ondragstart="return false" onselectstart="return false"

Thursday, May 20, 2010

ပြည်သူ့စစ် မလုပ်လိုသည့်အပစ်ရပ် SSA တပ်သားအချို့ထွက်ပြေး

Wednesday, 19 May 2010 22:03 သျှမ်းသံတော်ဆင့်

ပြည်သူ့စစ်အသွင်ကူးပြောင်းရေးလက်ခံထားသည့် ဦးလွယ်မောဝ်း၏ တပ်ဖွဲ့မှ တပ်သားအချို့ ထွက်ပြေးပြီးအသွင်ပြောင်းရေးလက်မခံသည့်အဖွဲ့နှင့် လက်နက်ကိုင်တော်လှန်ဆဲတပ်ဖွဲ့ထံ ကူးပြောင်းပူးပေါင်းကြသည်ဟု စုံစမ်း သိရှိရပါသည်။

ဧပြီ ၂၄ ရက် လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရုံးသို့ ဦးလွယ်မောဝ်ခေါင်းဆောင်သည့် အပစ်ရပှ်SSA ဌာနချုပ်တပ်ဖွဲ့၊ တပ်မဟာ ၃၊ တပ်မဟာ ၇ တပ်ဖွဲ့ဝင်အချို့ မေလဆန်းပိုင်းမှစ၍ ထွက်ပြေး နေကြသည်ဟု အပစ်ရပ် SSA နီးစပ်သည့်အသိုင်းအ၀ိုင်းက ပြောပါသည်။

SSA တပ်ဖွဲ့ ဝင်တစ်ဦး

“ပြည်သူ့စစ်ပြောင်းဖို့ တပ်မဟာ ၃ လက်ခံချိန်ကစပြီး မလုပ်ချင်တဲ့တပ်သားတွေ တပ်မဟာ ၁ ဆီကို ကျိုးတို့ ကျဲတဲ သွားပေါင်းကြတယ်၊ စိန်ကျော့ဌာနချုပ်တပ်ဖွဲ့အပါအ၀င်၊ တပ်မဟာ ၃ ၊ ၇ တွေကလဲ တပ်မဟာ ၁ ဆီ သွားပေါင်းတာရှိသလို အဲ့ဘက်လှုပ်ရှားနေတဲ့ စ၀်ယွက်စစ်အဖွဲ့ထံကိုလဲ အင်အား ၃၀ - ၄၀ ကျော်သွားပေါင်း လိုက်ပြီ ပြောတယ်”- ဟု ဦးလွယ်မောဝ်း နှင့် နီးစပ်သည့် လားရှိုးသားတဦးကပြောပါသည်။

ထို့အတူ ခေါင်းဆောင်ဖြစ်သူ ဦးလွယ်မောဝ်းကိုယ်တိုင်ကလည်း လမ်းမှားလျှောက်မိပြီဖြစ်ကြောင်း၊ မိမိအား ပစ်ပယ်မထား သင့်ကြောင်း၊ တပ်မဟာ ၁ မှူး ဗိုလ်ချုပ်ပန်ဖှထံ ကြားလူမှတဆင့်ဆက်သွယ်အကြောင်းကြား မေတ္တာ ရပ်ခံခဲ့သေးသည်ဟု အဆိုပါပုဂ္ဂိုလ် ဤကဲ့သို့ဆက်၍ ပြောပြပါသည်။

“ဦးလွယ်မောဝ်းအပါအ၀င် တပ်ဖွဲ့ဝင်အားလုံးကို ပစ်ပယ်မထားဖို့ရယ်၊ နောက်ပြီး၂၀၀၅ - ၂၀၀၆ တုံးက ဒုဗိုလ်ချုပ်ကြီး ယွက်စစ် နဲ့ လက်နက်ချ ဗိုလ်မှူးကြီးမိုင်းဇင့် (ကွယ်လွန်) တို့လို အချင်းချင်း ကွဲပြဲ တိုက်ခိုက် သတ်ဖြတ်ခဲ့ကြသလို မဖြစ်ချင်ဘူး - စတာတွေကို တပ်မဟာ ၁ မှူး ဗိုလ်ချုပ်ပန်ဖှကို ပြောတယ်”

ဝမ့်ဟိုင်းအခြေစိုက် အပစ်ရပှ်ဗ တပ်မဟာ ၁ တပ်ဖွဲ့ ဌာနေပြည်သူ့စစ်တပ်ဖွဲ့အသွင်ပြောင်းလာစေရန်နားချ စည်းရုံးဖို့ ဦးလွယ်မောဝ်းနှင့် ဦးကိုင်ဖတို့အား နအဖ က ဆက်လက်ဖိအားပေးလျက်ရှိသည်ဟု ဆို၏။

ထိုကဲ့သို့ တဘက်တွင်တပ်သားများ ထွက်ပြေးနေကြပြီး ကျန်တဘက်တွင်လည်းဖိအားပေးခံနေရသောကြောင့် ဦးလွယ်မောဝ်း အကြပ်ရိုက် ခေါင်းခဲနေသည်ဟုလည်းအဆိုပါအသိုင်းအ၀ိုင်းက ပြောပါသည်။

စိန်ကျော့ဌာနချုပ်၊ တပ်မဟာ ၁၊ တပ်မဟာ ၃၊ တပ်မဟာ ၇ စုစုပေါင်း အပစ်ရပ် သျှမ်းပြည်တပ်မတော် လူသူ လက်နက် အင်အား ၆၀၀၀ ခန့်ရှိသည်ဟုဆို၏။ အသွင်ပြောင်းရေး လုံးဝလက်မခံသည့် တပ်မဟာ ၁ တွင်အင်အားထက်ဝက်ကျော်ရှိ သည်။ ထို့အပြင် ခေါင်းဆောင်ပိုင်းကြောင့် အသွင်ကူးပြောင်းရေးလက်ခံထားသည့် (ဌာနချုပ် တပ်ဖွဲ့/တပ်မဟာ ၂ ခု) တပ်ဖွဲ့ဝင် ကေဒါတပ်သား အများအပြားကလည်း အသွင်ပြောင်းရန် လုံးဝ ဆန္ဒမရှိကြပေ။
သျှမ်းသံတော်ဆင့်မှရယူသည်။

No comments:

Post a Comment