ondragstart="return false" onselectstart="return false"

Friday, May 14, 2010

ဖာပွန် မိုင်းကွဲမှု ၂ ဦးသေ၊ KNU ကို စွပ်စွဲ

နအဖ စစ်တပ်က ဥဏ်နီဥဏ်နက် အမျိုးမျိုးနဲ့ ယုတ်မာပြီး သူများကို အပြစ်ပုံချဒါ ရိုးနေပါပြီဗျို့ ....

သန်းထိုက်ဦး Friday, May 14, 2010

ကရင်ပြည်နယ် ဖာပွန် မြို့နယ်တွင် ပြေးဆွဲ နေသည့် ခရီးသည်တင် ကားတစီးသည် ကရင် အမျိုးသား အစည်းအရုံး (KNU) ထောင် ထားသည့် မိုင်းကြောင့် ၂ ဦးသေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရ ရှိခဲ့ကြောင်း ယမန်နေ့ထုတ် စစ်အစိုးရ မြန်မာ့ အလင်း သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါ ခရီးသည်တင်ကားသည် ယခုတပတ် အင်္ဂါနေ့က ဖာပွန်မြို့ဝင်းမောင်းကျေးရွာဘက်မှ စတင် မောင်းနှင်လာရာ မဲလိပ် ကျောက်ရွာနှင့် မဲတို့ကျေးရွာ ကြားရှိ ကြံခင်းကားလမ်း၌ KNU အဖွဲ့က ထောင်းထားသည့် မိုင်းအား နင်းမိသဖြင့် ယခုကဲ့သို့ ခရီးသည်များ ဒဏ်ရာရ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု သတင်းစာက ဆိုသည်။

သေဆုံး သူများသည် ခရီးသည် တဦးနှင့် ယာဉ်မောင်း တို့ဖြစ်ကြောင်း သိရသည်။ ဒဏ်ရာ ရရှိသူများကို မွန်ပြည်နယ် ဘီးလင်း မြို့ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

ယင်းဒဏ်ရာရရှိသူများနှင့် သေဆုံးသူများ၏ အခြေအနေကို ဘီးလင်း ပြည်သူ့ ဆေးရုံသို့ ဧရာဝတီက စုံစမ်းမေးမြန်းခဲ့ရာ သေဆုံး သူ တဦးအား ယမန်နေ့က သင်္ဂြိုဟ်လိုက်ပြီး ယာဉ်မောင်းဖြစ်သူ၏ အလောင်းကို ရန်ကုန်သို့ ပြန်သယ်ဆောင်သွားကြောင်း ဆေးရုံ တာဝန်ရှိသူ တဦးက ပြောသည်။

ဒဏ်ရာ ရရှိသူများကို ထို့နေ့၌ပင် သထုံဆေးရုံသို့ ပို့ဆောင်လိုက်ပြီးဖြစ်ကြောင်း၊ ဘီးလင်းဆေးရုံတွင် တဦးတယောက်မျှ မရှိတော့ ကြောင်းလည်း ၎င်းက ဆိုသည်။

KNU တွဲဖက် အတွင်းရေးမှူး(၁) ဗိုလ်မှူး စောလှငွေကမူ ယင်း ခရီးသည်တင် ကားကို မိုင်းထောင်မှုမှာ KNU ၏ လက်ချက် မဟုတ် ကြောင်း အစိုးရ၏ စွပ်စွဲချက်ကို ငြင်းဆိုလိုက်သည်။

“လမ်းမပေါ်မှာ ဘတ်စ်ကားတွေကို မိုင်းထောင်ဖို့ ပေါ်လစီလည်း မရှိဘူး၊ ညွှန်ကြားချက်လည်း မရှိဘူး၊ တားမြစ်ချက်ပဲ ရှိတယ်”ဟု ဗိုလ်မှူး စောလှငွေက ဧရာဝတီသို့ ပြောသည်။

ဖာပွန်သည် KNU ၏ လက်နက်ကိုင် အဖွဲ့ဖြစ်သည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ ၅ နယ်မြေတွင် တည်ရှိသည်။ မြန်မာ့ တပ်မတော်ကလည်း တပ်ရင်း ၅ ခုကို ဖာပွန်မြို့တွင် အခြေစိုက်ထားသည်ဟု သိရသည်။

အစိုးရနှင့် မဟာမိတ်ပြုထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်ဖွဲ့ (DKBA) သည်လည်း ထိုဒေသတွင် လှုပ် ရှားလျက်ရှိသည်။

ပြီးခဲ့သည့် မေလ ၉ ရက်နေ့ကလည်း ကရင်ပြည်နယ် ဘုရားသုံးဆူမြို့အ၀င် ဂျပန်ရေတွင်း ကျေးရွာ၌ ၂ ဦးဒဏ်ရာ ရရှိခဲ့သော ပေါက်ကွဲမှု တခုကိုလည်း KNU ၏ လက်ချက်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။

KNU တပ်မဟာ (၆) အကောက်တာဝန်ခံ တဦးက ဘုရားသုံးဆူမြို့တွင်း၌ မိုင်းထောင် ဖောက်ခွဲဖျက်ဆီးပေးရန် ငွေပေးစေခိုင်း ခဲ့ သဖြင့် အဖော်တဦးနှင့် အတူ မိုင်းအား သယ်ယူလာစဉ် ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း ၎င်း အစိုးရသတင်းစာတွင် ရေးသားထားသည်။

ထိုပေါက်ကွဲမှုမှာ KNU ၏ လက်ချက်မဟုတ်ကြောင်းလည်း ဗိုလ်မှူး စောလှငွေက ငြင်းဆိုသည်။

နအဖ စစ်အစိုးရသည် မြန်မာပြည်အတွင်း၌ ဗုံးပေါက်ကွဲမှု နှင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့် အခါတိုင်း နယ်စပ် အခြေစိုက် လက် နက်ကိုင်တပ်ဖွဲ့များ၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲလေ့ရှိသည်။

ယခုနှစ် ၂၀၁၀ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ တွင် ရှမ်းပြည်နယ် လောက်ကိုင်မြို့မှ စတင်၍ ရန်ကုန်၊ မြစ်ကြီး နား၊ လွိုင်ကော်၊ သံဖြူဇရပ်၊ ကော့ကရိတ်၊ တောင်ငူ၊ မူဆယ် စသည့်နေရာ များစွာတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။
ဧရာဝတီသတင်းမှ

No comments:

Post a Comment