ondragstart="return false" onselectstart="return false"

Tuesday, March 11, 2014

မျိုးစောင့်ဥပဒေကို ကန့် ကွက်ရမှာ ပြည်ထောင်စုသားတိုင်းရဲ့  တာဝန်

ဆောင်းပါး - အဂ္ဂ

ကမ္ဘာကြီးကိုလွမ်းမိုးထားတဲ့ ဘာသာကြီး ၃ခုရှိတယ်။ ခရစ် ဗုဒ္ဓနဲ့  အစ္စလန်လို့ ဆိုနိုင်တယ်။
အဲဒီဘာသာတရားတွေကို အသီးသီးယုံကြည်နေကြသူတွေထဲမှာ အသိအမြင်အကျယ်လာတဲ့အလျှောက် မိမိမယုံကြည်တဲ့ ဘာသာတွေကို မယုံပေမဲ့လေးစားအသိအမှတ်ပြုတဲ့လူတွေကအများစု ဖြစ်ပြီး ငါ့ဘာသာကကောင်းတယ် သူ့ ဘာသာကဆိုးတယ်ဆိုးတယ်လို့  ရှေးပဝေသနီခေတ်က
ဗဟုသုတမျိုးနဲ့ တဘက်စောင်းနင်းယူဆပြောဆို သမုတ်နေသူတွေက အနည်းစုအဖြစ်ကိုရောက်နေပါတယ်။
ခေတ်အသိခေတ်အမြင်ရှိသူတွေရဲ့ အသိုင်းအ၀န်းမှာ ဘာသာရေးဆိုင်ရာတန်းတူမှု အပြန်အလှန်လေးစားမှု အပြန်အလှန် ကာကွယ်ပေးမှုတွေရှိနေလို့ ဘာသာရေးပ-ိပက္ခတွေ မဖြစ်ပွားတော့ပါ။

အထူးသဖြင့် ဘာသာတရားနဲ့ လူ့ အသိတိုးတက်တဲ့နိုင်ငံတွေမှာ မလိုအပ်တဲ့ဘာသာရေးကန့်သတ်မှုတွေကိုဥပဒေပြုတာတွေမရှိတော့ပါ။ ဥပမာ ခရစ်ယမ် ၈၀ %လောက်ရှိနေတဲ့ နိုင်ငံတွေမှာ ခရစ်ယမ်ဘာသာကို ကာကွယ်ဖို့ ဥပဒေချမှတ်ဖို့ မလိုတာမို့ ကလဲတကြောင်းမို့  ဥပဒေထဲမထည့်သွင်းပါ။
အများစုကြီးဖြစ်နေတာမို့ သဘာဝအလျှောက်လွမ်းမိုးပြီးသားဖြစ်နေလို့ ပါဘဲ။ အန္ဒိယလို အစ္စလန်အများစု ရှိပေမဲ့ ဗုဒ္ဓနဲ့ ဟိန္ဒူတွေလဲ ထုနဲ့ထည်နဲ့ ရှိတဲ့နိုင်ငံမှာလဲ အစ္စလန်ဘာသာတခုထဲကိုဥပဒေပြုပြီး တဘက်စောင်းနင်း မကာကွယ်ထားပါဘူး။ တရုတ်လို ဗုဒ္ဓဘာသာဝင် သန်းထောင်ကျော်ရှိတဲ့နိုင်ငံမှာလဲ သဘာဝအလျှောက်အင်အားအပြတ်သာနေတဲ့ ဗုဒ္ဓဘာသာကို မျိုးစောင့်ဥပဒေသီးသန့် ထုတ်မပေးပါဘူး။ အင်အားသန်းထောင်ကျော်ရှိနေပြီဘဲ။ လူတဦးစီ သို့ မဟုတ် အသိုင်းအ၀န်းတခုစီက ကိုယ်ယုံကြည်ရာကို တန်းတူယုံကြည်ကိုးကွယ်ခွင့်တွေ ထိမ်းသိမ်းစောင့်ရှောက်ခွင့်တွေ ဥပဒေအရ ပေးထားပါတယ်။

