ondragstart="return false" onselectstart="return false"

Saturday, May 8, 2010

DKBA မှ BGF သို့ အပိုင်း(၁)

စာဖတ်ပုရိတ်သတ်များခင်ဗျား….

ခုတလော သတင်းမီဒီယာတွေမှာ DKBA နယ်ခြားစောင့်တပ်သို့  အသွင်ပြောင်းလည်းရေးနှင့်ပါတ်သက်ပြီး သတင်းမီဒီယာကြီးများတွင်သော်လည်းကောင်း၊ ဘလော့စာမျက်နှာများတွင်သော်လည်းကောင်း အမျိုးမျိုးထင်ကြေးပေးပြီး ရေးသားဖေါ်ပြထားသည်ကို တွေ့ ကြရမည်ဖြစ်ပါသည်။

တကယ်တော့ DKBA ထိပ်ပိုင်းခေါင်းဆောင်တစုဖြစ်သော ဥက္ကဌ သာထူးကျော်၊ ဗိုလ်ကျော်သန်း၊ ဗိုလ်ချစ်သူ စသည့် အဓိက ပုဂ္ဂိုလ်သုံးဦးသည် နေပြည်တော်သို့ သွားရောက်ပြီး နအဖ စစ်အစိုးရ၏ အစီအစဉ် နယ်ခြားစောင့်တပ်ကိစ္စ ကို လွန်ခဲ့သည့်နှစ် ၂၀၀၉ မေလဆန်းပိုင်းကတည်းက လက်ခံပြီးဖြစ်သည်။ အဆိုပါ ဒီကေဘီအေ ထိပ်ပိုင်းတစုသည် နယ်ခြားစောင့်တပ်ကို လက်ခံပြီးမှ အောက်ခြေကို ၇၊ ၅၊ ၂၀၀၉ ရက်နေ့ တွင် DKBA ခေါင်းဆောင် ကြီးငယ် အားလုံးကို ခေါ်ယူတွေ့ ဆုံပြီးအခြေအနေကို ပြန်လည်ချပြ ရှင်းပြခြင်း ဖြစ်ပါသည်။

အစည်းအဝေးတွင် နအဖ တို့ ၏လုပ်ထုံးလုပ်နည်းအတိုင်း အထက်က ချပေးလိုက်သည့်အပေါ် အောက်ခြေက လိုက်ပြီး ဆွေးနွေး သွားကြရသည်ကို တွေ့ မြင် ကြရမည်ဖြစ်ပါသည်။

မည်သို့ ပင်ဖြစ်စေ DKBA နယ်ခြားစောင့်တပ် ပြောင်းလည်းရေးကိစ္စနှင့်ပါတ်သက်၍ စိတ်ဝင်စားသူများအားလုံး အခြေအနေမှန်ကို သုံးသပ်နိုင်ရန်အတွက် အစည်းအဝေးမှတ်တမ်းတစ်ခုလုံး မူရင်း ဗွီဒီယိုမှတ်တမ်းကို အမည်မဖေါ်လိုတဲ့ DKBA ၉၉၉ မှ တပ်မှူးငယ်တစ်ဦး ပေးပို့ လာပါသည်။

အများပြည်သူများကို အခြေအနေမှန်သိစေရန် အလို့ ဌာ စေတနာဖြင့် ဗွီဒီယိုမှတ်တမ်းကို ပေးပို့ လာသော DKBA - ၉၉၉ မှ တပ်မှူးငယ်အား သောသီခို အဖွဲ့ သားများမှ အထူးကျေးဇူးတင် ရှိပါကြောင်း နှင့် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

အချိန်ရရင် ရသလို အပိုင်းလိုက်ခွဲပြီး တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်ခင်ဗျား။

ပေးပို့ သူ - ၉၉၉ တပ်မှူးငယ်



အပိုင်း(၂)ကိုဆက်လက်ဖေါ်ပြပါမည်။

Type the rest of your post here.

No comments:

Post a Comment