ondragstart="return false" onselectstart="return false"

Sunday, July 21, 2013

သူရဦးရွှေမန်း နှင့် ဒေါ်အောင်ဆန်းစုကြည် နားလည်မှု တည်ဆောက်

ထောက်လှမ်းရေးသတင်း
ဇူလိုင် ၂ဝ၊ ၂ဝ၁၃

ယမန်နေ့က ရန်ကုန်မြို့ ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ပြုလုပ်သော ဘာသာရေးဆိုင်ရာ အခမ်းအနားတစ်ခုသို့ သူရ ဦးရွှေမန်း တက်ရောက်သည် – ဓာတ်ပုံ – Soe Nyunt (Royal Rose) ၏ facebook စာမျက်နှာကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အထူး ရင်းနှီးမှုရှိနေပြီး ၎င်းတို့၏ နောက်ကွယ်မှ အပေးအယူ တစ်ခုမှာ ၂ဝ၁၅ ရွေးကောက်ပွဲနှင့် ဆက်စပ်လျက်ရှိကြောင်း နေပြည်တော်မှလာသည့် သတင်းတစ်ခုအရ သိရှိရသည်။

၁၉၉ဝ ရွေးကောက်ပွဲနှင့် ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ အတွေ့အကြုံများအရ NLD သည် ၂ဝ၁၅ တွင် အပြတ်အသတ်နိုင်မည်ဖြစ်ပြီး သူရဦးရွှေမန်း ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်တွင် NLD က ရှောင်ပေးရန် ဒေါ်အောင်ဆန်းစုကြည်ထံမှ သဘောတူညီချက် ရရှိထားဖွယ်ရှိကြောင်း သတင်းရင်းမြစ်တခုက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ အမြတ်ထွက်မည့်အရာမှာ အခြေခံဥပဒေပြင်ဆင်ရေးကဲ့သို့သော ကိစ္စရပ်များအတွက် အထောက်အကူဖြစ်မည်။

ဒေါ်စုက နေပြည်တော်မှ ထိပ်သီးခေါင်းဆောင်များနှင့် အဆင်ပြေစေရန် ကာလအတန်ကြာ ကြိုးပမ်းခဲ့ရာ ယခုအခါ ဦးရွှေမန်းနှင့် အနီးစပ်ဆုံး ဖြစ်နေကြောင်း သုံးသပ်သူ အများအပြား ရှိနေသည်။
ဦးရွှေမန်း စီစဉ်သည်ဟု ယူဆနိုင်သည့် ဒေါ်စု၏ ၆၈ နှစ်မြောက် မွေးနေ့ပွဲတစ်ခု၏ ဓာတ်ပုံကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ ပြည်ထောင်စုနေ့စဉ်သတင်းစာ မျက်နှာဖုံးတွင် ဇွန်လ ၂ဝ ရက်နေ့က ဖော်ပြလိုက်ပြီးနောက်ပိုင်းတွင် ၎င်းတို့၏ ရင်းနှီးမှုကို အများအပြားက သတိပြုမိလာကြသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ၎င်းတို့ နှစ်ဦး ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်တွင် ပြုလုပ်သော အာဇာနည်နေ့ အထိမ်းအမှတ် ဆွမ်းကပ်လှူပွဲသို့ ဦးရွှေမန်း တက်ရောက်ခြင်းတို့ကို မီဒီယာများမှတစ်ဆင့် တွေ့ရှိရမည် ဖြစ်သည်။

အများသိသော ထူးခြားချက်တစ်ခုမှာ ယခုအခါ မိတ်ဆွေများသဖွယ် ဖြစ်နေကြသည့် ၎င်းတို့ နှစ်ဦးစလုံးက ၂ဝ၁၅ တွင် သမ္မတတာဝန် ထမ်းရွက်လိုကြောင်း လူသိရှင်ကြား ပြောဆိုထားကြခြင်းပင်ဖြစ်သည်။
မူရင်း - http://moemaka.com/archives/36642

No comments:

Post a Comment