ondragstart="return false" onselectstart="return false"

Thursday, April 17, 2014

ကျွန်ဆိုသည်မှာ

Written By အဂ္ဂ

ကျွန်ဆိုတာ A person who is owned by someone လို့ အဘိဓာန်ကဆိုတယ်။ ဒီတော့အမျိုးသားအရကျွန်ဖြစ်တယ်ဆိုက လူတဦးချင်းမဟုတ်ဘဲ A nation who is own by other nation ကို အလားတူဆိုလိုတာပါဘဲ။

ကျွန်ဆိုတာ နွားလို အခိုင်းခံရတာတခုထဲကိုပြောတာမဟုတ်ဘဲ ကိုယ်ပိုင်ပြဌာန်းခွင့် မရှိတာကို ပိုပြီးရည်ညွှန်းပါတယ်။ အဂ်လိပ်ခေတ်က ဗမာတွေ အင်္ဂလိပ်ကျွန်ဖြစ်ခဲ့တယ်လို့ မိမိကိုယ်မိမိသတ်မှတ်ခဲ့တာကလည်း
ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့ ကိုယ့်အမျိုးသားကြမ္မာကိုယ်ဖန်တီးခွင့်မရှိလို့ ပါ။ အဂ်လိပ်ခေတ်က ဗမာတွေ အင်္ဂလိပ်လူမျိုးတွေရဲ့အိမ်တွေမှာ နေ့ အမအားညမအိပ် အခိုင်းခံခဲ့ရလို့ မဟုတ်ဘူး။
မြန်မာပြည်မှာ ကရင်၊ ကချင၊်ချင်း၊ရှမ်း၊ ရခိုင်၊မွန် ၊ကယား စတဲ့တိုင်းရင်းသားအားလုံးဟာ မိမပြည်နယ်ကံကြမ္မာကိုမိမိတို့ ဖါသာလွတ်လွတ်လပ်လပ် ဆုံးဖြတ် ရွေးခြယ် ဖန်တီးခွင့်ရှိမနေပါဘူး။ ဒါကိုနိုင်ငံရေးအရ
အမျိုးသားကျွန်အဖြစ်သတ်မှတ်တာပါ။ အဂ်လိပ်ခေတ်ကနဲ့တူပါတယ်။ လူတဦးချင်းစီအရကျွန်ဖြစ်နေတာမဟုတ်ပါဘူး။
အင်္ဂလိပ်ခေတ်မှာ ဗမာအရာရှိအရာခံတွေလဲအများကြီးရှိခဲ့တာပါဘဲ။ သူတို့ ကိုတော့ ကျွန်ပါးဝတွေလို့ 
အဲဒီခေတ်နိုင်ရေးသမားတွေက သတ်မှတ်တယ်။ လူမျိုးအရရော လူပုဂ္ဂိုလ်အရပါ ကျွန်ပြုခံခဲ့ရတာကတော့ အာဖရိက ကလူမည်းတွေကိုသာခေါ်နိုင်တာပါ။ ပဒေသရာဗ်ခေတ် စံနစ်အရဆိုရင် တိုင်းသူပြည်သားအားလုံးဟာ
လူပုဂ္ဂိုလ်အရ ဘုရင်ဆွေမျိုးမိသားစုတွေရဲ့ ကျွန်အဖြစ်သတ်မှတ်ခံရပါတယ်။ ဒီတော့ မြန်မာပြည်လိုသမိုင်းခံရှိတဲ့ နိုင်ငံမျိုးမှာ အမျိုးသားရေးအရကျွန်ပြုထားတဲ့ စနစ်မရှိတော့အောင် လုပ်နိုင်တာက လူမျိုးတိုင်းတန်းတူ ပြီး လူမျိုးတိုင်းကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ့်ဖါသာကိုယ်ဆုံးဖြတ်ခွင့်တွေရှိစေမဲ့ ဖက်ဒရယ်ဒီမိုကရေစီစစံနစ်တခုထဲရှိပါတယ်။ အတုအရောင်နဲ့တော့မရနိုင်ပါဘူး။ ဒီအတုအရောင်ပြည်ထောင်စုစနစ်ကိုထူထောင်နိုင်ဖို့ သူ့ ကျွန်မခံတဲ့ တိုင်းရင်းသားတွေကို သတ်ဖြတ်နှိမ်နင်းခဲ့တာ နှစ်(၆၀)ကျော်ပါပြီ။ တိုင်းရင်းသားတွေက အင်အားအလွန်နည်းလို့ မနိုင်တာဖြစ်ပေမဲ့ အင်အားအဆ ၁၀၀မကသာလွန်ကြီးမားတဲ့ အစိုးရဘက်ကလဲခုထိမနိုင်သေးတာဟာ မတရားမှုဖြစ်နေလို့ ပါဘဲ။ တိုင်းရင်းသားတွေရဲ့ အင်အားဟာ အစိုးရရဲ့  ၁၀ ပုံတပုံလောက်ဘဲနဲမယ်ဆိုရင်ဖြစ်စေ နိုင်ငံတကာသဘောတူညီချက်တွေအရ နိုင်ငံအချင်းချင်း ၀ိုင်းကာကွယ်ထားပေးတာတွေမရှိရင်အစိုးရပြုတ်တာကြပါပြီ။

