ondragstart="return false" onselectstart="return false"

Friday, May 28, 2010

DKBA မှ BGF သို့ (နိဂုံးပိုင်း)

စာဖတ်ပုရိတ်သတ်များခင်ဗျား….

DKBA မှ BGF သို့  … ဗီဒီယိုမှတ်တမ်း တင်ဆက်မှု ဒီနေရာမှာ ပြီးဆုံးသွားပါပြီ။ စာဖတ်ပုရိတ်သတ်များကို အခြေအနေမှန်သိစေရန် ဗီဒီယိုမှတ်တမ်းပေးပို့ လာသော ၉၉၉ မှ တပ်မှူးငယ်အား အထူးကျေးဇူးတင်ရှိပါကြောင်း ထပ်လောင်းပြောကြားလိုပါသည်။ အချိန်ရရင် နအဖ နှင့် DKBA မှ တပ်မဟာ (၇)ကို လွန်ခဲ့သည့် နှစ် ဇွန်လ ၂၀၀၉ တွင် တိုက်ခိုက်ခဲ့သည့် ဗီဒီယိုမှတ်တမ်းကို တင်ဆက်ပေးပါမည်။

အမျိုးသားသစ္စာဖေါက် ဥက္ကဌ သာထူးကျော် ရဲ့ အစည်းဝေးကြီး နိဂုံးအမှာစကားမှာ နအဖ ဗမာ့စစ်တပ်ရဲ့ ဗျူဟာ အတွင်းသို့ ကွက်တိ ၀င်သွားအောင် စောဘဦးကြီးရဲ့ မူဝါဒ လမ်းညွန်ချက်ကိုရည်ရွယ်ပြီး သူက လိုရာဆွဲပြီး လွဲမှားစွာ အဓိပါယ် ဖွင့်ဆိုကာ အောက်ပါအတိုင်း ပြောကြားလျက် အစည်းအဝေးကြီးကို အဆုံးသတ်လိုက်ပါသည်။

“ကျနော်တို့ မမျှော်မှန်းနိုင်တဲ့ ကျနော်တို့ လက်နက် ကျနော်တို့ လက်ထဲရှိရမယ်ဆိုတဲ့ စောဘဦးကြီးရဲ့မူအရ တနည်း”
“ပြောင်းလည်းဖြစ်ပေါ်တဲ့ အခြေအနေအရ စောဘဦးကြီး ပြောသွားတဲ့စကားထဲမှာ ကျနော်တို့ ရသည့်ရထိုက်တဲ့ အခွင့်အရေးကို ကျနော်တို့ မတောင်းပဲနဲ့  ရတယ်လို့ ပြောနိုင်တယ်”

မှတ်ချက်။ ။ စာတတ်သော ကရင်များကို စောဘဦးကြီးရဲ့ မူဝါဒ လမ်းညွန်ချက် တွေကို သိပ်ရှည်ရှည်ဝေးဝေး ရှင်းပြနေစရာမလိုသော်လည်း နားမလည်သေးသူများကို အသုံးချကာ တမျိုးသားလုံးဂျောက်ထဲ တွန်းပို့ ဒါ တရားခံ ဘယ်သူတွေလည်းဆိုဒါ ကရင်အမျိုးသားအပေါင်းတို့  ကိုယ့်ဟာကို ဆုံးဖြတ်ချင့်ချိန်ကြပါကုန်။

ဗီဒီယိုမှတ်တမ်း ပေးပို့ သူ - ၉၉၉ တပ်မှူးငယ်



Type the rest of your post here.

No comments:

Post a Comment