ondragstart="return false" onselectstart="return false"

Monday, March 24, 2014

KNU ခေါင်းဆောင်များ၏ အရေးပေါ်အစည်းအဝေး

မတ်လ - ၂၄ -၂၀၁၄

သတင်း-မန်းမျိုးမြင့်(မီဒီယာ)

လက်ရှိနိုင်ငံရေးအခြေအနေများကို သုံးသပ်ညှိနှိုင်းဆွေးနွေးနိုင်ရန်အတွက် KNU ဗဟိုအမြဲတမ်းကော်မတီ ၄၈ ဦး၏ အရေးပေါ်အစည်းအဝေးကို ယနေ့နံနက်ကစတင်ကာ KNU လက်အောက်ခံ ဘားအံခရိုင်ရှိ လေးဝါးစခန်းတွင် စတင်ကျင်းပလျှက်ရှိသည်။

KNU ဥက္ကဌအပါအ၀င် ဗဟိုအမြဲတမ်းကော်မတီဝင်များ စုံညီစွာတက်ရောက်နေသည့် အရေးပေါ်အစည်းအဝေးတွင် အစိုးရနှင့်လက်ရှိဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အဓိကဆွေးနွေးကြမည်ဖြစ်ပြီး အနည်းဆုံး ၃ ရက်မှ ၅ ရက်ခန့်ကြာမြင့်မည်ဟု ဗဟိုကော်မတီဝင်တဦးကပြောသည်။

၎င်းအပြင် KNU ဒေသများအတွင်း သန်းခေါင်စာရင်း ကောက်ခံမှုနှင့်ပတ်သက်၍ ၀ိဝါဒကွဲပြားနေမှုများကိုလည်း ထည့်သွင်းဆွေးနွေးကြမည်ဟုသိရသည်။


2 comments:

Unknown said...

ဖေ့ဘွတ်မှာ ပြန့် နေဒါ တွေ့ လို့ ဒီမှာလာပြီးဖေါက်သည်ချပေးလိုက်ပါတယ်။ ဖတ်ကြည့်ကြပါ။

လောက်ကောင်တွေရဲ့ အလွတ်သဘော
March 16, 2014 at 3:53am

တော်လှန်ရေးလောက်ကောင်၊ ခြကောင်များ၊ ဖျက်ပိုးများကအလွတ်သဘောဆိုပြီးဘားအံဆွေးနွေးပွဲမတိုင်ခင် ဆုံးဖြတ်နေပြီ
(NCCT) မှာပါတဲ့ ကွယ်ထူးနဲ့ ခွန်ဥက္ကာတို့ ထင်ရာစိုင်းလုပ်ချင်တိုင်းလုပ်နေတာကိုဆန့်ကျင်ကြ။
တာဝန်မဲ့ တာဝန်မခံတဲ့ ပေါက်ပန်းဈေးလူတွေ၊တနိုင်ငံလုံးတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများရဲ့  အဖွဲ့ခေါင်းဆောင်အဆင့်အတန်းမရှိသူတွေ၊ရန်သူ့အတွေးအခေါ်ရှိသူတွေ၊ ရန်သူ့အလုပ်ကိုလုပ်နေသူတွေ၊ ရန်သူခိုင်းတာကိုအလိုက်သင့်ဖြစ်နေသူများကိုဖြုတ်ပစ်၊ ထုတ်ပစ်။
(KNU)ဖေါက်ပြန်ရေးအုပ်စုကလူတွေ စစ်အုပ်စုရှေ့ပြေးနဲ့တွေ့ပြီးဆုံးဖြတ်ပြီးမှ (NCCT)နဲ့တွေ့တဲ့အခါ ဆုံးဖြတ်ချက်နိုင်အောင် အကွက်ဆင်နေတယ်။
• ပဒိုကွယ်ထူးခွန်ဥက္ကာတို့ (NCCT)ကလူတွေ လော်ခီးလာအပစ်ရပ်စာချုပ်ဖျက်လိုက်ကြပြီ၊ ပျက်သွားပြီ။
• ကရင်ခေါင်းဆောင်အတုမူတူး၊ ကွယ်ထူး၊ မန်းငြိမ်းတို့ရန်သူနဲ့ပေါင်းသွားပြီ။ (ဟန်ယောင်ဝေ၊ တူးတူးလေး)တို့ က အောင်သွယ်လုပ်ပေးတယ်။ သတိရှိကြ။
• (KNU) ဟာ (NCCT) နဲ့မတွေ့ခင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ကြိုတွေ့ပြီးသဘောတူညီထားတဲ့အချက် တနည်းအားဖြင့် (WGEC)မူကို (KNU)ကွယ်ထူးမှ (NCCT)၏သဘောတူညီချက်ဖြစ်အောင်လွှမ်းမိုးအောင် လုပ်နေတာဖြစ်။
• (NCCT)အနေနဲ့ လော်ခီ;လာအပစ်ရပ်စာချုပ်(၁၁)ချက်ကိုကျော်ပြီးအခု(၇)ချက်လုပ်ခွင့်မရှိ။
• (NCCT)အဖွဲ့ဝင်မဟုတ်တဲ့ ခလေးအဆင့် တာတိုမူးကတူးတူးလေးတက်ခိုင်းလို့ အစည်းဝေးတက်တယ် ဆိုတော့(NCCT) က ဘာဖြစ်သွားလဲ။
ခြေပုန်းခုတ်မှုတချို့-ချိုးဖောက်မှုတချို့
• နှစ်ဖက်တာဝန်ရှိသူများမှ အညီအမျှပါဝင်သော အရေအတွက်ဖြင့်ညှိနှိုင်းဖွဲ့စည်းသွားရန် သဘောတူညီခဲ့ကြပါသည် တဲ့။ (NCCT လူဦးရေလျှော့ချဖို့မလို၊အဖွဲ့သစ်မလို)
• တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတက်ရောက်နိုင်ရေးအတွက်ဖိတ်ကြားသွားရန်လည်းသဘောတူညီခဲ့ကြ ပါသည် တဲ့။ (NCCT က (၁၄) ဦးအပြင် ဘယ်သူ့ဖိတ်ကြားမှာလဲ။တူးတူးလေး၊ ဟန်ယောင်ဝေလိုလူလား)
• စာချုပ်မူကြမ်းတခုကိုအခန်း(၇)ခန်းဖြင့် ပြုစုရေးသားရန်ပဏာမသဘောတူခဲ့ကြပါသည် တဲ့။ (လုံးဝ.လုံးဝ=ရေးခွင့်မရှိ၊ (NCCT) အနေနဲ့ (၁၁)ချက်ကိုအကောင်အထည်ဖေါ်ဖို့ဘဲဖြစ်တယ်)
(တိမ်ကြားမင်းခေါင် တင်ပြသည်)


