ondragstart="return false" onselectstart="return false"

Monday, April 7, 2014

NCCT နှင့် UPWC တို့ ရက်တိုး ဆွေးနွေးမှု နှင့် လက်ရှိစစ်ရေး အခြေအနေများ


NCCT နှင့် ဆွေးနွေးနေသော အစိုးရ စစ်ဖက်ကိုယ် စားလှယ်များ

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၏ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT) နှင့် အစိုးရ ပြည်ထောင် စု ငြိမ်း ချမ်း ရေး ဖေါ်ေ ဆာင်ရေး အဖွဲ့ (UPWC) တို့၏ နှစ်ရက် ဆွေးနွေးမှု တွင် အဆင်မပြေ သေးသဖြင့် ရက် တိုးဆွေးနွေး ခဲ့ရသည်ဟု (NCCT) အဖွဲ့ဝင် တဦးက ဆိုပါသည်။

“ ခက်တာက စစ်တပ်ရဲ့ သဘောထားပါ။ သူတို့က လက်နက်ချရေး အဖြစ်မျိုးကို တွန်းနေတော့ အဆင်မပြေ နိုင်ဘူး ပေါ့။ ဥပမာ ၂၀၀၈ ဥပဒေကို သူတို့က အ တည်ပြု ခိုင်းနေတယ်။ ကျနော်တို့က ပြုပြင်ရ မယ်ဆိုတဲ့ သဘောထား ရှိ နေတော့ စစချင်းကိုဘဲ ညိနေတော့ တာပါဘဲ။ ဒါပေမဲ့ အကောင်း ဖက်ကို တော့ ရှေ့ရှုပြီး အဖြေရှာ သွားပါ့မယ်” ဟု ဆိုပါ သည်။

တပ်မတော်ရဲ့ သဘောထားကို အစိုးရကိုယ် စားလှယ် တဦးဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက တင်ပြသွား ခြင်းဖြစ်ပါသည်။ ၄င်းသည် တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ်၏ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောထားကို အောက်ပါအတိုင်း တင်ပြသွားခြင်း ဖြစ်ပါသည်။

တပ်မတော် ဦးစီးချုပ်၏ မူဝါဒများမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖြင့် ဒီမိုကရေစီ တည်ဆောက်မှု ကိုလက် ခံရမည်။ ငြိမ်းချမ်းရေး ရရှိရန် အမှန်တကယ် ဆန္ဒရှိရမည်။ ဒေသခံ ပြည်သူ များဝန်ထုတ်ဝန်ပိုး မဖြစ်စေရန် နိုင်ငံတော် မှ ထုတ်ပြန် ထားသော တည်ဆဲ ဥပဒေများ ကိုတိတိကျကျ လိုက်နာရမည်။ ဒို့တာဝန် အရေးသုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရကို လက်ခံရမည်။ သဘောတူ စာချုပ်များကို ကတိ တည်စေရန် နှင့် ငြိမ်း ချမ်းရေး သဘော တူညီချက်ကို အမြတ် မထုတ်ရန် နှင့် ထိုမူဝါဒ များကို စစ်တပ်ဖက်မှ လိုက်နာ ပြီးမှ ထာဝရ ငြိမ်းချမ်းရေး အတွက် ညှိနှိုင်း ဆောင်ရွက် သွားမည်ဟု တင်ပြ သွားခြင်း ဖြစ်ပါသည်။

အစိုးရ ကိုယ်စားလှယ် ဖက်မှ တင်ပြချက် သည် (NCCT) မူနှင့် ကွဲလွဲနေ သလို တဖက်သတ် လည်းကျ ကြောင်း၊ ဤ သို့ကြောင့် ကာကွယ်ရေး ဦးစီးချုပ်မှ တင်ပြသော မူဝါဒ အားပြန်လည် ညှိနှိုင်းရန် လိုအပ်သည်ဟု (NCCT) အဖွဲ့ခေါင်းဆောင် နိုင် ဟံသာက ဆိုပါသည်။

