ondragstart="return false" onselectstart="return false"

Saturday, April 7, 2012

သမ္မတဦး​သိန်း​စိန်နှင့်​ ​ကေအန်ယူ​ခေါင်း​ဆောင်များ​ ​တွေ့​ဆုံ

Published on April 7, 2012 by ဒီဗွီဘီ
ဓါတ်ပုံ - ကွယ်ကလူသတင်းဌာန

မြန်မာသမ္မတ ဦး​သိန်း​စိန်ဟာ ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ) ​ခေါင်း​ဆောင်​တွေနဲ့​ ​နေပြည်​တော်မှာ ဒီ​နေ့​ ​တွေ့​ဆုံခဲ့​ပါတယ်။
အစိုး​ရအဖွဲ့​နဲ့​ ကရင်အမျိုး​သား​အစည်း​အရုံး​တို့​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲ အပြီး​မှာ ​ခေါ်ယူ​တွေ့​ဆုံခဲ့​တာပါ။ ​ကေအန်ယူအဖွဲ့​ဝင် ၁၉ ​ယောက်ဟာ ဒီက​နေ့​ သမ္မတနဲ့​တွေ့​ဆုံဖို့​ ​နေပြည်​တော်ကို ​လေ​ကြောင်း​ခရီး​နဲ့​ သွား​ရောက်ပါတယ်။

ဒါဟာ သမ္မတအ​နေနဲ့​ တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​နဲ့​ ပထမဆုံး​ ​တွေ့​ဆုံမှုဖြစ်တယ်လို့​ အမည်မ​ဖော်လိုသူ အစိုး​ရအရာရှိတဦး​က ​ပြောပါတယ်။

သမ္မတဦး​သိန်း​စိန်က လွှတ်​တော်မှာ ပါဝင်လာနိုင်​ရေး​အတွက် ​နောက်လာမယ့်​ ​ရွေး​ကောက်ပွဲမှာ ဝင်​ရောက်ယှဉ်ပြိုင်ဖို့​ နိုင်ငံ​ရေး​ပါတီတခု အ​နေနဲ့​ ဖွဲ့​စည်း​ဖို့​၊​ ကိုယ့်​ရဲ့​ ကရင်ပြည်နယ်​ဒေသ​တွေကို ​စောင့်​ရှောက် အုပ်ချုပ်ရာမှာ ပါဝင်နိုင်မယ့်​ နည်း​လမ်း​တခုအ​နေနဲ့​ ဖိတ်​ခေါ်တယ်လို့​ ဆိုပါတယ်။

သမ္မတက မြန်မာအစိုး​ရအ​နေနဲ့​ တိုင်း​ရင်း​သား​အုပ်စု​တွေအား​လုံး​နဲ့​ ထာဝရငြိမ်း​ချမ်း​ရေး​ ရဖို့​ သ​ဘောထား​ အစစ်အမှန် ရှိပါတယ်လို့​ ​ပြော​ကြောင်း​ အမည်မ​ဖော်လိုသူ မြန်မာအစိုး​ရကိုယ်စား​လှယ်တဦး​က ​ပြောပါတယ်။

ကေအန်ယူအဖွဲ့​ဟာ ရန်ကုန်ကို ပြန်​ရောက်ရှိလာပြီး​ တနင်္ဂ​နွေ​နေ့​မှာ အတိုက်အခံပါတီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ​တွေ့​ဆုံဖို့​ ရှိ​နေပါတယ်။ ​သောကြာ​နေ့​တုန်း​က ရထား​ဝန်ကြီး​ ဦး​အောင်မင်း​ ဦး​ဆောင်တဲ့​ အစိုး​ရအဖွဲ့​နဲ့​ ​နော်စီဖိုး​ရာစိန် ဦး​ဆောင်တဲ့​ ​ကေအန်ယူအဖွဲ့​တို့​ ရန်ကုန်မှာ ​တွေ့​ဆုံ ​ဆွေး​နွေး​မှု​တွေ လုပ်ခဲ့​ကြပါတယ်။
http://burmese.dvb.no/archives/23896

4 comments:

Anonymous said...

ပါတီထူထောင်ပါတဲ့။ လက်နက်ကိုင်ပြီး ပါတီထူထောင်လို့မရဘူးဆိုတော့ လက်နက်ချပြီး ပါတီထောင်ရမယ့်သဘော။
ပါတီမထူထောင်ဘူးလား။ အဲဒါဆိုရင် ကိုယ့်ကရင်ပြည်နယ်ဒေသကို စောင့်ရှောက်အုပ်ချုပ်ဖို့ ပါဝင်နိုင်မှာမဟုတ်တော့ဘူး ဆိုတဲ့သဘော။
သူ့ချီးနင်းရင်တော့ ငါ့လီးလို့ အပြောခံရဖို့ ပြင်ထားပေတော့။
အဲဒါပြီးရင် ကိုယ့်ချီးကို သူနင်းပြီး ငါ့လီးလို့ ထပ်အပြောခံရဖို့ပါပြင်ထား။

Anonymous said...

ပါတီထူထောင်ပါတဲ့။ လက်နက်ကိုင်ပြီး ပါတီထူထောင်လို့မရဘူးဆိုတော့ လက်နက်ချပြီး ပါတီထောင်ရမယ့်သဘောဘဲ။
ပါတီမထူထောင်တော့ဘူး။ အဲဒါဆိုရင် ကိုယ့်ကရင်ပြည်နယ်ဒေသကို စောင့်ရှောက်အုပ်ချုပ်ဖို့ ဆက်လက်တိုက်ပွဲဝင်မယ်ဒင်းတို့သိထားဘို့ကငါတို့ကရင်ဟာစစ်သွေးကြွလို့
တိုက်ပွဲဝင်နေတာမဟုတ်ဘူးငါတို့ကရင်တစ်မျိုးသားလုံးလွတ်လပ်ရေးမှလွတ်မြောက်ရေးရသည်အထိဆက်လက်တိုက်ပွဲဝင်သွားမယ်။

Anonymous said...

ယခုKNUငြိမ်းချမ်းရေးကိုယ်စလှယ်အဖွဲ့မှဆရာမနော်မေဦးကိုပြောချင်တာက
ကရင်ငြိမ်းချမ်းရေးအတွက်သွားတာလား ဒါမှမဟုတ်မော်ဒယ်အလှပြဖို့သွားတာ
လားဝတ်ထားတဲ့ခေတ်ပေါ်ကရင်အင်္ကျီကလည်းမပေါ့တပေါ်နဲ့ရထားအောင်မင်းကိုရင်ခုံအော်သွားလုပ်တာလားနောက်ရက်တွေဆိုပိုဆိုးကရင်ကိုယ်စလှယ်မှန်း
တော်မသိရဘူးငြိမ်းချမ်းပွဲစားလားလို့ထင်ရတယ် ငါတို့ကရင်ရဲ့ဂုဏ်သိင်္ခါကိုဆက်
လက်ထိန်းသိမ်းဖို့ပြောချင်ပါတယ်။

Anonymous said...

လက်ရှိပြောင်းလဲမှုတစ်ခုစီတိုင်းမှာ ခြေလှမ်းအသစ်တွေနဲ့ ခိုင်မြဲမြံအောင် ရှေ့ဆက်ရပ်တည်နိုင်မှ ......?

Post a Comment