ondragstart="return false" onselectstart="return false"

Monday, March 10, 2014

အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး ကြိုးပမ်းရန် လုံးဝမသင့်တော်ဟုပြတ်ပြတ်သားသားတင်ပြလိုက်ပါသည် - အဂ္ဂ

ဆောင်းပါး - အဂ္ဂ

အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး ကြိုးပမ်းရန် လုံးဝမသင့်တော်ရခြင်းအကြောင်းမှာ-

၁။ မြန်မာပြည်သည် ဗုဒ္ဓဘာသာဝင်နှင့် ဗမာလူမျိုးတမျိုးတည်းပိုင်ဆိုင်သောနိုင်ငံမဟုတ်သည်ကတကြောင်း-
၂။ ဥပဒေပြဌာန်းရေးအဆိုပါ ကိစ္စများမှာ အမျိုးသားရေးပြသနာမဟုတ်ဘဲ လူတဦးချင်းစီ၏ဆုံးဖြတ်ပိုင်ခွင့်အခွင့်အရေးဖြစ်သည်ကတကြောင်း-
၃။ အထူးသဖြင့် အမျိုးသမီးတဦးချင်းစီ၏ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်သာဖြစ်သည်ကတကြောင်း-
၎။ ဗမာလူမျိုးနှင့် ဗုဒ္ဓသာကို မွတ်စလင်ဘာသာမှ ကာကွယ်ရန်ဖြစ်သည့်နည်းတူ တခြားဘာသာဝင်နှင့်တိုင်းရင်းသားများကို ဗမာလူမျိုးတို့ လွမ်းမိုး သွေးနှောမှုမှ ကာကွယ်ရန်ကိုလဲ လူမျိုးစုတို့ တင်သွင်းလာကြမည်ဖြစ်သည်ကတကြောင်း-
၅။ စင်စစ်မြန်မာပြည်တွင် တိုင်းရင်းသားလူမျိုးစုများ၏မှေးမှိန်တိမ်ကောပပျောက်မှု၊ တိုင်းရင်းသားလူဦးရေတဟုန်ထိုးလျှော့ကျလာမှု၊ တိုင်းရင်းသားစာပေများ အသုံးမ၀င်ဖြစ်စေမှု၊ တိုင်းရင်းသားသမိုင်းများ ချောင်ထိုးခံရမှု အားလုံးတို့ မှာ ပြည်ပမှလာရောက်မှီခိုနေထိုင်သောလူမျိုးစုအနည်းငယ်ကြောင့်လုံးဝမဟုတ်ဘဲ စစ်အစိုးရအဆက်ဆက်၏တိုင်းရင်းသားတို့ အပေါ်ဒါးမှိုးချိန်းချောက်ဖိနှိပ်ထားမှုကို ကျောထောက်နောက်ခံပြုသည့် နယ်ပယ်အသီးသီးကတိုင်းရင်းသားဗမာလူမျိုးတချို့ကြီးတို့ ကြောင့်သာလျှင်ဖြစ်သည်ကတကြောင်း-
၆။ တည်ဆဲဥပဒေတွင် လူမျိုးဘာသာ အချုပ်အခြာကာကွယ်မှုဆိုင်ရာ ဥပဒေ အားလုံးလိုအပ်သည်ထက်ပိုမိုပါရှိနေပြီဖြစ်သည်ကတကြောင်း-


၇။ တိုင်းရင်းသားနှင့် ဗမာလူမျိုးများ အားလုံးနိုင်ငံရေးအရတန်းတူမှုလက်တွေ့ ဖြစ်ပေါ်လာစေမည့် ဖက်ဒရယ်ဥပဒေဖြစ်မြောက်ရေးလမ်းကြောင်းကို ဦးတည်လှုပ်ရှားသော ဒေါ်အောင်ဆန်းစုကြည် အဲန်အယ်လ်ဒီပါတီ-၈၈မျိုးဆက်၊ တိုင်းရင်းသားမဟာမိတ်တို့ နှင့် ကျန်တိုင်းရင်းသားများပူးပေါင်းမှုမှ ပြည်သူတရပ်လုံး၏တခဲနဲ့ ထောက်ခံမှု လှိုင်းတပိုးကြီးဖြစ်လာမည်ကို လမ်းလွှဲရန်မျှသောနိုင်ငံရေး အကောက်ကြံမှုမျှသာဖြစ်သည်ကတကြောင်း-
၈။ အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး ကြိုးပမ်းခြင်းသည် လူတဦးခြင်း၏အခြေခံလူ့ အခွင့်အရေးများကို လူမျိုးခြားဘာသာခြားထက် မိမိလူမျိုးကိုယ်တိုင်က မိမိလူမျိုးအပေါ် လူ့ အခွင့်အရေးချိုးဖေါက်ရန်အားထုတ်ခြင်းမျှသာဖြစ်သဖြင့် နိုင်ငံသားတဦးခြင်းစီ၏လွတ်လပ်မှုအတွက် အြီကီးမားဆုံးသော အန္တရယ်ဖြစ်လာမည်ကတကြောင်း-
စသည်တို့ ကြောင့် ဘာသာလူမျိုးမခွဲခြား အားလုံးကို အညီအမျှကာကွယ်သောနိုင်ငံအသိုင်းဝန်းအဖြစ်မှသွေဖီမသွားစေရန် အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး ကြိုးပမ်းမှုကို လုံးဝရှုံ့ ချ တားမြစ်သင့်ပါကြောင်း…
အဂ္ဂ

No comments:

Post a Comment