ondragstart="return false" onselectstart="return false"

Friday, April 11, 2014

ကရင်ပညာတတ်များ ကိုတောင်းဆိုပါရစေ…

ဆောင်းပါး - အဂ္ဂ

ယုံကြည်မှုတည်ဆောက်နေတဲ့ ကာလကောင်းချက်တခုက တောတွင်းက ကေအဲန်ယူ ခေါင်းဆောင်တွေ မြို့ တွင်းက ကရင်လူထုအဖွဲ့ အစည်းတွေနဲ့  တွေ့ ဆုံခွင့်ကြုံကြ အမြင်ဖလှည်ကြရတာလေးတွေပါ။

ဒီလိုအခါမှာ မတူညီတဲ့တချို့ အမြင်သဘောထားတွေအပေါ် တဘက်နဲ့တဘက် ဖျောင်းဖြ သိမ်းသွင်းဖို့ ကျိုးစားတာတွေကလဲ သဘာဝအတိုင်းတွဲဘက်ဖြစ်ပေါ်မှာပါ။
ဒီတော့ အပြန်အလှန်သိမ်းသွင်းမှုရဲ့ ရလာဒ် ဘာရမလဲဆိုတာတော့ အတတ်မပြောနိုင်သေးဘူး။

မြို့ တွင်းက ကရင်အဖွဲ့ အစည်းတချို့ က ပန်းတိုင်မရောက်မခြင်းကေအဲန်ယူကို အနေအထားမပျက် ခိုင်ခိုင်မာမာ ဆက်ပြီးရှိနေစေချင်တာရှိသလို..တချို့ကလဲပိုကောင်းမယ်ထင်လို့  ကေအဲန်ယူကို ဥပဒေအောက်ရောက်အောင်မရမက ဆွဲသွင်းချင်တာလဲရှိနေမှာပါ။

စာရေးသူအနေနဲ့ကတော့ ပထမအုပ်စုရဲ့ အမြင်ကိုပိုပြီး ယုတ္တိရှိတယ်လို့ မြင်ပါတယ်။
အကြောင်းက ဥပဒေအောက်ဝင်လုပ်နိုင်ဖို့ ဆိုတာက ကိုယ့်ပြည်တွင်းလူထုက ကိုယ့်
ဘက် တခဲနက်ရပ်တည်ကြမယ် မရပ်တည်ဘူးဆိုတာ ကို သေခြာဖို့ လိုသလို..
ကိုယ့်ဘက်ရပ်တည်သူတွေဟာ ဘယ်လောက် အားကောင်းလဲ ဘယ်လောက်ပေါက်ရောက်လဲ နိုင်ငံရေးလောကနဲ့ ဆိုင်ရာနယ်ပယ်အသီးသီးကို ဘယ်လောက် သိမ်းခြုံလွမ်းမိုးနိုင်လဲ ဆိုတာတွေကို ထည့်မစဉ်းစားလို့ မရပါဘူး။ ဒါတွေခနော်ခနဲ့ဖြစ်နေရင် အဲဒီနည်းနဲ့ အောက်ခြေခိုင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။

ကရင်လူထုဟာ ၁၉၄၉ တုန်းက ကမ္ဘာ့နိုင်ငံရေးအတက်ကြွဆုံးလူထု လို့ စံချိန်တင်ရလောက်အောင် လူ ၄သိန်းခန့် ပါဝင်တဲ့ ကမ္ဘာ့အကြီးဆုံး လူထုဆန္ဒပြပွဲကြီးကို ဥပဒေဘောင်ထဲမှာ လုပ်ဆောင်ခဲ့ကြတာမှန်တယ်။ ဒါပေမဲ့ နှစ်(၆၀)ကျော်ကြာ အနုနည်းအကြမ်းနည်းအားလုံး နဲ့ အဖက်ဖက်က ချိမ်းခြောက်ဖိနှိပ်ခံလာရပြီးတဲ့နောက်ကရင်လူထုတွေရဲ့ မိမိအမျိုးသားအရေး စုပေါင်း ဆန္ဒပြပွဲတွေပျောက်ကွယ်သွားခဲ့တာကိုလူတိုင်းသိကြပါတယ်။ မြန်မာပြည်မှာ နောက်ဖြစ်ပွားတဲ့ လူထုလှုပ်ရှားမှုမှန်သမျှမှာ ကရင့်အရေး အတွက်ရယ်လို့ မပါခဲ့ပါဘူး။
ကရင့်လူထုနိုင်ငံရေးဟာ ကရင်လူထုနဲ့အတူ နောက်တန်းကိုရောက်နေခဲ့ပါတယ်။
အဲလိုအနေအထားပြချက်တွေကြောင့်လဲ ကေအဲန်ယူ ကရင့်လက်နက် ကိုင်တော် လှန်ရေးဟာ ကရင်လူထုတရပ်လုံးရဲ့ ဆန္ဒကိုထင်ဟတ်နေတာမဟုတ်ဘဲ ကရင်တစုရဲ့ ဆန္ဒအဖြစ်သာ မျက်မှောက်နိုင်ငံတကာ အမြင်ကိုဖြစ်ပေါ်စေနေတာပါ။