ကျွန်ဆိုတဲ့အနက်အဓိပ္ပ့ါယ်ကိုမသိတော့တဲ့ မြန်မာပြည်သားအားလုံးဟာ ဘယ်လူမျိုးက ပြဌာန်းပိုင်ခွင့်ရသခင်အနေအထားရောက်နေပြီး တခြားညီကိုတွေက ကျွန်အနေအထားရောက်နေတာကိုလဲ ကွဲကွဲပြားပြား မမြင်တတ်တော့ဘူး။ ဂုတ်ပေါ်တက်ထိုင်နေတဲ့ လူမျိုးက အောက်ကလူမျိုးကိုတန်းတူတယ်လို့ မဟုတ်တဲ့ အမြင်တွေဖြစ်နေသလို အောက်ကနေသူကလည်း အပေါ်ကလူနဲ့ မိမိတန်းတူဘဲလို့ အမှန်မဟုတ်တဲ့ အူကြောင်ကြောင်အမြင်တွေဖြစ်ပွားနေတာပါ။ ဒီအမြင်ကြောင်တွေက နှစ်(၆၀)ကျော်လုံးလုံး မြန်မာအစိုးရအဆက်ဆက်က ပျိုးထောင်ခဲ့တဲ့ အတုအရောင်ပြည်ထောင်စုသဘောတရားတွေနဲ့ တွဲဖက်ပါလာတဲ့ မှိုင်းတွေပါ။ အမှန်တွေမဟုတ်ပါဘူး။ အဖြစ်မှန်ကိုအဖြစ်မှန်အတိုင်းမြင်လာပြီဆိုရင် ဗမာတွေထဲက ညီကိုချင်းကျွန်မပြုလိုသူတွေက သူတို့ အစိုးရကို ဒီကိစ္စအတွက် ဦးတည် ဆန့် ကျင်ဖိအားပေးလာကြမှာပါ။ တိုင်းရင်းသားပြည်သူတွေဘက်ကလဲ တခဲနက်ထပြီး ကျွန်မခံလိုမှုဆန္ဒထုတ်ဖေါ်လာကြမှာဘဲဖြစ်တယ်။

