ondragstart="return false" onselectstart="return false"

Tuesday, July 9, 2013

KNU၊ KNPP နယ်မြေ မိုင်းရှင်းရေး အတွက် အပစ်ရပ် အာမခံချက်နှင့် လုပ်ငန်းစဉ် ရှင်းဖို့လို


ဟင်္သာနီ (မွန်မြေ) | အင်္ဂါနေ့၊ ဇူလိုင်လ ၀၉ ရက် ၂၀၁၃ ခုနှစ် ၀၆ နာရီ ၄၀ မိနစ်

စံခလပူရီ (မဇ္ဈိမ)။ ။ ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ထိန်းချုပ်နယ်မြေများတွင် မြေမြှုပ်မိုင်း ရှင်းလင်းနိုင်ရေးမှာ အပစ်အခတ် ရပ်စဲရေး ခိုင်မာမှု၏ ဂတိကဝတ် အာမခံချက် မရှိသေးခြင်းနှင့် လက်တွေ့ လုပ်ငန်းစဉ်များ ရှင်းလင်း တိကျမှု မရှိသေး၍ အကောင်အထည် မဖော်နိုင်
သေးသည့် အခြေအနေများ ရှိနေကြောင်း နှစ်ဖွဲ့ ခေါင်းဆောင် များက ပြောသည်။

မြေမြှုပ်မိုင်း ရှင်းရန်အတွက်မူ သဘောထား ရှိထားသော် KNU သည် ရှင်းလင်းရေး၏ ပထမ အဆင့် မိုင်းအန္တရာယ် ပညာပေးခြင်း (Mine Risk Education) အဆင့်ကိုသာ လုပ်ဆောင်ရသေးကြောင်း အတွင်းရေးမှူး (၁)ပဒို မန်းမန်း က ပြောသည်။

“ကျနော်တို့ အနေနဲ့ အပစ်အခတ် ရပ်စဲရေး ပြုလုပ်တဲ့အပေါ်မှာ ဒီနေ့ ဒီအချိန်အထိ ခိုင်မာတဲ့ ယုံကြည်ချက်၊ စိတ်ချရတဲ့ အာမခံချက် ဘာမှ မရှိသေး သရွေ့တော့ မြေမြှုပ်မိုင်း တစုံလုံး ရှင်းလင်း ဖော်ထုတ်ဖို့အတွက် ဘာမှ မဆုံးဖြတ် သေးပါဘူး” ဟု မဇ္ဈိမကို ပြောသည်။

ပထမ အဆင့်တွင် ဒေသခံ ပြည်သူလူထုအား မိုင်းအန္တရယ် အကြောင်း ပညာပေးခြင်းအပြင် မြေမြှုပ်မိုင်းများ အန္တရာယ် ရှိနိုင်သည့် ဧရိယာများအား အကြမ်းဖျင်း သတ်မှတ်ခြင်း၊ ထိုဧရိယာများတွင် မိုင်းအန္တရာယ် အမှတ်အသား ဆိုင်းဘုတ် တပ်၍ သွားလာမှုကို ကန့်သတ်ခြင်းတို့ ပါဝင်သည်။

ထို့နောက် ဒုတိယ အဆင့်တွင် မိုင်းကွင်းနှင့် တည်ရှိ မြေမြှုပ်မိုင်း အရေအတွက်ကို နည်းပညာ အကူအညီ မပါဘဲ အချက်အလက် ကောက်ယူခြင်း (Non-Technical Survey)၊ နည်းပညာ အကူအညီဖြင့် အချက်အလက်
ကောက်ယူခြင်း (Technical Survey)နှင့် တတိယအဆင့်အဖြစ် မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းစဉ် (De-mining) အဆင့်တို့ ပါဝင်သည်။

KNU ထိန်းချုပ် ဒေသတွင် မြေမြှုပ်မိုင်း ရှင်းလင်းရေးနှင့် ပတ်သတ်၍ကား စတင် အကောင်အထည် ဖော်နိုင်သည့်
နေများမှ လုပ်ဆောင်သွားမည် ဖြစ်ပြီး လိုအပ်လျှင် နိုင်ငံတကာနှင့် ပူးပေါင်းကာ နည်းပညာအရ ထောက်ပံမှု အနေနှင့် ဖိတ်ခေါ် သွားမည်ဟု ပဒိုးမန်းမန်း က ဖြည့်စွက်ပြောကြားသည်။

မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းစဉ် သုံးဆင့်ထဲမှ အဆင့် ၁ အား KNU မှ အကောင်အထည် ဖော်ခဲ့ပြီး ဖြစ်သည်။ ဆက်လက်၍ အဆင့် ၂ အား KNU ဗဟိုမှ ဆက်လက် လုပ်ဆောင်သွားရန် သဘောထား ချမှတ်ထားပြီးလည်း
ဖြစ်သည်။ လက်တွေ့ အကောင်ထည် ဖော်သည့် အပိုင်းတွင်မူ သက်ဆိုင်ရာ ခရိုင် တပ်မဟာအလိုက်၊
ဒေသအလိုက် စဉ်းစားချက်နှင့် လိုအပ်ချက်အပေါ် ဆောင်ရွက်သွားရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း သိရသည်။

