ondragstart="return false" onselectstart="return false"

Thursday, May 13, 2010

NLD အပေါ်ကျနော်တို့ သဘောထားအမြင်

ခုရက်ပိုင်းတွေမှာ NLD ခေါင်းဆောင်တချို့ ပင်မ NLD မှခွဲထွက်၍ (National Democratic Force) NDF ဆိုတဲ့ အမျိုးသားဒီမိုကရေစီအင်အားစု အမည်ဖြင့် နိုင်ငံရေးပါတီတခုတည်ထောင်လိုက်တယ်လို့ သိရှိရပါတယ်။
ဦးဆောင်စီစဉ်နေသည့် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့တွင် တဦးအပါအ၀င်ဖြစ်သည့် ဦးခင်မောင်ဆွေ၏ အဆိုအရ အန်အယ်လ်ဒီပါတီသည် တရားဝင်ရပ်တည်မှု မရှိတော့သည့်အတွက် အန်အယ်လ်ဒီ၏ မပြီးဆုံးသေးသည့်တာဝန်ကို တာဝန်သိသိ ဆက်လက် ထမ်းဆောင်ပေးခြင်းဖြစ်ကြောင်း ဟူ၍လည်းကောင်း၊ “အန်အယ်လ်ဒီက မရှိတော့တဲ့အတွက်” ဆိုတဲ့ ပြောဆိုချက်ကိုလည်းကောင်း သတင်းမီဒီယာများတွင် ဖတ်လိုက်ရပါသည်။

တကယ်တော့ ယခုလိုပြောဆိုနေတဲ့ အန်အယ်လ်ဒီ ခွဲထွက်ခေါင်းဆောင်တွေဟာ ပျော့ညံ့တဲ့ ဗမာနိုင်ငံရေးသမားများဖြစ်ရုံမက ပြည်သူလူထု၏ ယုံကြည်ကိုးစားအပ်နှံ့ မှုကို အလွဲသုံးစားပြုလိုက်တဲ့ ၀မ်းဖေါဝမ်းယောင် နိုင်ငံရေးသမားတွေသာဖြစ်ကြောင်း ထောက်ပြလိုပါတယ်။ ဦးခင်မောင်ဆွေနဲ့ အဖွဲ့ တွေဟာ တကယ်တော့ ရှေးတန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ အညတရ စစ်သည် တစ်ယောက်လောက်တောင် နိုင်ငံရေးယုံကြည်ချက် မရှိ၊ ရှိရင်တောင်မှ အင်မတန်မှအားနည်းနေတယ်လို့  ပြောရမှာ ဖြစ်ပါတယ်။ KNLA တပ်မှူးလေးတွေရဲ့ယုံကြည်ချက်ဟာ ကျနော်တို့ ကိုယ်တိုင် KNU ကို ပြန်မဖျက်စီးသ၍ KNU သို့ မဟုတ် ကော်သူးလေဟာ ဘယ်တော့မှပျောက်ကွယ်သွားစရာကြောင်းမရှိဘူးလို့  အကြွင်းမဲ့ယုံကြည်ထားကြဒါပါ။

KNU ကရင်အမျိုးသားအစည်းအရုံးကြီးကို တရားမ၀င်အသင်းအဖြစ်ကြေငြပြီး ထိုးစစ်ကြီး၊ ငယ် တွေနဲ့ တရပ်စပ် စစ်ဆင်လာဒါ ဟိုးဦးနုခေတ်၊ ဗိုလ်နေ၀င်းခေတ် ကတည်းကပါ။ ယခုဆိုလျှင် နှစ် ၆၀ တောင်ကျော်လွန်နေပါပြီ။ မြန် မာ့ အလင်းသတင်းစာတွေမှာ အမြဲတမ်းဖေါ်ပြလေ့ရှိတဲ့ လက်တဆုပ်စာ ကေအန်ယူကို သူတို့ တိုက်လာဒါ နှစ် ၆၀ ကျော်ပြီ မဟုတ်ပါလား။ KNU ဆိုဒါကော ဟောဒီမြန်မာ့ နိုင်ငံရေး လောကမှာ ပျောက်ကွယ်သွားလို့ လား? ပျောက်ကွယ်မသွားတဲ့ အပြင် တရားသောစစ်ကို ဆင်နွဲနေတဲ့ ကေအန်ယူဟာ နိုင်ငံတကာအပါအ၀င် ပြည်တွင်း ပြည်ပ မှ ပြည်သူတွေ၊ နိုင်ငံရေးလှူပ်ရှားသူတွေရဲထောက်ခံမှူကို ပိုပြီး ရနေဆဲပါ။

