ondragstart="return false" onselectstart="return false"

Monday, March 24, 2014

ဘင်္ဂလီအရေး လမ်းညွှန်

ဆောင်းပါး - အဂ္ဂ

န၀တ ဥက္ကဌဗိုလ်ချုပ်ကြီးစောမောင် (၁၉၈၉) ဇူလိုင် (၅)ရက် (၃)နာရီကြာရုပ်မြင်သံကြားမိန့် ခွန်းမှာ သန်းခေါင်စာရင်းအရ
တိုင်းရင်းသား(၁၃၅)မျိုးရှိတယ်လို့ ပြောထားပါတယ်။လူမျိုးစု အမှတ်စဉ် (၁၀၀)ဖြစ်တဲ့ ဒိုင်းနက်ဟာ တိဘက်မြန်မာအုပ်စုကြီးမှ
သက်အုပ်စုဝင်ဖြစ်တယ်လို့ ဆိုပါတယ်။စစ်တွေခရိုင်မှာနေထိုင်ပြီး စစ်တကောင်းသွေးရောလို့  ဘင်္ဂလီစကားပြောဆိုကြပါတယ်။
လူမျိုးစု အမှတ်စဉ် (၁၀၁) မရမာကြီး လူမျိုးအမည်ကို စွယ်စုံကျမ်းမှာဖေါ်ပြထြားတာကိုတော့မတွေ့ ရပါ။
မရမာဆိုတာက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာအများဆုံးတွေ့ ရတဲ့ ဘဂါင်္လီစကားပြော မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များဖြစ်ပါတယ်။

တချို့ လဲ အစ္စလန်ဘာသာကိုကူးပြောင်းသွားတာရှိပါတယ်။ အစ္စလန်ကနေ ဗုဒ္ဓ နဲ့ ခရစ်ယန်အဖြစ်ပြောင်းသွားတာလဲအနည်းအကျဉ်းရှိပါတယ်။
လူမျိုးစုကြီး အမှတ်စဉ် (၁၀၂) ဖြစ်တဲ့သက်လူမျိုးကတော့ တိဘက်မြန်မာအုပ်စုကြီးမှ သက်အုပ်စုဝင်ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာပြည်ကနေပျောက်ကွယ်သွားပြီလို့ ဆိုတဲ့ ပျူ၊ကမ်းယမ်၊ သက် ဆိုတဲ့ ရှေးမျိုးနွယ်စုကြီး (၃) မျိုး ထဲကဖြစ်တယ်။
အမှန်က နာမယ်ပြောင်းသွားတာလဲဖြစ်နိုင်ပါတယ်။ နှစ်ရာချီကြာလာတော့ နာမယ်အရင်းကိုမေ့ကုန်ကြတာလဲဖြစ်နိုင်တယ်။
သက်လူမျိုးဟာ လက်ရှိရခိုင်ပြည်နယ် အစွန်အဖျားများမှာနေထိုင်ကြဆဲဖြစ်ပြီးလူဦးရေ ရာဂဏန်းမျှသာရှိတော့လို့မျိုးပျောက်လုနီးပြီဖြစ်ပါတယ်။

အကြောင်းစပ်လို့ ပြောရရင် ကရင်ထဲကမျိုးကွဲတချို့ ဟာ ဒေသတခုမှာ လူမျိုးနာမယ်တခုဖြစ်နေပြီး တခြားဒေသမှာတော့
တခြားနာမယ်ဖြစ်နေတာတွေကိုတွေ့ ရပါတယ်။ဥပမာ စကောကရင် ကရင်ဖြူ ပိုးကရင် ကွင်းကရင် မွန်ကရင် တလိုင်းကရင် စတဲ့
ကရင်ထဲက (၆)မျိုးဟာ တကယ်တော့ စကောနဲ့ ပိုး (၂) မျိုးထဲကိုနာမယ်အမျိုးမျိုးနဲ့ ခေါ်ထားတာပါဘဲ။
တလိုင်းကရင်ဆိုတဲ့အခေါ်အဝေါ်ကိုမသုံးတော့လို့ တလိုင်းကရင်ပျောက်မသွားပါဘူး။ တလိုင်းကရင်ဟာ မွန်ကရင်ဖြစ်နေလို့ ပါဘဲ။