NCCT အဖွဲ့ဝင် မဟုတ်သည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ကလည်း တိုင်းရင်းသား အဖွဲ့များ အနေနှင့် တည်ဆဲ ဥပဒေကို လက်ခံ ရမည် ဆိုနိုင် သော်လည်း တပ်မတော် အနေနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ကိုင်စွဲ ပြီး ဆွေးနွေး လာခြင်းသည် အဆင်ပြေမည် မဟုတ်ကြောင်း ပြောရေး ဆို ခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလှက ဆို ပါသည်။

ဤကဲ့သို့ ဆွေးနွေး မှုများ မပြီးပြတ် သည့်အတွက် ဆွေးနွေးပွဲကို နောက်ထပ် တရက် တိုးရန် လိုအပ် လာခဲ့ကြောင်း ဆွေး နွေးပွဲအပြီး ကျင်းပသည့် ယမာန်နေ့ ညနေပိုင်း သတင်းစာ ရှင်းလင်းပွဲတွင် နှစ်ဖက်ခေါင်း ဆောင်များက ပြောကြား ခဲ့ပါသည်။

တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး စာချုပ် မူကြမ်း တစောင် ဖြစ်ရေး အတွက် နှစ်ဖက် ကိုယ်စားလှယ် များက (၂)ရက် တာ ညှိနှိုင်း နေခဲ့ခြင်း ဖြစ်ပါသည်။ေ ဆွးနွေးပွဲ အဖွင့် မိန့်ခွန်းတွင် ၀န်ကြီး ဦးအောင်မင်းက”

"တစ်နိုင် ငံလုံး အတိုင်း အတာ အပစ်အခတ် ရပ်စဲရေးကို စာချုပ် လက်မှတ်ရေး ထိုးပြီး တာနဲ့ တပြိုင်နက် တည်းမှာ ပဋိပက္ခ များ ချုပ်ငြိမ်း ရေး၊ ငြိမ်းချမ်း ရေး တည်ဆောက်ရေး နှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အခြေပြု သော အမျိုးသား ပြန်လည် စည်းလုံးညီ ညွှတ်ရေး လုပ်ငန်း စဉ်များ စတင်နိုင်ဖို့ အတွက် လိုအပ်မည့် ကျယ်ပြန့်သော နိုင် ငံရေးဆွေး နွေး ပွဲများကို ကျင်းပနိုင် ရေးပဲဖြစ် ပါတယ်၊ မိမိတို့ အနေဖြင့် အထက်ပါ ရည်မှန်းချက် ၃ခုထားရှိ ပြီး တစ်နိုင်ငံလုံး အတိုင်း အတာ အပစ်အ ခတ်ရပ် စဲရေး သဘောတူ စာချုပ် လက်မှတ်ရေး ထိုးနိုင်ရေး ကြိုးပမ်း နေခြင်း ဖြစ်ကြောင်းထပ် လောင်း ပြောကြား လိုပါတယ်"ဟု မိန့်ကြားခဲ့ ပါသည်။

အစိုးရ စစ်ဖက် ကိုယ်စား လှယ်ဖက်မှ တင်ပြသော အချက် (၆)ချက်ပါ သဘောထား သည် အသစ်ပြန် လည် ညှိနှိုင်းရ တော့မည့် အခြေအနေ ဖြစ် သည်ဟု NCCT ဖက်မှ သဘောထား ခဲ့ကြောင်း NCCT အဖွဲ့ဝင်တဦးက ဆိုပါသည်။ အစိုး ရသည် ၄င်းတို့ချမှတ်ထားသော ၂၀၀၈ အခြေခံ ဥပဒေကို ပြင်ဆင် လိုခြင်း မရှိကြောင်း၊ ထို ဥပဒေကို လက်မ ခံပါက ရှေ့ဆက် ဆွေးနွေးရန် အခက်အခဲ ဖြစ်လိမ့် မည်ဟု ၄င်းက ခန့်မှန်းထားပါသည်။

NCCT အဖွဲ့ဝင် မဟုတ်သောမြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် အမျိုး သားဒီမိုကရေစီသွေးစည်း ညီညွတ်ရေး တပ်မတော် (NDAA) နှင့် နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ (NSCN-k) တို့၏ သဘောထား ကို မူ လောလောဆယ် ထုတ်ပြန် ပြောဆိုခြင်း မသိသေးပေ။

