ondragstart="return false" onselectstart="return false"

Thursday, April 5, 2012

မြန်မာအစိုးရနှင့် ကေအဲန်ယူငြိမ်းကိုယ်စားလှယ်များဆွေးနွေးပွဲ - ၄ - ၄ - ၂၀၁၂ - ဖားအံ့မြို့  (ရုပ်သံ)

ကွယ်ကလူသတင်းမှ



Type the rest of your post here.

5 comments:

Anonymous said...

အားပေးပါတယ်ဗျာ။အမှန်အတိုင်းပြောရရင်အစပိုင်းက စိတ်သိပ်မ၀င်စားဘူး၊
စိတ်ဝင်စားလာတော့ ပူပင်လာမိတယ်။ခေါင်းဆောင်ပိုင်းတစ်ချို့ အပေါ်မှာ သံ
သယလည်းဝင်ခဲ့မိသလို ဒီအပစ်အခတ်ရပ်စဲရေးအပေါ်မှာလည်းအားမပေးမိခဲ့
တာအမှန်ပါ။ဘာလို့ လဲဆိုတော့ဒီလက်ရှိအစိုးရဟာ တိုင်းရင်းသားတွေအပေါ်
မှာတစ်ကယ်ရိုးသားတဲ့သဘောထားနဲ့ဖြူစင်တဲ့သဘောထား မရှိဘူးဆိုတာကျ
နော်အတိအကျယုံကြည်ထားလို့ ဘာဘဲ။ဒါပေမဲ့ အခုနောက်ပိုင်း သတင်းတွေ
ကိုကြည့်ပြီးကျနော် အတွေးတစ်ခုဝင်လာတယ်။ဒါဟာ လည်း ကျနော်တို့ ခေါင်းဆောင်တွေက ရရှိလာတဲ့အခွင့်အရေးအရရန်သူနဲ့ စားပွဲဝိဝိုငိုင်းပေါ်မှာတိုက်ပွဲအသွင်တစ်မျိုးနဲ့ ရန်သူကိုပြန်လည် တိုက်ခိုက်နေတယ်လို့ 
ကျနော်မြင်လာမိတယ်။ဒါပေမဲ့ဒီတိုက်ပွဲဟာ လက်နက်ချင်းတိုက်တဲံ့တိုက်ပွဲလိုမဟုတ်ဘဲ အင်မတန်မှနူးညံ့ပြီးပြင်းထန်တဲ
တိုက်ပွဲဖြစ်တဲ့အတွက် ခေါင်းဆောင်ကြီးများကို အထူးဘဲသတိထားစေချင်ပါ
တယ်။ဒီတိုက်ပွဲမှာအရင်ကလို မဟုတ်ဘဲအမျိုးသမီးတွေရဲ့ ပါဝင်မှု အခန်းကို
မြင်လာမိတော့လည်းတစ်အားဖြစ်မိပါတယ်။အကြံတစ်ခုပေးလို့ရမည်ဆိုရင်ပေး
ချင်ပါတယ်။အခုတိုက်ပွဲဟာကရင်တစ်မျိုးသားလုံးအ ရေးဖြစ်တဲ့အတွက် ကရင်
တစ်မျိုးသားံ လဲုံးကိုအကျိုးပြုနိုင်တဲ့အကြံတွေ ပေးနိုင် ၀ိုင်းကူနိင်တဲ့ကရင်ပညာရှိ တွေကိုငါဆိုတဲ့အတ်တစိတ်၊personalလေးတွေကိုဘေးဖယ်ထားပြီးကရင်တစ်မျိုးသားလုံးအရေးအတွက်ကိုဦးထိပ်ထားကာ ကြိုဆို ဖိတ်ခေါ် အကြံအညာဏ်တောင်းခံစေလိုပါတယ်။ဘာလို့ လည်းဆို တော့ရန်သူက ဒီနုးညံြ့ပီးပြင်းထန်တဲ့တိုက်ပွဲမှာ ခေါင်းအလုံးရေ ကိုယ့်ထက်ပိုများနေပါတယ်။ဒါပေမဲ့ အကြံအဖန်သမားတွေပါမလာအောင်တော့ သတိထားစေခြင်ပါတယ်။
တိုင်းပြည်နဲ့လူမျိုးအတွက်လုပ်ဆောင် နေတဲ့ခေါင်းဆောင်များအားလုံးကိုဘုရားသခင်ကောင်းကြီးပေးပါစေ။
ကရင်ပြည်သူတစ်ဦး

Anonymous said...

ကရင်ပြည်နယ်အတွင်း တပ်စခန်း ရာနှင့်ချီပြီး ကရင်လူမျိုးကို တိုက်ခိုက်ဖို့
အဆင်သင့် ပြင်ထားတဲ့ မြန်မာ့တပ်မတော် အားလုံး ချွင်းချက်မရှိ
အလျင်အမြန်ရုပ်သိမ်းပေးရေးသည် ယုံကြည်မှုတည်ဆောက်ရာမှာ အလွန်အရေးပါတဲ့အချက်တစ်ချက်ဖြစ်ပါသည်။
မြန်မာ့တပ်မတော်က ချွင်းချက်မရှိ စစ်တပ်ကိုမရုပ်သိမ်းပါက ကရင်လူမျိုးကို သေနတ်နဲ့ချိန်ထားပြီး ငြိမ်းချမ်းရေးလုပ်မယ်ကွာလို့ ပြော
တာနဲ့တူပါတယ်။

Anonymous said...

ကရင်လူမျိုးအပေါင်းတို့ကျွန်တော်တို့ယုံကြည်ကိုးကွယ်တဲ့ဘုရားမှာအတူးဆုတောင်းပေှးကြပါ။ ဆုတောင်းခြင်းအားဖြင့်အရာခပ်သိမ်းကိုပြောင်းလဲပေးနိုင်ပါတယ်။

Anonymous said...

ကရင်ကိုယ်စားလှယ်တော်များသတိပြုရန်-
၁. နှုတ်ဖြင့် မြှောက်စားပေါင်းနှုတ်တတ်သူကို အမြဲသတိထားပါ။
၂. ကျွေးတိုင်းလဲမစားနဲ့၊ ပေးတိုင်းလဲမယူနဲ့။
၃. မုသာစကားပြောတတ်သောသူနဲ့စကားပြောနေတာသိရဲ့နဲ့
အလိမ်ခံရသောသူ မဖြစ်စေပါနဲ့။
( ဆုတောင်းပေးနေမယ် ထာဝရအသက်ရှင်တော်မူသောဘှုရားရှင်က
ရွှေးကောက်စေလွှတ်သော ကိုယ်စားလှယ်ဖြစ်ပါစေ။ }

Anonymous said...

ကျနော်တစ်ဦးချင်းအနေနဲ့ ပြောရရင် စစ်အစိုးရကအပစ်အခတ်ရပ်ဆဲရေးနဲ့ ပတ်သက်သည့်ဆက်ဆံရေးရုံးကိုနေရာအများအပြားမှာဖွင့်ထားချင်သည့်ရည်ရွယ်ချက်က စစ်အစိုးရအနေနဲ့ KNU ကိုသူ့ အားသူအလုပ်ရှုပ်သွားစေအောင် လုပ်သွားသည့်ရည်ရွယ်ချက်ဘဲ မေဦးရေ။

Post a Comment