ဖွဲ့ စည်းအုပ်ချုပ်ပုံမှာ တိုင်းရင်းသားကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာဥပဒေတွေဘာမှ မထည့်ဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေနဲ့ တွေ့ ဆုံနေတာကိုက တိုင်းရင်းသားလူထုအရေးနဲ့  တိုင်းရင်းသားလက်နက်ကိုင်တွေတောင်းဆိုနေတဲ့ကိစ္စ ဘာမှမဆက်နွယ်ဘူး လို့ ပြောင်တလင်းကြီးပြောနေတာပါ။ ဒီကစ္စလာပြီးပါဝင်အားပေးနေတဲ့ နိုင်ငံခြားအစိုးရတွေကလဲဒါကိုဒီအတိုင်းဘဲ လိုက်ပြီးတလွဲနားလည်ပေးနေကြတယ်။

ကရင်တွေဘာကြောင့်လက်နက်စွဲကိုင်ထကြွခဲ့ရတယ်ဆိုတာကို သိမြင်နားလည်ခဲ့ သူတွေဟာ ခုနိုင်ငံတကာမှာရောပြည်တွင်းမှာတောင်သိတ်ပြီးမရှိတော့ တဲ့အခြေအနေမှန်ကို လေးနက်ဖို့ လိုတယ်။ ဒီတော့ကရင်လက်နက်ကိုင်လှုပ်ရှားမှုဟာ ကရင်လူထုတရပ်လုံးရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရလိုမှုဆန္ဒကို ထင်ဟတ်နေတာဖြစ်ကြောင်း ပြည်တွင်းပြည်ပ အသိုင်းအ၀န်းကရှင်းရှင်းလင်းလင်းပြန်လည်နား လည်လာကြမဲ့ အခြေအနေသစ်တရပ်ကို ခနစောင့်ဖို့ မုချလိုအပ်နေတယ်။ ခုနားလည်ထားကြတာတွေရှိပေမဲ့ အဖြစ်မှန်နဲ့ သိတ်မတည့်ဘူး။ နိုင်ငံရေးပြသနာကိုသိတ်ပီးရှေ့တန်းမှာမထားတဲ့ လူ့ အခွင့်အရေးအမြင်တွေ လောက်သာဖြစ်နေတာပါ။
အစိုးရရော အစိုးရအထက်မှာရှိနေတဲ့ မြန်မာစစ်တပ်ကပါ ပြည်နယ်တွေကို ကိုယ်ပိုင်ပြဌာန်းခွင့်ပေးရင်ခွဲထွက်ကြမယ်ဆိုပြီးတွန့် တိုနေကြတဲ့တိုင် ကရင်ထဲကနေ ဖြစ်ဖြစ် ရှမ်းထဲကနေဖြစ်ဖြစ် ချင်းထဲကနေဖြစ်ဖြစ် လူမျိုးစုအမွှာလေးတွေခွဲထွက် သွားမှာကိုတော့ လိုလိုလားလားအားပေးနေတာ ထင်ထင်လင်းလင်းကြီး လဲမြင်နေရပါတယ်။
ဒီတော့ကရင် အပါအ၀င်တိုင်းရင်းသားလူမျိုးစုလက်နက်ကိုင်အဖွဲ့ အစည်းအားလုံးဟာ မိမိအတွက်ဘာမှ အာမခံချက်မရှိတဲ့ အနေအထားမှာ လက်နက်ကိုင်ထားတာက အာမခံချက်အရှိဆုံးနဲ့  ပါဝါအရှိဆုံးဖြစ်နေတာပါ။ မြန်မာစစ်တပ်ကလာတိုက်ရင် ပြန်ပြီးဝိုင်းတိုက်ကြဖို့ ဘဲရှိပါတယ်။ တချိန်ထဲမှာ ဒီမိုကရေစီအခွင့်အရေးအရ မိမိဆိုင်ရာလူထုကနေ ထင်သာမြင်သာရှိတဲ့ လှုပ်ရှားဆန္ဒပြမှုတွေပေါ်ပေါက် လာတာကိုလဲ စောင့်စားရပါမယ်။
ဒီတော့ မြို့ပေါ်က ကရင်ပညာတတ်တချို့ နဲ့ တိုင်းရင်းသားပညာတတ်တွေကိုတခုတောင်းဆိုချင်တာက ကေအဲန်ယူကို ဘာမှအာမခံချက်မရှိသေးခင် ဥပဒေအောက်ဝင်ဖို့ဆွဲဆောင်မှုတွေရှိရင်ရပ်ပေးပါ။
ကရင်လူထုရဲ့ ပြန်လည်နိုင်ငံရေးတက်ကြွရှင်သန်လာမှုကို စောင့်စားခိုင်းပါ။
အင်ဂျင်နီယာကြီးတွေ ဆရာဝန် ဆရာဝန်မကြီးတွေဟာ ပညာတတ်တွေဖြစ်တော့ သူတို့ အဖျောင်းဖျခံရသူဟာ တိမ်းစောင်းသွားနိုင်ပါတယ်။