NCCT နှင့် အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့တို့သည် ပြီးခဲ့သည် ဧပြီလ (၅)ရက်နေ့ နှင့် (၆)ရက်နေ့တွင် ရန် ကုန်မြို့ရှိ မြန်မာ့ ငြိမ်းရေး စင်တာ(MPC) တွင် တွေ့ဆုံ ဆွေးနွေးနေ ကြခြင်းဖြစ်ပါသည်။ တဖက် ကိုယ်စားလှယ် (၉)ဦး စီ ပါဝင် ပြီး အခန်း(၇)ခန်း ပါသည့် စာချုပ်တရပ် ရရှိရန် ဆွေးနွေး နေ ကြခြင်း ဖြစ် ပါသည်။

(၂၀၀၈) ဖွဲ့စည်းပုံ ကို ပြင်ဆင် လိုသော အဖွဲ့နှင့် ထိုအတိုင်း လိုက်နာစေ လိုသော အဖွဲ့နှစ်ဖွဲ့ကြား ညှိနှိုင်းရ ခက်ခဲ နေသလို ရှမ်းပြည် မြောက်ပိုင်းနှင့် ကချင်ပြည် နယ် အနောက်ပိုင်း တွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ ဆဲ ဖြစ်ပါသည်။

ထို့အပြင် ကချင်ပြည်နယ် မြစ်ကြီးနား အခြေစိုက် အစိုးရမြောက်ပိုင်း တိုင်းစစ် ဌာချုပ်မှ တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်း နောင်သည် လည်း ပြီးခဲ့သည့် ရက်ပိုင်းက (KIA) ဌာနချုပ်လိုင်ဇာအနီးရှိရှေ့တန်းစခန်း တခုဖြစ်သော ဘွမ်ရယ်ဘွမ် (Bum Re Bum) တောင်ကုန်း စခန်းသို့ရောက် ရှိခဲ့ကြောင်း KIA ဌာနချုပ်မှ အရာရှိ တဦးက ဆိုပါသည်။

ရှမ်းပြည် မြောက်ပိုင်း တိုက်ပွဲများ၊ ကချင်ပြည်နယ် ဖါးကန့်တိုက်ပွဲများနှင့် တိုင်းမှူး၏ ရှေ့တန်း ခရီးစဉ်များ သည် ယခု ဆွေးနွေးနေသော အပစ်အခတ် ရပ်စဲရေး စာချုပ်နှင့် ပါတ်သက်မှု ရှိသည်ဟု အကဲခတ်များက ဆိုပါသည်။
http://www.phophtawnews.org/burmese/index.php/news/internal-news/item/1132-ncct-upwc.html

5 comments:

Blogger said...

"၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖြင့် ဒီမိုကရေစီ တည်ဆောက်မှု ကိုလက်ခံရမည်။"
ဆိုလိုချက်က တိုင်းရင်းသားအားလုံး နဂိုလ်အတိုင်းအတုအရောင်ပြည်ထောင်စုစနစ်ကိုလက်ခံရမယ်။

ငြိမ်းချမ်းရေး ရရှိရန် အမှန်တကယ် ဆန္ဒရှိရမည်။ ဆိုလိုတာက သူတို့ ဘက်က အမှန်တကယ် ဆန္ဒမရှိတာကို ထည့်မတွက်ကြေးပေါ့။

