ondragstart="return false" onselectstart="return false"

Thursday, April 10, 2014

NCCT နှင့် UPWC တို့ (၄)ရက်ကြာ ဆွေးနွေးပြီး သဘောတူညီမှုရရှိခဲ့

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့” (NCCT) နှင့် ပြည်ထောင် စုငြိမ်းချမ်း ရေး ဖော်ဆောင်ေ ရး လုပ်ငန်း ကော်မတီ (UPWC) တို့သည် တနိုင်ငံလုံး အပစ်အ ခတ် ရပ် စဲရေး စာချုပ် မူကြမ်း တခု ရရှိရန် (၄)ရက်ကြာ ဆွေးနွေးပြီး အောင်မြင်မှု ရခဲ့သည်ဟု ယနေ့ထုတ်ပြန် လိုက်ပါ သည်။

“ အလား အလာ ကောင်းတယ်။ နိဒါန်းနဲ့ အခန်း(၇) ခန်းကို (၄) ရက်ထဲနဲ့ ဆွေးနွေး နိုင်ခဲ့တယ်။ ဒါပေမဲ့ အခု ရရှိထားတဲ့ သဘော တူညီချက် တွေကို သက်ဆိုင် တဲ့ အဖွဲ့အစည်းတွေထံ တင်ပြရဦးမှာ မို့ အချိန်တော့ ယူရဦးမယ်။” ဟု MPC အရာရှိ တ ဦးကဆိုပါသည်။

အထူးသဖြင့် အစိုးရစစ် တပ်ကိုယ် စားလှယ်များ၏ တင်ပြချက် များကို တိုင်းရင်းသား ဖက်က ဘ၀င်မကျကြောင်း၊ ဆွေးနွေးပွဲကို အမြန်ပြီး စီးအောင် လုပ်ဆောင် ခဲ့သော်လည်း ဆွေးနွေးမှု များစွာ ရှိနေသည်ဟု တိုင်းရင်းသား အဖွဲ့ များဖက်မှ ဆိုနေပါသည်။

ရန်ကုန်မြို့ ငြိမ်းချမ်းရေး ဗဟိုဌာန တွင် တဖက် ကိုယ်စလှယ် (၉)ဦးစီ ဖြင့် တက်ရောက် ဆွေးနွေးခဲ့ ပါသည်။ အစိုးရ ဖက်မှ ၀န်ကြီး ဦးဆောင်မင်း ခေါင်းဆောင်ပြီး တိုင်းရင်းသား ဖက်တွင် ပဒိုကွယ်ထူးဝင်းမှ ဦးဆောင်ပါသည်။ ဖွင့်ပွဲကို NCCT ကိုယ်စားလှယ် အပြည့် အစုံဖြင့် တက်ရောက်ခဲ့ပြီး အသေးစိပ် ညှိနှိုင်းမှုကို NCCT ၏ နည်းပညာ အထောက် အကူပြု အဖွဲ့က ဆွေးနွေးခဲ့ခြင်း ဖြစ်ပါသည်။

သဘောတူ ထားသည့် စာချုပ် မူကြမ်းအား သက်ဆိုင်ရာသို့ အပြန် အလှန် တင်ပြပြီး လာမည့်မေလ ပထမ အပါတ် တွင် ပြန် လည် တွေ့ဆုံ ဆွေနွေး သွားမည်ဟု သဘောတူ ထားပါသည်။ ၄င်းတို့သဘောတူ ထားသည့် အချက်အ လက် အသေးစိပ် ကို ထုတ်ဖေါ် ပြောဆိုခြင်း မရှိသော် လည်း ဆွေးနွေးပွဲ ရလာဒ်ကို မူ ထုတ်ပြန် ခဲ့ပါသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့်တစ်နိုင်ငံလုံး အပစ်အခတ်ရပ် စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့” (NCCT) ကိုယ်စားလှယ်များ၏

ပူးတွဲသတင်းထုတ်ပြန်ချက်

၂၀၁၄ခုနှစ်၊ ဧပြီလ ၈ ရက် ၊ရန်ကုန်မြို့

၁။ ၂၀၁၄ခုနှစ်၊ ဧပြီလ၅ ရက်နေ့မှ ၈ရက်နေ့အထိမြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူ ထောင်ရေး လုပ်ငန်းဗဟို ဌာန (MPC) ၌ ပြည်ထောင် စု ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နှင့် “တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်း ရေးအဖွဲ့” (NCCT) မှကိုယ်စားလှယ် များသည် ပွင့်လင်း ရင်းနှီးစွာဖြင့် အကြေ အလည်ဆွေးနွေး ခဲ့ကြ ပါသည်။

၂။ ဆွေးနွေးပွဲသို့ သီးခြား ဖိတ်ကြား ထားသောအဖွဲ့ (၅) ဖွဲ့ဖြစ်သည့် ABSDF, NDAA, NSCN-K, RCSS-SSA, UWSA တို့မှ ကိုယ်စား လှယ်များ စုံညီစွာ တက်ရောက် ခဲ့ကြကာ ၄င်းတို့၏ သဘောထား များကိုဆွေးနွေး ခဲ့ကြ ပါသည်။

၃။ အားလုံး သဘော တူညီသည့် တစ်ခု တည်းသော တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အ ခတ်ရပ်စဲရေး သဘောတူ ညီ ချက်(Single Text) မူကြမ်း တစ်စောင် ရရှိရေး အတွက် ယခင်ဆွေး နွေးပွဲမှ အတည်ပြု ခဲ့သောခေါင်းစဉ် များဖြစ် သည့်နိဒါန်း နှင့် အခန်း(၇)ခန်း ကိုအသေး စိတ်အချိန် ယူဆွေးနွေး ခဲ့ကြ ပါသည်။ တစ်ခု တည်းသော သဘောတူညီ ချက် (Single Text) (ပထမမူကြမ်း)ကို သဘော တူညီခဲ့ကြ ပါသည်။