ခုဆိုအတော်လေးပွင့်လင်းလာလို့ ဗမာပြည်သူတွေရဲ့ ဆန္ဒထုတ်ဖေါ်ပွဲတွေကိုမကြာမကြာတွေ့ နေရပြီ။ တိုင်းရင်းသားလူထုကတော့ ကာလရှည်ကြာ ရက်ရက်စက်စက်အလုပ်ခံခဲ့ရလို့ အကြောက်မပြေသေးတာနဲ့ တိုင်းရင်းသားဖြစ်တာကိုရှက်စရာ သိမ်ငယ်စရာကောင်းတယ်ထင်နေသေးတာနဲ့
စစ်အစိုးရအဆက်ဆက်ကတိုက်ကျွေးခဲ့တဲ့ ပြည်ထောင်စုလိမ်သြ၀ါဒတွေအရ မိမိလူမျိုးရဲ့ အနေအထားကျွန်ဖြစ်နေတာကို ရှင်းရှင်းလင်းလင်းမသိသေးတာတွေနဲ့ ဆိုတော့ ခနတော့စောင့်ရပါဦးမယ်။ ဒါမှမဟုတ်လဲ ထက်မြက်တဲ့ဗမာညီနောင်တချို့ 
ကဘဲ တိုင်းရင်းသားတန်းတူရေးကို ၀င်ပြီးအားဖြည့်ရှေ့ ဆောင်ပေးရမလိုလဲဖြစ်နေတယ်။ ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်ကအရှုံးပေးလိုက်ရခြင်းဟာ အဓိကအားဖြင့် လူသားဝါဒထွန်းကားနေပြီဖြစ်တဲ့ သူ့ ပြည်သူတွေအုံကြွဆန့် ကျင်ခဲ့ကြလို့ ပါ။ ဒါနဲ့ အလားတူ မြန်မာပြည်ငြိမ်းချမ်းရေးမြန်မြန်ရဖို့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ ညီနောင်ပြည်နယ်အားလုံးတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ဖက်ဒရယ်ပြည်ထောင်စုတရပ်ဖြစ်လာဖို့ 
နိုင်ငံရေးနိုးကြားနားလည်နေပြီဖြစ်တဲ့ ဗမာညီနောင်တွေရဲ့ ကမကထပြုမှုဟာ အလွန်အရေးကြီးနေပြီဖြစ်တယ်။

အဂ္ဂ

2 comments:

circus said...

That is true.

စောဗညား said...

အဖိုးဖြူဆီကစာ။

ǂ အဖေ့လူလေး၊ အမေ့လူလေး၊ အိမ်နဲ့မိဘကိုမေ့တဲ့ လူလေးတို့ရေ၊ နားထောင်ကြ။
ǂ တို့တတွေ အဖိုးထော်မဲပါနောက်လိုက်ပြီး၊ ကွဲကွာခဲ့ရတဲ့အချိန်တွေ ကုန်ဆုံးလိမ့်မယ်။
ǂ မကောင်းတဲ့ဝိဥာဉ်တွေ မြူးတူးတဲ့နှစ်မှာ၊ အရှေ့ဖက်ရောက်နေတဲ့ အမေ့သားဟာ၊ ကျွဲချိုကို တိုးတိုးသာသာလေး စမှုတ်လိမ့်မယ်။
ǂ ဒါကိုကြားတဲ့ တောင်ဖက်နဲ့ အနောက်စူးစူးက အဖေ့သားတွေဟာလည်း၊ သူတို့ရဲ့ကျွဲချိုကို အသံကျယ်ကျယ်နဲ့ မှုတ်လာကြလိမ့်မယ်။
ǂ အိမ်နဲ့မိဘကိုမေ့တဲ့ သားငယ်လေးဟာလည်း၊ သိမ်းထားတဲ့ကျွဲချိုကို ယူထုတ်ပြီး၊ မှုတ်ဖို့ကြိုးစားလိမ့်မယ်။
ǂ သားသမီးတွေအားလုံးရဲ့ ကျွဲချိုသံတွေ စုံတဲ့အခါ၊ သင်္ဘောဆိပ်တောင်ပေါ်မှာ မိုးခြိမ်းသလို မြည်လိမ့်မယ်။
ǂ တို့နေရာဟောင်းက မြစ်သုံးစင်း ရေခန်းတဲ့နှစ်မှာ၊ ကွဲကွာနေတဲ့ ဝိဥာဉ်တွေနဲ့အတူ၊ ညီအကိုမောင်နှမတွေ အားလုံးပြန်လာဆုံမယ်။

Anonymous 5

Post a Comment