ondragstart="return false" onselectstart="return false"

Tuesday, May 18, 2010

DKBA “၀” နယ်သို့ သွား

Unlimited Free Image and File Hosting at MediaFire
နယ်ခြားစောင့်တပ်ပြောင်းသွားပြီးတဲ့ ဒီကေဘီအေ လက်ရှိအခြေအနေကို ဒီကေဘီအေ ၉၉၉ မှ တပ်မှူးငယ်တစ်ဦး အောက်ပါအတိုင်း သတင်းပေးပို့ လာပါသည်။

နယ်ခြားစောင့်တပ်ဖြစ်သွားတဲ့ DKBA တပ်မှ တပ်သားအချိ့ ကို မြန်မာပြည်မြောက်ပိုင်း “၀” နယ်သို့ စေလွတ်ပါသည်။ ထိုကိစ္စကို စီစဉ်ညွန်ကြားသူမှာ ဗိုလ်မှူးစောချစ်သူဖြစ်သည်။ သည့်ပြင် ဒီကေဘီအေ လက်အောက်ခံလူထုတွေကို “o” နယ်မှာ ကုန်ထမ်း၊ ထမင်းချက်ဖို့ တစ်လကို စရိတ်ငြိမ်း တသိန်းပေးမယ်ဟု အလုပ်လက်မဲ့လူထု တချို့ ကိုလိမ်လည် ခေါ်သွားပါသည်။ ၀ နယ်သို့ ရောက်သောအခါ ထိုလူများကို လက်နက်တပ်ဆင်ပေးပြီး စစ်မှုထမ်းခိုင်းကြောင်း သတင်းရရှိပါသည်။ ထိုကဲ့သို့ တစ်လလျှင်တသိန်းပေးမည်ဟု လှည့်စား ခေါ်ဆိုသော်လည်း မြိုင်ကြီးငူရှိ ဒေသခံ ကရင်လူထုက ဒီကေဘီအေ၏ လုပ်ရပ်များကို ရိပ်မိ သိရှိလာသောကြောင့် လူတွေ ကိုထပ်စည်းရုံး၍ မရ ဖြစ်နေပါသည်။

ဒီကေဘီအေ နယ်ခြားစောင့်တပ်သို့ ပြောင်းသည့်ကိစ္စကို သိပ်သဘောမတူသည့် မြိုင်ကြီးငူ ဆရာတော် ဦးသုဇန သည် ယခုအခါတွင် ထိုင်းနိုင်ငံဘန်ကောက်တွင် ဆက်လက်ဆေးကုသမှု ခံယူနေဆဲဖြစ်ပြီး၊ တစ်ခါတစ်ရံ အောက်စီဂျင်ဘူးတပ်ဆင်လျက် ဘန်ကောက်မြို့ ရှိ ဒကာ၊ ဒကာမ တွေကို လည့်လည် တွေ့ ဆုံ ကြောင်း၊ ထိုသို့ တွေဆုံရာမှာ အလှူလိုက်ခံဒါလား တရားဟောတော်မူသလားဆိုဒါ အတိအကျမသိရကြောင်း သတင်းရရှိပါသည်။

၉၉၉ တပ်မှူးငယ်
၁၈၊၀၅၊၂၀၁၀


Type the rest of your post here.

No comments:

Post a Comment