အထက်မှာဖေါ်ပြခဲ့တဲ့လူမျိုးစုအကြောင်းနဲ့ တဆက်ထဲ ပြောချင်တာက ဘင်္ဂလီအရေးမှာ ၂ဘက်စလုံးက မျက်မှောက်ခေတ်လူမျိုးရေး
ဘာသာရေး ဒေါင့်တခုထဲကိုကြည့်ပြီးအပြန်အလှန်ဆန့် ကျင်တိုက်ခိုက်သတ်ဖြတ်နေကြတာတွေဟာကျိုးကြောင်းဆီလျှော်မှုမရှိဘူးဆိုတာကိုပါ။
လူသားတွေရဲ့ ဆင်းသက်ပေါက်ဖွားပုံကိုကြည့်ရင် နိုင်ငံရေးအရ နယ်မြေပိုင်းခြားလိုက်တိုင်း နယ်နိမိတ်ရဲ့ ဟိုတဘက်ကလူတွေဟာ
ဒီဘက်ကလူတွေနဲ့ မျိုးရိုးတော်စပ်မှုလုံးဝမရှိဘူးလို့ ထင်လိုက်လို့ မဖြစ်ပါဘူး။ တိုက်ခြားအနေဝေးလေ တော်စပ်မှုနဲလေဖြစ်သလို
နယ်ကပ်နေလေ တော်စပ်မှု ပိုများလေလေဆိုတာက မရှောင်လွဲနိုင်တဲ့ သဘာဝဖြစ်ပါတယ်။ ဒီလိုလှည့်တွေးတတ်လာရင်
ခုဖြစ်ခဲ့တဲ့သတ်ဖြတ်ပွဲတွေဟာ နိုင်ငံရေးအလှည့်အပြောင်းတခုမှာ လူနေမဝေးပေမဲ့စိတ်နေဝေးသွားတဲ့ ဆွေမကင်းမျိုးမကင်းတွေရဲ့ 
ပဋိပက္ခတခုသာဖြစ်တယ်ဆိုတာကိုနားလည်လာမှာပါ။

ဒီတော့ လူမျိုးဘာသာခွဲခြားမုန်းတီးတဲ့ စိတ်ဓါတ်တွေနဲ့ ပြသနာမှန်ကိုမမြင်နိုင်မရှင်းနိုင်ပါဘူး။
လူမျိုးဘာသာခွဲခြားလေ တကမ္ဘာလုံးကကိုယ့်လူမျိုးကို ကျဉ်းမျောင်းတဲ့ ရှေးဟောင်းတလူမျိုးကောင်းဝါဒီတွေအဖြစ်
အထင်သေးလေပါဘဲ။ မိတ်ဆွေမဖွဲ့ မပတ်သက်ချင်တာတွေဘဲ ဖြစ်လာမှာပါ။ အမှန်ပြောရရင်တော့ လူမျိုးဘာသာခွဲခြားမုန်းတီးတဲ့
လူတွေကိုယ်တိုင်ကမိမိနဲ့စိတ်ဓါတ်တူပေမဲ့လူမျိုးမတူတဲ့ လူမျိုးဘာသာ ခွဲခြားမုန်းတီးသူတွေကို အမုန်းတီးဆုံးဖြစ်နေတာပါဘဲ။
ခုဖြစ်နေတဲ့ပြသနာဟာ စားဝတ်နေရေး စီးပွားရေးကြပ်တည်းလွန်းလို့  ဆွေမျိုးသားချင်းအချင်းချင်းတောင်မှ သူ့ ထက်ငါ
လုစားနေရတဲ့ ဆင်းရဲကြတ်တည်းမှုကို အရင်းခံနေတာပါ။ အဲဒီအပိုင်းကိုဖြေရှင်းရမှာပါ။ မှီတင်းနေထိုင်သူတိုင်း အ၀အပြဲ
စားသောက်နေထိုင်နိုင်တဲ့ နယ်မြေတခုဖြစ်လာအောင်လုပ်ကြရမှာက အဓိကဖြစ်ပါတယ်။ ဘာသာခြားတခု အစားဝင်လွမ်းမိုးမှာကို
ကြောက်လို့ ဖြစ်လာတာဆိုတာက တရားနည်းလမ်းလဲမကျ ဓမ္မဓိဌာန်လဲမကျတဲ့ သဘောဆိုးပါ။ နတ်တွေတောတွေတောင်တွေကိုကိုးကွယ်ရာက
ဗုဒ္ဓဘာသာကိုပြောင်းလဲကိုးကွယ်လာတယ်..နောက်တခေတ်မှာ ခရစ်ယန်ကို ပြောင်းသွားသူလဲရှိပြီး ကြားထဲမှာ
အစ္စလန်နဲ့  ဟိန္ဒူဖြစ်သွားသူတွေလဲရှိခဲ့တာဘဲ။ ဒီခေတ်ကြီးမှာ ဒါတွေကို ရှောက်ပြီး ပြသနာလုပ်လို့ ရတန်းလားပေါ့။