တကယ်တော့ တချို့တိုင်းပြည်မှာ အမျိုးဘာသာကာကွယ်စောင့်ရှောက်ရေးဥပဒေဆိုတာ သူတို့ တိုင်းပြည်ထဲမှာ အချုပ်အခြာ အာဏာလဲမရှိ လူနည်းစုလဲဖြစ် နေတဲ့ ဘာသာတွေကို လူ့ အခွင့်အရေး မူဘောင်တွေနဲ့ အညီ အကာအကွယ်ရစေဖို့ အတွက် ချမှတ်ပေးတာမျိုးတွေတော့ရှိပါတယ်။ ဒါပေမဲ့ အဲလိုဥပဒေချပေးရလောက်အောင်ရုပ်မဆိုးသွားစေဖို့  ပညာရေးဌာန ပညာပေးအစီအစဉ်တွေက နေ အလုံအလောက်ပညာပေးကြတာက များပါတယ်။ အထူးသဖြင့်လူ့ အခွင့်အရေးစာချုပ်ကိုသဘောတူချုပ်ဆိုတဲ့နိုင်ငံတိုင်းဟာ ဒီသဘောထားကိုညင်းဆန်လို့ မရပါဘူး။ သူများနိုင်ငံထဲမှာ လူနည်းစုဖြစ်နေတဲ့ကိုယ့်အမျိုးတူတွေ အကာအကွယ်ရစေချင်လို့ ဖြစ်တယ်။ ဆိုလိုတာက ဒီကိစ္စမျိုးမှာ ဥပဒေအကာအကွယ်ပေးတာဟာ လူနည်းစုဖြစ်နေလို့ သဘာဝအလျှောက်သူ့ ကိုယ်သူမကာကွယ်နိုင်သူလူနဲစုအတွက်ပါ။ ဒီတော့ ထမင်းငတ်နေတဲ့ မရှိဆင်းရဲသားတွေအတွက် ထမင်းထုတ်အလှုပေးနေချိန်မှာ သန်းကြွယ်သူဌေးက ငါလဲရရမယ်ဆိုပြီး အော်နေတာမျိုးက အကျဉ်းတန်လွန်းတယ်။
မြန်မာပြည်လို လူမျိုးစုံစုပေါင်းလွတ်လပ်ရေးရယူ ထူထောင်လာပြီးပြည်ထောင်စု ဖြစ်ခြင်းကိုလဲမညင်းဆန်နိုင်တဲ့ နိုင်ငံမျိုးမှာ မျိုးစောင့်ဥပဒေဆိုတာ အရှိန်အဟုန်ပြင်းပြင်းနဲ့ မှေးမှိန်လာနေတဲ့ လူနည်းစုတိုင်းရင်းသားတွေအတွက် မရှိမဖြစ်ချပေးရမဲ့ဥပဒေမျိုးလို့ ဆိုနိုင်တဲ့အနေအထားမျိုးမှာရှိနေတာကိုတောင် အဲဒီလူနည်းစုကို ကာကွယ်ဖို့ စိတ်ကူးစိတ်သန်းမရှိတဲ့ လူအများစု ကာကွယ်ရေးဆိုတာက တော်တော်ကြီးကို သဘာဝမကျ မလိုအပ် ရုံမက လုံးဝအထက်စီးကျ လွမ်းမိုး ခြယ်လှည်ရေးအတွက်သာဖြစ်ပါတယ်။
အရွယ်အစားမတူတဲ့ ဘာသာဝင်တွေ လူမျိုးစုတွေအကြားပါဝါချိန်ခွင်ရှာကိုလုံးဝဖျက်ဆီးပစ်လိုက်တဲ့ သဘောထားလဲဖြစ်တယ်။

ဒီတော့ ပြည်ထောင်စုစိတ်ဓါတ်ရှိတယ်ဆိုပြီး တောက်လျှောက် ကျွေးကျော်နေကြရင်းနဲ့က ပြည်ထောင်စု စိတ်ဓါတ်ကို ပြောင်းပြန်လှန်ထားတဲ့ ဒီမျိုးစောင့်ဥပဒေကို ကန့် ကွက်ရမှာဟာ ပြည်ထောင်စုသားတိုင်းရဲ့  တာဝန်ပါဘဲ။

အဂ္ဂ


No comments:

Post a Comment