ondragstart="return false" onselectstart="return false"

Monday, February 10, 2014

ဂေဘားမျိုးနွယ်စုမှ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူခြင်း အပေါ် သဘောထား ထုတ်ပြန်ချက် (၇-၂-၂၀၁၄)

ဂေဘားမျိုးနွယ်စုမှ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူခြင်း အပေါ်
သဘောထား ထုတ်ပြန်ချက် (၇-၂-၂၀၁၄)

၂၀၁၄ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို မြန်မာနိုင်ငံတ၀ှမ်းရှိ ကရင်တိုင်းရင်းသားလူမျိုးများ သည် ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလ (၉-၁၀) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဖားအံမြို့၊ သုမေဓါရာမ ကြားတောရကျောင်းတွင် ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲမှ သုံးသပ်ချက်များထဲတွင် “ကရင်တိုင်းရင်းသားလူမျိုးက သမိုင်းအရ အစဉ်တစိုက် သိရှိထားသော မိမိတို့၏ မျိုးနွယ်စုဝင်အချို့သည် ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုဆိုင်ရာ ကရင်တိုင်းရင်းသားလူမျိုး၏ မျိုးနွယ်စု သတ်မှတ်ခေါ်ဝေါ်ရာတွင် အခြားသော တိုင်းရင်းသားလူမျိုးများ သတ်မှတ်စာရင်းထဲ၌ ထည့်သွင်းထားသည်ကို တွေ့ရသည်” ဟူသည့်အချက်ပါရှိခဲ့သည်။ ထို့အပြင် အကြံပြုတောင်းဆိုချက်များထဲတွင်လည်း “သန်းခေါင်စာရင်း လာရောက် ကောက်ယူချိန်၌် မိမိကိုယ်မိမိ ကရင်လူမျိုးဖြစ်ကြောင်းဖော်ပြရာတွင် မိမိ၏ကရင်မျိုးနွယ်စုအမည်ကို ရှင်းရှင်းလင်းလင်း ဖြေဆိုပေးရန်”ဟု ဖော်ပြထားပါသည်။

အထက်ပါအခြေခံအကြောင်းရင်းများကြောင့် ၂၀၁၄ခုနှစ်သန်းခေါင်စာရင်း ကောက်ယူရာတွင် အသုံးပြုမည့် တိုင်းရင်းသားမျိုး နွယ်စုများ သတ်မှတ်စာရင်းတွင် ဂေဘားမျိုးနွယ်စုကို ကယားလူမျိုးစုစာရင်းတွင် ထည့်သွင်းထားရာမှ ကရင်လူမျိုးစုစာရင်းသို့ မှန်မှန်ကန်ကန် ပြန်လည်ထည့်သွင်းပေးရန် ကိစ္စအတွက် ဂေဘားမျိုးနွယ်စုများ၏ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ၂၀၁၄ခုနှစ် ဖေဖေါ်ဝါရီလ (၇)ရက်နေ့တွင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲ၊ မြသာကုန်းကျေးရွာ၌ကျင်းပခဲ့ရာ အမျိုး သားလွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ် တော်ကိုယ်စားလှယ်များ၊ ကရင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ကရင်အမျိုးသားအစည်းအရုံး တောင်ငူခရိုင် ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီဝင်များ၊ ကရင်ပြည်နယ် ဖားအံခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဘာသာရေးခေါင်း ဆောင်များ၊ ကရင်လူမှုရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ဂေဘားမျိုးနွယ်စုများ နေထိုင်သော ကျေးရွာပေါင်း ၁၀၀ကျော်မှ ဂေဘားမျိုးနွယ်စု ကိုယ်စားလှယ် စုစုပေါင်း (၅၆၆)ဦး တက်ရောက်ခဲ့ပါသည်။

ထိုတွေ့ဆုံဆွေးနွေးပွဲတွင် ဂေဘားလူမျိုးသမိုင်းအကျဉ်း တင်ပြခြင်းနှင့် ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းဆိုင်ရာ ဂေဘားလူမျိုးစုရေး ရာ စာတမ်းဖတ်ကြားရာတွင် အောက်ပါအချက်များကို တင်ပြထားပါသည်။

(၁) ဂေဘားတစ်မျိုးသားလုံးက မိမိတို့သည် ကရင်မျိုးနွယ်စုထဲတွင် ပါဝင်ကြောင်း ရှေးယခင် ကာလအစဉ် အဆက်ကတည်းက အစဉ်တစိုက်ခံယူထားသော်လည်း ၂၀၁၄ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရာတွင် အသုံးပြုမည့် တိုင်းရင်းသားမျိုးနွယ်စုများ သတ်မှတ်စာရင်းတွင် ဂေဘားမျိုးနွယ်စုကို ကယားလူမျိုးစု စာရင်းတွင်ထည့်သွင်းထားသည်ကို တွေ့ရှိရပြီး အဆိုပါသတ်မှတ် ချက်ကို ဂေဘားမျိုးနွယ်အများစု၏ သဘောတူ အတည်ပြုလက်ခံခဲ့ခြင်းမရှိဘဲ ဆောင်ရွက်ခဲ့ခြင်းသာဖြစ်သည်။
(၂) ဂေဘားမျိုးနွယ်စုကို ကယားလူမျိုးစု စာရင်းတွင် ထည့်သွင်းထားသည့်အတိုင်းသာ သန်းခေါင်စာရင်းဝင်ဖြစ်ပါက ကရင်မျိုးနွယ် တစ်စု ပျောက်ကွယ်သွားမည်ဖြစ်သည့်အပြင် ဂေဘားမျိုးနွယ်စုသည် ကရင်မျိုးနွယ်စုဝင်ဖြစ်ကြောင်းကို ခိုင်လုံသော အထောက် အထား (၁၅)ချက်ဖြင့် တင်ပြထားသည်။