လူဆိုတာ မိမိက၀မ်းလှနေရင် ဘာသာတရားကသွန်သင်ထားတဲ့အတိုင်း ဆင်းရဲဒုက္ခရောက်နေသူတွေကို ပေးကမ်းလှုတမ်း
ဖေးမချင်ကြတာပါ။ မိမိကိုယ်တိုင်က ငတ်တလှည့်ပြတ်တလှည့်ဖြစ်နေတဲ့ အခြေအနေမျိုးမှာတော့ အမိသော်လည်းသားတော်ခဲစိတ်တွေ
ဝင်လာကြယုံတင်မက လူသားချင်းကူညီရေးစိတ်ဓါတ်အစား လူသားချင်းတိုက်ခိုက်ခြေမှုန်းရေးစိတ်ရိုင်းတွေက မိမိယုံကြည်တယ်ဆိုတဲ့
ဘာသာတရားသွန်သင်မှုကိုဆန့် ကျင်ပြီးနေရာယူလာကြတာပါဘဲ။ ဒီအခြေအနေမှာ ဘုန်းကြီးဝတ်တွေက လူသတ်တရားတွေကို
သွယ်ဝိုက်ဟောပြောဖြန့် ချီနေတာတွေလဲရှိလာနိုင်လာနိုင်သလို လူမျိုးရေးမုန်းတီးတဲ့ လူထုဆီက အမှတ်မဲရချင်သူနိုင်ငံရေးသမားနဲ့ 
အာဏာရှိတဲ့အစိုးရကိုယ်တိုင်ကလည်းမမှန်မှန်းသိရက်နဲ့ အလိုလိုက်အကြိုက်ဆောင်တာတွေဖြစ်လာနိုင်တာပါဘဲ။
ဒီတော့ ဒီအခြေအနေမှာ ဘာသာတရားတွေရဲ့သွန်သင်မှုအနှစ်သာရဖြစ်တဲ့ လူကိုလူလိုမြင်ရေး၊ မဖေးမ မကူညီချင်ရင်တောင်မှ
လူသားချင်းစာနာစိတ်ရှိရေးစတာတွေကို လူမျိုးရေးမွှန်ပြီးစာနာချင်းတရားကိုဆန့် ကျင်နေကြတဲ့ဘာသာရေးသမားတွေကိုယ်စား
လူသားစိတ်မကင်းသေးလို့ မူမှန်စိတ်ရှိနေသေးတဲ့ကြားလူတွေကထပြီးဦးဆောင်ကြဖို့ အချိန်အခါနဲ့ အခြေအနေကတောင်းဆိုနေပါပြီ။

No comments:

Post a Comment