ဒေသခံ ပြည်သူ များဝန်ထုတ်ဝန်ပိုး မဖြစ်စေရန် နိုင်ငံတော် မှ ထုတ်ပြန် ထားသော တည်ဆဲ ဥပဒေများ ကိုတိတိကျကျ လိုက်နာရမည်။ ဆိုလိုတာက မြန်မာစစ်တပ်အနေနဲ့ ကတော့ တည်ဆဲဥပဒေတွေကိုကျော်ပြီး လိုအပ်တယ်ထင်သလိုလုပ်ပိုင်ခွင့်အာဏာရှိတယ်။
"ဒို့တာဝန် အရေးသုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရကို လက်ခံရမည်။ " ဒို့ တာဝန်အရေးသုံးပါးရဲ့ နှစ်၆၀ ကျော်အဓိကလုပ်ဆောင်ချက်အားလုံးဟာ တိုင်းရင်းသားလူမျိုးစုနှိမ်နင်းရေးဖြစ်တော့ကာ အဲလိုဆက်ပြီးမခံစားချင်ရင် လူမျိုးစုနှိမ်နင်းရေးလုပ်တာကို တရားတဲ့လုပ်ရပ်အဖြစ်လက်ခံလိုက်ရမယ်။
ဒီမိုကရေစီရဲ့ အနှစ်သာရကိုလက်ခံရမယ်ဆိုတဲ့အချက် အရ လွှတ်တော်မှာ စစ်တပ်လုံးဝမပါရဘူး၊ဒါပေမဲ့ မြန်မာစစ်တပ်ကပါရမယ်၊ တိုင်းရင်းသားတပ်တွေမပါရဘူးလို့ ဆိုတာပါ။
ချုပ်လိုက်ရင်တော့ငြိမ်းချမ်းရေးဆိုတာက တိုင်းရင်းသားတွေ ပုံစံတမျိုးမျိုးနဲ့ အရှုံးပေးရေးပါဘဲ။ တပ်မတော်ရဲ့ လိုလားချက်အတိုင်းအရှုံးမပေးကြဘူးဆိုရင်တော့ ငြိမ်းချမ်းရေးဆိုတာဖြစ်မလာနိုင်ဘူးလို့  ဆိုလိုက်တာပါဘဲ။ တိုင်းရင်းသားခေါင်းဆောင်တွေကတော့ တပ်မတော်ကိုယ်စားလှည်ကပြောတဲ့အတိုင်း နားလည်ပေမဲ့
တပ်မတော်ကိုယ်စားလှည်ကိုတိုင်က သူဘာပြောလိုက်တယ်ဆိုတာသူ့ ဖါသူနားလည်ပုံမရဘူး...ဒီတော့ ဝေးပါသေးတယ် ငြိမ်းချမ်းရေး...
Agga

Saw Eh K'lu said...

How different between the last Burmese Government and the current Burmese Government? Just they change their strategies but still have the same policy to control the whole country without ethnic groups' hope.This is the last chance to do,if every ethnic groups follow the Burmese Government's 2008 Constitution , they will lost and end everything, and if every ethnic groups do not follow, the government will announce as the illegal political parties or arm groups and they will force to fight again. If something happen again, the ethnic group has to base their political from the bottom line again. Therefore, Who are Thet Naing Win and their followers?

Unknown said...

If Burmese Government still behaves as before, Peace that they have been struggling will mean nothing. I never trust Burmese Government because Karen People have been experiencing for a long time. This Burmese Government do not want really peace. Every body and any revolutionary people knows that. Now, it is time for us to reunite and prepare for our future.

Unknown said...
This comment has been removed by the author.
William phan said...

အစကမပြောဘူးလား။ လက်နက်ချရေးပါဆို။ ဒီမိုကရေစီခရီးကိုလည်း သွားနေတာမဟုတ်ဘူး။ ငြိမ်းချမ်းရေးကိုလည်း စီးပွားရေးလက်ဝါးကြီးအုပ်လို့ရအောင် ဟန်ပြလုပ်နေကြတာ။ ဒါတောင်မကဘူး လက်နက်ကိုင်အင်အားစုချုပ်ငြိမ်းရေးကို လုပ်နေတာ။ အရင်က အရင်အတိုင်းဘဲ။ ပြောင်းလဲနေပါတယ်ဆိုတာကိုထောက်ခံပြီး အစိုးရကိုချီးမွမ်းထောပနပြု ကိုယ်တိုင်ပါဝင်သူတွေ၊ အကောင်းမြင်သူတွေ၊ လက်ခံသူတွေ အခုနဲနဲလေးရိပ်မိပြီလား၊ ထပ်ပြီးအကောင်းမြင်ကြအုံးမှာလား၊ ဘာဘဲဖြစ်နေဖြစ်နေ စစ်အစိုးရဆင်ထားတဲ့ ဂွင်အတိုင်း လိုက်ကြတော့မလား၊ မလိုက်ဘူးလားဆိုတာ အဆုံးအဖြတ်။ ဒါကို ဆုံးဖြတ်ကြ။

Post a Comment