ကရင်နီ ပါတီ (KNPP) ကမူ ၎င်းကိစ္စအား ဦးအောင်မင်းနှင့် ဆွေးနွေး ခဲ့သော်လည်း ဦးအောင်မင်း က မြေမြှုပ်မိုင်း
နှင့် ပတ်သတ်၍ ဥပဒေ ရေးဆွဲနေဆဲပင် ဖြစ်ပြီး ရေးဆွဲပြီး သမ္မတ အတည်ပြု ပြီးမှ မြေမြှုပ်မိုင်း ဥပဒေကို အမှီပြုကာ အကောင်ထည်ဖော်၍ ရနိုင်မည်ဟုဆိုကြောင်း ဒုဥက္ကဋ္ဌ ခူဦးရယ် က ပြောသည်။

“မြေမြှုပ်မိုင်းကိစ္စ ကတော့ ဥပဒေ ရေးဆွဲဖို့ လိုမလိုတော့ မသိဘူး ဦးအောင်မင်း ကတော့ ဥပဒေ ရေးဆွဲ နေတယ်
လို့ ပြောသွားတာပဲ။ ကျနော်တို့ အနေနဲ့ ဒုက္ခသည်တွေကို ပြန်လည် နေရာချထားဖို့ ဖြစ်လာရင်တော့ မိုင်းတွေ ရှင်းလင်းသွားဖို့တော့ ရှိပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ထို မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းစဉ်အတွက် အစိုးရဘက်မှ မရေရာမှုများ ရှိနေ၍ KNPP အနေနှင့်လည်း အကောင်ထည်ဖော်ရန် စီမံချက် ရေးဆွဲခြင်း မရှိသေးဟုလည်း ဆိုသည်။

KNPP သည် ထိုင်း-မြန်မာ နယ်စပ်ရှိ ရှားတော မြို့နယ်တွင် ၎င်းတို့ဒေသ အခြေဆိုက် တပ်ဖွဲ့နှင့် အစိုးရ အခြေစိုက် တပ်တို့ ပူးပေါင်းကာ မြေမြှုပ်မိုင်း ရှင်းလင်းရေး အတွက် အစမ်း စီမံချက် (Pilot Project) ငယ်တခု လုပ်ဆောင်ရန်
နှစ်ဖက် သဘောတူညီချက် ရထားပြီး ဖြစ်သည်ဟု ခူဦးရယ် က ဆိုသည်။ ကျန် ဧရိယာများကိုမူ ဥပဒေ အတည်ပြု ပြီးမှ ဆက်လက်၍ အကောင်အထည် ဖော်သွားမည်ဟု ဆိုသည်။

ကယား ပြည်နယ်အတွင်း မြေမြှုပ်မိုင်း ပညာပေးရေး အဖွဲ့သာ ဖွဲ့ထားပြီး အကောင်အထည် ဖော်မည့်အဖွဲ့ မဖွဲ့ရသေးကြောင်းဘဲ လုပ်ငန်းစဉ် အကောင်ထည် ဖော်မည့် အခါမှသာ လိုအပ်ချက်အလိုက် ရှင်းလင်းရေး အဖွဲ့ကို တိုးချဲ့ဖွဲ့စည်းသွားမည်ဟု ဆိုသည်။

မည်သည့် အဆင့်က စမည်ကို ယနေ့အချိန်ထိ ဆွေးနွေးနေဆဲပင် ဖြစ်ပြီး လိုအပ်သည့် နေရာတွင် အစိုးရနှင့် ညှိနှိုင်းကာ ဆောင်ရွက်သွားမည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မြေမြှုပ်မိုင်း အန္တရာယ်နှင့် ပတ်သက်၍ ကရင်နီ ပြည်သူလူထုအား ပညာပေးလုပ်ငန်းများနှင့် မိုင်း ရှိသည့် နေရာ
တွင် အချက်အလက် ကောက်ယူခြင်း၊ ဧရိယာ သတ်မှတ်ခြင်း တို့ကိုမူ ကာလရှည်ကြာ ကတည်းက စတင်ကာ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း ခူဦးရယ် က ပြောသည်။

KNPP နယ်မြေတွင် မြေမြှုပ်မိုင်းနှင့် ပတ်သတ်၍ ပြည်ပ ပညာရှင်များ လာရောက် ဆွေးနွေးခြင်းမျိုး ရှိသော်လည်း ဒုတိယအဆင့် တစိတ်တပိုင်းသာ ဆောင်ရွက်နိုင်ခြင်း ရှိသေးသည်။

No comments:

Post a Comment