နောက်ပြီး နိုင်ငံရေးဆိုတာက တခြားပညာတွေနဲ့ အဆင့်အတန်းတူ အတတ်ပညာကြီးတခုဖြစ်တော့ မိမိက ဒီအပိုင်းမှာ တိုက်ရိုက် သင်ကြားတတ်မြောက်လာတာမဟုတ်ရင်မိမိတို့ ရဲ့နိုင်ငံရေးတွက် ချက်မှုတွေဟာနိုင်ငံရေးသမားစစ်စစ်တွေလို မမှန်ကန်နိုင်ဘူးဆိုတာကိုလေးစားအသိအမှတ်ပြုပါ။
အင်ဂျင်နီယာတဦးဟာ ခွဲစိတ်ကုသတဲ့အလုပ်ကိုမတတ်သလို- ဆရာဝန်တဦးကလဲ
၁၀ထပ်တိုက်တလုံးကိုမဆောက်တတ်ဘူးဆိုတဲ့ သူ့ ပညာနဲ့သူဆိုတာကိုမမေ့ပါနဲ့။ မိမိရဲ့ အမျိုးသားရန်သူတွေထဲမှာ နိုင်ငံရေးကို အရည်ကြိုသောက်ထားသူတွေထုနဲ့ဒေး ရှိနေတယ်ဆိုတာကိုလဲ လျှော့တွက်မတွက်ပါနဲ့။
နိုင်ငံရေးပညာရဲ့တခြားပညာရပ်တွေနဲ့မတူတဲ့ထူးခြားချက်က သင်ရိုးညွှန်းတန်းအတိုင်း အမှတ် ၁၀၀ရအောင်ဖြေနိုင်ရုံနဲ့မပြီးဘူး..ကိုယ့်ပြိုင်ဘက်တွေရဲ့ အူတွေအသဲတွေထဲဘာတွေရှိနေတယ်ဆိုတာကိုခန့် မှန်းသိရှိနိုင်တဲ့ ကျွမ်းကျင်မှုမျိုးရှိကိုရှိရမယ်။

