းတို့က မြန်မာစစ်အစိုးရ အတွက် ခံပြင်း အမျက်ဒေါသ ထွက်စရာ တွေဘဲ ဖြစ်ပါလိမ့်မယ်၊

မြန်မာစစ်အစိုးရ အပေါ် ပြင်းထန်တဲ့ သဘောထားရှိတယ်လို့ အများက သိထားကြတဲ့ အင်န်အယ်လ်ဒီ ဦးဝင်းတင်က မြန်မာစစ်အစိုးရ ကျင်းပမဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တရားမျှတမှုမရှိကြောင်း။ အသိအမှတ်မပြုရန် လိုအပ်ကြောင်း မစ္စတာကင်းဘဲလ်ကို ၊ထူးခြားမှုတချို့ကတော့ မြန်မာအတိုက်အခံတွေထဲမှာ အမေရိကန် အစိုးရ အားပေးထောက်ခံမှုတွေကို နည်းမျိုးစုံနဲ့ ရယူနေတယ်ဆိုပေမဲ့ လေ့လာ တွေ့ ရှိချက်တွေအရ တော့ မြန်မာအတိုက်အခံ အားလုံးလိုလိုက အမေရိကန် အစိုးရကို လိုလားတာ မဟုတ်ပါဘူး၊
မြန်မာအတိုက်အခံတွေထဲမှာ (၁၉၄၈) ခုနှစ် ကတည်းက တရားမ၀င် အသင်းအနေနဲ့ ကြေညာခံထားရပြီး မြန်မာစစ်အစိုးရကို နှစ်ပေါင်းများစွာ လက်နက်ကိုင် ဆန့်ကျင်ခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကတော့ မြန်မာ့ဒီမိုကရေစီရေးအတွက် မြန်မာစစ်အစိုးရကို ဆန့်ကျင်တယ်ဆိုပေမဲ့ တဘက်က တရုပ်အစိုးရရဲ့ သြဇာအောက်ကနေ မကင်းလွတ်သေးတာကို တွေ့ရှိရ ပါတယ်၊ ဗမာပြည်ကွန်မြူနစ်ပါတီဟာ တရုပ်ကွန်မြူနစ်ပါတီနဲ့ အစိုးရ ခေါင်းဆောင် အချို့ အပြောင်းအလဲ။ မူဝါဒနဲ့ သဘောထားပြောင်းလဲမှု အောက်တွေမှာ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွတ်လိုက်ရသည့် အခြေအနေ အထိ ဆိုက်ရောက်သွားခဲ့ပြီး နောက်ဆုံးမှာတော့ မြေအောက်နိုင်ငံရေးပါတီ တခု အနေအထားထိ ရောက်သွားခဲ့ပါတယ်၊

သို့သော်လည်း ဗမာပြည် ကွန်မြူနစ်ပါတီ ရဲ့ နိုင်ငံရေး သြဇာ။ အရှိန်အ၀ါတွေကတော့ မြန်မာအတိုက်အခံတွေ ကြားထဲမှာ တော်တော်လေး စိမ့်ဝင် ထိုးဖေါက်နေရာယူ လွှမ်းမိုးနိုင်တာကို လေ့လာတွေ့ရှိ ရပါတယ်၊ မြန်မာစစ်အစိုးရရဲ့ အဓိက လက်နက်ကိုင်ရန်သူဖြစ်ခဲ့တဲ့ ဗမာပြည် ကွန် မြူနစ်ပါတီဟာ အခုလည်းဘဲ မြန်မာစစ်အစိုးရရဲ့ အထူးအစိုးရိမ်ရဆုံး ကန့်လန့်ကာ နောက်ကွယ်က ရန်သူဖြစ်နေတာလဲ မဆန်းပါဘူး၊ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ များပြားလှတဲ့ စစ်အစိုးရ အဆက်ဆက်နဲ့ ရင်ဆိုင်ခဲ့တဲ့ အတွေ့ အကြုံတွေ။ မြန်မာစစ်အစိုးရနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီအကြား။ ဘယ်တော့မှ မပျောက်နိုင်တဲ့ ပုဂ္ဂိုလ်ရေးနဲ့ နိုင်ငံရေး အငြိုး ထားမှုတွေ။ တဘက်နဲ့ တဘက် အသေအကျေ ချေမှုန်းလိုမှုတွေက မြန်မာ့နိုင်ငံရေး သမိုင်းရဲ့ သိရခက်တဲ့ လျှို့ဝှက်ချက်တွေ အဖြစ် တည်ရှိနေပါတယ်၊

တဘက်ကလည်း။ ဒီမိုကရေစီ အင်အား စုတွေကို နှိမ်နှင်းရင်း တရုပ်သြဇာခံဖြစ်သွားတဲ့ မြန်မာစစ်အစိုးရ။
တဘက်ကလည်း။ အမေရိကန်ဝင်လာမှာကို စိုးရိမ်လို့ သားအရင်း ဗကပကို ခဏပစ်ထား ပြီး မွေးစားသား မြန်မာစစ်အစိုးရကို ကျောသပ်မွေးနေရတဲ့ တရုပ် အခြေအနေ။

တဘက်ကလည်း နအဖ အလိုကျ စီးပွားရေးနဲ့ သံတမန်ရေးရာ။ နိုင်ငံ တကာ အင်အားစုတွေနဲ့ ဖိအားပေးရုံလောက်က လွဲပြီး မလုပ်ဆောင်နိုင်တဲ့ မြန်မာ အတိုက်အခံများ စသည်ဖြင့် မြန်မာ နိုင်ငံရေး သပွတ်အူ အရှုပ်ထုပ်ကို ဆက်လက် လေ့လာစောင့်ကြည့်ဘို့ လိုအပ်နေပါတယ်၊

သက်ဦးမောင်၊15 May 2010
ဟစ်တိုင်သတင်းမှရယူသည်။
www.hittaing.org

No comments:

Post a Comment