တိုင်းပြည်နဲ့ လူမျိုးအပေါ်သစ္စာ စောင့်သိတဲ့ အန်အယ်လ်ဒီ ခေါင်းဆောင်တစ်ဦးက “ပါတီမရှိဘူးလို့ လက်ခံတာ သူတို့ရဲ့အယူအဆပဲ။ ကျနော်တို့ကတော့ ဒီနေ့ပါတီရှိနေတယ်။ ဒါကြောင့် ဒီနေ့ကျနော်တို့ နိုင်ငံရေးဆက်လုပ်မယ်လို့ ပြောနေတယ်။ ရပ်တည်နေတယ်။ ပြည်သူကြားမှာ ၀င်ပြီး နိုင်ငံရေးတွေ လုပ်မယ်လို့ ကျနော်တို့ ကြွေးကြော်နေတယ်။ အစိုးရက ဘယ်လိုပဲသဘောထားထား ကျနော်တို့ပါတီက မပျက်ဘူး။ ကျနော်တို့ ထပ်မံ မှတ်ပုံမတင်တာဘဲ ရှိတယ်။ ရှိမြဲရှိနေတယ်လို့ ယူဆတယ်။ ဒေါ်အောင်ဆန်းစုကြည် စကားထဲမှာလည်း ပါပါတယ်။ ဥပဒေတွေ ဘာတွေနဲ့ ဖျက်လို့မရဘူး၊ ပါတီတရပ်ဆိုတာ ပြည်သူလူထုရဲ့ထောက်ခံမှု၊ မူဝါဒတွေ၊ ကမ္ဘာ့ထောက်ခံမှုတွေနဲ့ ရပ်တည်နေတာဟု ဦးဝင်းတင်က ပြောသည်”

ခြုံငုံပြီးသုံးသပ်လိုဒါက NLD ပါတီပျောက်ကွယ်စရာ အကြောင်းတစ်ခုပဲရှိတယ်။ အဲဒါက ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင် အစရှိသည့် NLD အထင်ကရ ခေါင်းဆောင်များနှင့် တိုင်းနှင့်ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ် ခေါင်းဆောင်များက NLD ကိုဖျက်သိမ်းပြီလို့ တရားဝင် ကမ္ဘာသိကြေငြာမည့်နေ့ မှသာလျှင် NLD ဆိုဒါ ပျောက်ကွယ်သွားမှာဖြစ်သည်။ ယနေ့ အခြေအနေသည် အန်အယ်လ်ဒီသည် အခြေနေအရ နိုင်ငံရေး အကွက်ရွေ့ ကစားနေရခြင်းသာဖြစ်ပါသည်။ လုံးဝပျောက်ကွယ်သွားခြင်းမဟုတ်ပါ။ ပျောက်ကွယ်သွားပြီဟု ဆိုသူများသည် မိုးသီးဇွန် ပြောသလို “နိင်ငံရေး ကကြီး ခခွေး ကို ပြန်လေ့လာကြဖို့  တိုက်တွန်းခြင်တယ်” ဟုပြောရတော့ပေမည်။

သောသီခိုအဖွဲ့ သားများ

No comments:

Post a Comment