ondragstart="return false" onselectstart="return false"

Friday, March 7, 2014

STRATFOR: Myanmar Confronts Its Geography ရဲ့ဆောင်းပါး နှင့် ပဒိုစောဒေးဗစ်သာကပေါ်၏ ခြေပချက်များအပေါ် Agga ၏အမြင်

မနေ့ က ကျနော်တို့ "11 Counterpoints // STRATFOR: Myanmar Confronts Its Geography" ဆိုတဲ့ပို့စ်တစ်ခုကိုတင်လိုက်ပါတယ်။ အဲဒီပို့ စ်က STRATFOR အဖွဲ့ ရဲ့ Myanmar Confronts Its Geography ဆိုတဲ့ဆောင်းပါကို ပဒိုစောဒေးဗစ်သာကပေါ်မှ အချက် ၁၁ ချက်ဖြစ် ပြန်လည်ချေပဆွေးနွေးသွားတဲ့အကြောင်းအရာအဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားဖေါ်ပြသောကြောင့် စာဖတ်သူအများစု ထံသို့ ရောက်ရှိမှုနည်းမည်မှာ သေချာပါသည်။ သို့ သော်ထိုဆောင်းပါးနှင့် ပဒိုဒေးဗစ်သာကပေါ်၏ ချေပဆွေးနွေးချက်များကို ဆောင်ပါးရှင်တစ်ဦးဖြစ်သော Agga မှ အောက်ပါအတိုင်းသူ၏ အမြင်များကို ပြန်လည်ဝင်ရောက်ဆွေးနွေးသွားပါသည်။
xxxxxxxxxxxx

Strategic Forecasting, Inc သည် အမေရိကန်ပြည်တွင် ၁၉၉၆ ခုနှစ် CIA က တည်ထောင်သည်ဟုဆိုနိုင်သည့် ပုဂ္ဂလိက
ကမ္ဘာ့ထောက်လှန်းရေးအေဂျင်စီတခုဖြစ်သည်။Stratfor ဟုအတိုကောက်ခေါ်ဆိုကြသည်။
ကော်ဆိုဗိုနိုင်ငံစစ်ပွဲတွင်ဗုံးကျဲတိုက်ခိုက်ရေးအတွက် နာတိုးကိုထောက်လှမ်းရေးအချက်အလက်စစ်တမ်းပြုစုပေးရာမှ
၁၉၉၉ခုနှစ်တွင်နာမယ်ရလာသည်။၂၀၁၁ တွင် Stratfor Data bank မှ နိုင်ငံတကာ လျှို့ ဝှက်ချက်များHack ခံရပြီး ရောင်းစားခြင်းခံရသည်။
ထို Hack ခံရမှုတွင် Wikileak ကလည်း တနည်းတဖုံ ဆက်နွယ်ပါတ်သက်သည်။

Stratfor သည် ပထ၀ီနိုင်ငံရေးပညာကို ထောက်လှန်းရေးလုပ်ငန်းနှင့်ပေါင်းစပ်ပြီး စစ်ရေး၊စီးပွားရေးနှင့်နိုင်ငံရေး
ဗြူဟာကြီးများအတွက်လိုအပ်သည့် pragmatism အချက်အလက်များကို အခကြေးငွေဖြင့်ပြုစုပေးသည်။
pragmatism ဖြစ်သဖြင့် Theory ပိုင်း နှင့် Pholosophy ပိုင်းက အားနည်းသည်။ ယင်းတို့ ပြုစုသည့် စာတန်းများမှာ စစ်ရေးနှင့်
စီးပွားရေးအတွက် ပိုမိုအသုံးတည့်ပြီး ရှုတ်ထွေးပွေလီသောနိုင်ငံရေး ပြသနာများအတွက် အလုပ်မဖြစ်ပါပေ။
ရောင်းစံမမီသော အများသိ အချက်အလက်များကို သူတို့၏၀က်စိုက်မှ အခမဲ့ဖြန့် ချီသည်။

အထက်ပါ "Myanmar Confronts Its Geography" မှာ အခမဲ့ဆောင်းပါးတခုသာဖြစ်သဖြင့် ကိုင်စွဲအသုံးချနိုင်သည့်အချက်အလက်များ
မပါပါ။ အများသိပြီးသားအချက်အလက်များကို wikipedia မှကူးယူပြီး သူတို့ ၏အမြင်ဖြင့် ကောက်ချက်ချထားခြင်းဖြစ်သည်။

အမှတ်ပေးရလျှင် သမိုင်းနှစ်စွဲများအတွက် အောင်မှတ်(၄၀) တော့ရပါသည်။ ပြည်သူလူထု၏ခံယူချက်များ
ရုန်းကန်လှုပ်ရှားမှုများစသည့် Theory ဆိုင်ရာများ မပါသဖြင့် သုံးသပ်ချက်ပိုင်းအတွက်အမှတ်(၆၀) လိုနေသည်။

ပဒိုဒေးဗစ်သာကပေါ၏ခြေပချက်များမှာ pragmatic ရော Theory နှစ်ဘက်လုံးပါသည့်ပြင် ကမ္ဘာ့အမြင်ရှိသော ဒေသခံနိုင်ငံရေးသုတေသီ
တဦးဖြစ်သဖြင့် အားလုံးမှန်ကန်သည်ကိုတွေ့ ရသည်။

(အထူးတောင်းဆိုချက်။ ။ အဂ်လိပ်မြန်မာ ၂ဘာသာ ကျွမ်းကျင်သူတဦးဦးက တုံ့ ပြန်ချက် အပြည့်အစုံကို မြန်မာလိုဘာသာပြန်ပေးပြီး
အကျိုးဆောင်စေလိုပါသည်)

Agga

2 comments:

Blogger said...

ထူထောင်သောနှစ်မှာ ၁၉၉၆ ဖြစ်ပါသည်။ မနက်ကရုံးအလုပ်မသွားမီ အလျင်စလိုရေးလိုက်သဖြင့် ၆ နျင့် ၉ ကိုမှားရိုက်မိသည့်အတွက် ခွင့်လွှတ်ပါရန်....

PKD said...

ပြန်ပြီး ဘလော့ပေါ်မှာ ပြင်ဆင်ဖြစ်စွက်လိုက်ပါပြီ။ Agga ကို အထူးကျေးဇူးတင်ပါကြောင်း...

Post a Comment