ထိုတင်ပြဆွေးနွေးချက်များအပေါ် အခြေခံ၍ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသော ဂေဘားမျိုးနွယ်စု ကိုယ်စားလှယ်များ မှ ဂေဘားမျိုးနွယ်စုသည် ကရင်လူမျိုးစုဝင်ဖြစ်ကြောင်း ကန့်ကွက်သူမရှိ၊ တစ်ခဲနက် ထောက်ခံကာ နိုင်ငံတော်အစိုးရ၊ လွှတ် တော်အသီးသီးနှင့် ဗဟိုသန်းခေါင်စာရင်းကော်မရှင်တို့အား အောက်ပါအတိုင်း အလေးအနက်တောင်းဆိုသည်။
(၁) တိုင်းရင်းသားလူမျိုးများ၏ မျိုးနွယ်စုသတ်မှတ်ခေါ်ဝေါ်ခြင်းတွင် ဂေဘားမျိုးနွယ်စုကို ကယားလူမျိုးစုစာရင်းတွင် သတ်မှတ်ခေါ်ဝေါ် ခြင်းမှ ကရင်လူမျိုးစုစာရင်းတွင် မှန်ကန်စွာ ပြန်လည်ထည့်သွင်း ဖော်ပြပေးရန်။
(၂) ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းကောက်ယူရာတွင် အသုံးပြုမည့် တိုင်းရင်းသားမျိုးနွယ်စုများ အမည်သတ်မှတ်ချက် ဂဏန်း သင်္ကေတ(Code Number)စာရင်းတွင် ဂေဘားမျိုးနွယ်စု၏ ဂဏန်းသင်္ကေတကို ကရင်လူမျိုးစု၏ ဂဏန်းသင်္ကေတစာရင်းဝင် အဖြစ် ပြန်လည်သတ်မှတ်ဖော်ပြပေးရန်။

ထို့အပြင် ဂေဘားမျိုးနွယ်စုဝင်များနှင့် ကရင်မျိုးနွယ်စုတစ်ရပ်လုံးကို အောက်ပါအတိုင်း အလေးအနက် တောင်းဆိုသည်။
(၁) သန်းခေါင်စာရင်း လာရောက်ကောက်ယူချိန်တွင် မိမိသည် ဂေဘားမျိုးနွယ်စုဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဖြေဆိုရန်။
(၂) ကရင်တိုင်းရင်းသားရေးရာ ၀န်ကြီးများ၊ အစိုးရအဖွဲ့ဝင် ကရင်ဝန်ကြီးများ၊ ကရင်လူမျိုးလွှတ်တော် ကိုယ်စားလှယ်များ၊ ကရင်အမျိုး သားခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ၊ ကရင်လူမှုအဖွဲ့အစည်းများ၊ ကရင်နိုင်ငံရေးပါတီများနှင့် ဘာသာရေးအဖွဲ့အစည်းများ အားလုံးအနေဖြင့် ဂေဘားမျိုးနွယ်စုသည် ကရင်မျိုးနွယ်စုဝင်အဖြစ် သတ်မှတ်ခေါ်ဆိုနိုင်ရေးကိစ္စကို အထူးအလေးထားပြီး ကူညီ ဆောင်ရွက်ရန်။

နိဂုံး
ဂေဘားမျိုးနွယ်စုသည် ကရင်မျိုးနွယ်စုဝင်အဖြစ် ပြန်လည်ထည့်သွင်းနိုင်ရေးအတွက် မိမိတို့ ဂေဘားမျိုးနွယ်စုဝင်များ၏ သမိုင်း ပေးတာဝန်သာဖြစ်သဖြင့် အောင်မြင်သည်အထိ တစိုက်မတ်မတ် ဆက်လက်ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်သည်။

အသေးစိတ် သိရှိလိုပါက -
(က) စောဂျူးနစ် (၀၉-၆၀၀၀၃၀၀၉၇၉)
(ခ) ဆရာမမေးလ်ထာ (၀၉-၂၅၀၄၀၂၄၂၂)
(ဂ) ဆရာအောင်ကူး (၀၉-၄၉၂၉၁၁၄၃)

3 comments:

Unknown said...

hi. Geba also speak bwe so Geba people should know then Geba should be in bwe ethnic
I think next coming bwe people who live in karen state and Karenni state should be standing the main ethnic in Burma and the world , many bwe people in USA, Aust,Finland ,Swaziland, Norway ,and the anther place on the world. woke up now lets start as our future.by u brother in Finland

Mu Mu said...

Do you think every people can speak Bwe language or living nearby Bwe area is Bwe ecthnic?

Unknown said...

u understanding what poe ,saw, bwe are mean , I want to share everyone by all I think of course,
but they are the same understanding each other to speak and the culture are the same.so the world historical
are recognized . I do no mean Karen . I mean who thinking there self they are bwe people. u will be hear the story of Naw mu baw ( sing by san pai ) http://youtu.be/Q2hheFlRiP0. http://youtu.be/eYgrqs5PvBc.
I am very sad about the bwe people ,they are bwe but they do no know they are bwe, his-her grandmother- grandfarther are bwe but his-her can no say there are bwe.I want to share anther example
now I am resentment to stay in Finland but I am no fin ethnic . I am bwe ethnic. ( from Burma ).so the people who resentment live in bwe area they are ...........?

Post a Comment