ondragstart="return false" onselectstart="return false"

Thursday, July 11, 2013

ကရင်အမျိုးသားစည်းလုံး ရေးနှင့်ငြိမ်းချမ်းရေး ဖေါ်ဆောင်မှုဆွေးနွေးပွဲ ရန်ကုန်တွင်ကျင်းပမည်

ဇူလိုင်လ ၁၀ရက်၊ ၂၀၁၃ခုနှစ်။ စောထွန်းလင်း (ကေအိုင်စီ)

ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေးဖေါ်ဆောင်မှု ရန်ကုန်တိုင်းဒေသကြီးဆွေးနွေးပွဲကို မရမ်းကုန်းမြို့နယ်၊ ခ၀ဲခြံရပ် ကွက်၊ ဗဟိုလမ်းပေါ်ရှိ မြန်မာနိုင်ငံ ခရစ်ယာန် မျက်မမြင်ကျောင်းခမ်းမ၌ ဇူလိုင် ၁၃ရက်နေ့တွင် ကျင်းပသွားမည်ဟု သိရသည်။

ယင်းဆွေးနွေးပွဲကို ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီက ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ဆွေးနွေးပွဲသို့ ရန် ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သည့် လယ်သမား၊ တောင်ယာလုပ်ငန်းလုပ်ကိုင်သူ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဘာသာရေး ဆရာများ၊ နိုင်ငံရေးသမားများ စသည့်အလွှာစုံမှ ကရင်လူမျိုးများ တက်ရောက်ဆွေးနွေးမည်ဖြစ်ကြောင်း အဆိုပါကော်မတီဝင် နမ့်ခင်အေးဦးက ပြောသည်။

“ရန်ကုန်တိုင်းဒေသကြီးမှာ နေထိုင်တဲ့ ကရင်အမျိုးသား တွေ့ ဆုံဆွေးနွေးပွဲ ဖြစ်တာကြောင့် အလွှာစုံ ကရင်အမျိုးသား ၃၀၀ ကျော်ကို ဖိတ်ကြားထားပါတယ်။”ဟု နမ့်ခင်အေးဦးက ကေအိုင်စီသို့ ပြောဆိုသည်။

ဆွေးနွေးပွဲတွင် စစ်မှန်သော ငြိမ်းချမ်းမှုရရှိရန် ကရင်ပြည်နယ်မဟုတ်သည့် တိုင်းနှင့် ပြည်နယ်အချို့တွင် နေထိုင်ကြသူ ကရင် ရပ်မိရပ်ဖများက ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေးဖြစ်စဉ်တွင် ပါဝင်အကြံပြု ဆွေးနွေးသွားနိုင်ရန်၊ ရန်ကုန်တိုင်းအတွင်းမှ ကရင်အမျိုးသားများအနေဖြင့် အနယ်နယ်အရပ်ရပ်တွင် နေထိုင်သည့် ကရင်အမျိုးသားများနှင့် စည်းလုံးမှုကို မည်ကဲ့သို့ တည် တံ့ခိုင်မြဲအောင် ကြံဆောင်သွားမည်တို့ကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကရင်စာပေနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်ရန် ကရင်ပြည်နယ်ပြင်ပရှိ ကရင်အမျိုးသားများ မည်သို့အကြံပြုလိုသည် နှင့် ကရင်အမျိုးသားများအတွက် အခြားတင်ပြလိုသော အကြောင်းအရာများကို ဆွေးနွေးနိုင်ရန် ဖိတ်စာနှင့်အတူ ကြိုတင်ပေးပို့ ထားကြောင်း ဖိတ်ကြားခံထားရသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် မတ်လ ၂၉မှ ၃၀ရက်နေ့တွင် ကရင်ပြည်နယ်၊ ဖားအံမြို့၌ ကျင်းပခဲ့သည့် ပထမအကြိမ် ကရင်ရေးရာအစည်းအဝေး တွင် စတင် ဖွဲ့ စည်းခဲ့သည့် ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီတွင် ကရင်ဘာသာရေးခေါင်ဆောင်များ၊ ကရင်ရေးရာဝန်ကြီးများ၊ ကရင်နိုင်ငံရေးပါတီခေါင်းဆောင်များ၊ လူမှုအဖွဲ့ အစည်းများနှင့် ကေအဲန်ယူ အပါအ၀င် ကရင်လက် နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ် စုစုပေါင်း ၃၇ဦး ပါဝင်သည်။

No comments:

Post a Comment