ခွန်ဥက္ကာ

ကွယ်ထူးဝင်း


https://www.facebook.com/notes/mahar-giri/%E1%80%B1%E1%80%9C%E1%80%AC%E1%80%80%E1%80%B9%E1%80%B1%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B1%E1%80%90%E1%80%BC%E1%80%9B%E1%80%B2%E1%82%95-%E1%80%A1%E1%80%9C%E1%80%BC%E1%80%90%E1%80%B9%E1%80%9E%E1%80%B1%E1%80%98%E1%80%AC/206431619566178

Blogger said...

ဟိုဘက်ကလူ ဒီဘက်ကလူ မကြာမကြာတွေ့ ကြ ဆွေးနွေးကြ စားကြသောက်ကြ မူးကြ မြူးကြ ရယ်မောကြဆိုတော့ ကြာလာတော့လဲ ဘော်ဒါအုပ်စုလေးတစုဖြစ်သွားတော့တာပေါ့ဗျာ...ဒီ စီမံကိန်းကြီးက ဘာမှရေရာတဲ့ ကိစ္စတွေ သတ်မှတ်ချက်တွေ သဘောထားတွေ သဘောတူချက်တွေမလိုပါဘူး...ကြာဖို့ ဘဲလိုပါတယ်...
ကြာလာရင် ခုလိုဟာမျိုးတွေက သူ့ ဖါသူအညောင့်ထွက်လာမှာကိုးဗျ...ကြိုက်ရင်တော့ ရေ၀ိုင်းလောင်း မကြိုက်ရင်တော့ စောစောနှုတ်ပစ်...ကြိုက်သလို မကြိုက်သလို တုံနှိဘာဝေဖြစ်ပြီး ဘာမှမလုပ်ဘဲနေကြရင်တော့ စီမံကိန်းရဲ့ နဂိုလ်ရည်မှန်းချက် အတိုင်း အချိန်တွေကြာနေရာကနေဖြစ်လာတဲ့ခုလို အောင်မြင်မှုမျိုးတွေကို တဘက်က ကောင်းကောင်းကြီးရသွားပေမပေါ့။ အားလုံးမှာတာဝန်ရှိနေတယ်.....Agga

Post a Comment