နိုင်ငံရေးအသိုင်းအ၀ိုင်းစစ်စစ်ကနေကြီးထွားလာသူတွေမှာသာ ဒီလိုမြွေမြွေချင်းခြေမြင်နိုင်စွမ်းရှိကြတာပါ ကျောင်းပညာနိုင်ငံရေးလောက်နဲ့ကလဲ ပြိုင်ဘက်မရှိမှ သုံးလို့ ရတာပါ။ ဥပမာ နိုင်ငံရေးအုပ်ချုပ်ရေး တက္ကသိုလ်ကျောင်းဆင်းလာပြီး နိုင်ငံရေးမလုပ်ဘဲ မြို့ အုပ်-ခရိုင်ဝန် ၊၀န်ကြီးရုံး အတွင်းဝန် စတဲ့အစိုးရလခစားအမှုထမ်းလုပ်မယ်ဆိုရင်တော့ ကျောင်းပညာနိုင်ငံရေးလောက်နဲ့ လုံလောက်တယ်။ ဘယ်သူ့ နဲ့မှ ညာဏ်နီညာဏ်နက်ပြိုင်စရာမလိုဘူး။ ဒီတော့ နိုင်ငံရေးပိုင်းပညာတတ်မဟုတ်သူတွေဟာ တကြောင်းကြောင်းကြောင့်သြဇာရှိသူတွေဖြစ်နေရင်လဲ ဒီသြဇာကိုအလွဲသုံးစားလုပ်ပြီး နိုင်ငံရေးကိုပါနားလည်ဟန်ဆောင်တာမျိုးတွေရှောင်ပေးပါ။ လိုအပ်ရင် နိုင်ငံရေးကျွမ်းကျင်သူတွေကိုအကြံပေးတွေအဖြစ်ထားပါ။ အရမ်းမလုပ်ကြဖို့ တောင်းဆိုချင်တယ်။
အဲမ်ဘီဘီအက်စ်မအောင်ဘဲကုသူကို ဒေါက်တာရမ်းကုလို့ ခေါ်သလို နိုင်ငံရေးမကျေဘဲ နိုင်ငံရေးလုပ်သူတွေဟာလဲ ဒေါက်တာရမ်းကုလိုဟာမျိုးတွေဘဲဖြစ်တာမို့  မိမိရဲ့ လူမျိုးကိုကြီးမားတဲ့ထိခိုက်နစ်နာဆုံးရှုံးမှုဖြစ်ပေါ်စေနိုင်ပါတယ်။ သတိထားဖို့ တောင်းဆိုပါတယ်။

လေးစားလျှက်ပါ….
အဂ္ဂ
11/04/2014

3 comments:

htoo said...

ကရင့်တော်လှန်ရေးကြီးကရင့်တမျိုးသားလုံးတန်းတူအခွင့်အရေးရဖို့ တော်လှန်တောင်းဆိုလာခဲ့ခေါင်းဆောင်ကြီးတွေရဲ့မူကိုတစိုက်မတ်မတ်ထိမ်းသိမ်းလာခဲ့တာဟာ ငါတို့ generation ရောက်မှအနှစ်(၆၀)ကျော်သွေးမြေကျအသက်ပေးသွားသောခေါင်းဆောင်ရဲဘော်ရဲမေ ပဒိုခေါင်းဆောင်များရဲ့စွန့်လွတ်အနစ်နာခံမှုတွေသဲထဲရေသွန်သလိုဖြစ်မသွားပါစေနဲ့ မျက်ကန်းမျိုးချစ်များမဖြစ်ဖို့နဲ့သမိုင်းတရားခံမဖြစ်ဖို့စဉ်စဉ်စားစား လုပ်ဆောင်စေချင်ပါတယ်

Saw Eh K'lu said...

All of Karen people should to work altogether with the leading team, KNU, but the leading team has the highest authority to manage everything behalf of Karen people in Burma. Everybody should advice or suggest any different way as the positive way to the leading team, KNU, but KNU should not get everything to follow or copy for the next step. They must to evaluate, decide and make decision as their strategies and policies.The leading team must work as a team work and not over power than their role are very important too.Do not forget about your enemy always use your followers or people any way.

Blogger said...

Do not forget about your enemy always use your followers or people any way. But now we see your enemy use you the leader than your follower.

Post a Comment