၎။ နှစ်ဖက် ကိုယ်စားလှယ် များမှ၂၀၁၄ခုနှစ်၊ မေလ ပထမ အပတ်တွင် ထပ်မံတွေ့ဆုံ ဆွေးနွေးရန် သဘော တူညီ ခဲ့ကြ ပါသည်။

၅။ နှစ်ဖက် ကိုယ်စားလှယ် များအားလုံး သည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူ စာချုပ်ကို လက် မှတ်ရေး ထိုးနိုင်ရေး နှင့်နိုင်ငံရေး တွေ့ဆုံဆွေးနွေး ပွဲများ အမြန်ဆုံး ပေါ်ပေါက်လာ အောင် ဆက်လက်ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက် သွားကြရန် သဘော တူညီခဲ့ကြ ပါသည်။

ဤကဲ့သို့ သဘောတူ ထုတ်ပြန် ခဲ့သော်လည်း တပ်မတော် ၏ လှုပ်ရှားများ က သံသယ ပွားစရာ ဖြစ်နေပါသည်။ စစ် ရေးပြင် ဆင်မှုများ တပ်မတော် ခေါင်းဆောင် များ၏ ခရီးစဉ်များက စာချုပ် ညှိနှိုင်းမှုကို အားနည်စေ သည်ဟု တချို့က ယူဆကြပါသည်။

ယခုကဲ့သို့ တနိုင်ငံလုံး အပစ်အ ခတ်ရပ်စဲ ရေးစာချုပ် ညှိနှိုင်းနေချိန်တွင် ကချင်ပြည်နယ် နှင့် ရှမ်းပြည် မြောက်ပိုင်း တွင် တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်ပါသည်။ ထို့အပြင် တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ် သည်လည်း ရှမ်းပြည် မြောက်ပိုင်း သို့ ခရီးထွက်ပြီး ၀ပြည်သွေးစည်း ညီညွတ်ရေး ပါတီ ခေါင်းဆောင် များနှင့် ရှမ်းပြည်တိုး တက်ရေးပါတီ ခေါင်းဆောင် များ ကို သီးခြားစီတွေ့ဆုံခဲ့ပါသည်။

ထို့ပြင် ဒေသခံ ပြည်သူ့စစ်များကို တွေ့ဆုံခဲ့သလို မြောက်ပိုင်းတိုင်း တိုင်းမှူးသည် KIO ဌာနချုပ် အနီးရှိ ၄င်းတို့ တပ် စခန်းသို့ သွားရောက် ခဲ့ပါသည်။ ကာချုပ်၏ ခရီးစဉ်တွင် လည်း တပ်မတော်၏ အခြေခံမူ (၆)ချက် အား လက်ခံရန် နှင့် ဗမာစာ ဗမာစကားကို ဘုံဘာသာအဖြစ် လက်ခံကျင့်သုံးရန် လိုက်လံ စည်းရုံးနေ ပါ သည်။

တပ်မတော် မူ (၆)ချက်မှာ တပ်သားသစ် မစုဆောင်းရ၊ အခွန် မကောက်ရ၊ခွင့်ပြုချက် မရဘဲ စခန်း ဆောက်တာ၊ သွား လာတာ မလုပ်ရ၊ အစိုးရ အုပ်ချုပ်ရေး ကိုဝင်ရောက် မစွက် ဖက်ရ၊ လူမသတ်ရ၊ ပြည် သူ့ စစ်အဖွဲ့တွေကို မထိရ။ ဟု တဖက် သတ် ပြောကြားနေခြင်း ဖြစ်ပါသည်။ အစိုးရတပ်များ ၏မတရား ပြုမူမှုများ ကိုမူ မည်သို့သဘောထားရ မည်နည်း ဟူ၍ တိုင်းရင်းသား ကြားတွင် သို့လော ဖြစ်နေကြပါသည်။
http://www.phophtawnews.org/burmese/index.php/news/internal-news/item/1138-ncct-upwc.html

1 comment:

Blogger said...

(NCCT) နှင့် ပြည်ထောင် စုငြိမ်းချမ်း ရေး ဖော်ဆောင်ေ ရး လုပ်ငန်း ကော်မတီ (UPWC)ရဲ့ သဘောတူညီချက်တွေကို ထုတ်ြပန်ပေးပါ။ လူထုအားလုံးရဲ့ အရေးကို လူ ၂စုက ကျိတ်ဆွေးနွေး ပြီးကျိတ်သဘောတူကြတယ်ဆိုတာ ဒီမိုကရေစီနည်းမကျဘူး.လူထုကို မလေးစားတဲ့သဘောဖြစ်တယ်။ မြန်မာပြည်ရဲ့ ကံကြမ္မာလူထုနဲ့မဆိုင်ဘဲ တို့  ၂စုနဲ့ဘဲဆိုင်တယ်ဆိုတဲ့လုပ်ရပ်မျိုး မရဘူး။ ဒီလိုတော့ လူထုကိုနားလှည့်ပါးရိုက် မထီလေးစားမလုပ်နဲ့။ လျှို့ ဝှက်လေ အစိုးရဘက်က အသာစီးလေဘဲ....လျှို့ ဝှက်ရအောင်က လူထုကိစ္စမဟုတ်ဘဲ ခင်ဗျားတို့ ၂ဖွဲ့ သာပိုင်တဲ့ အမွေခွဲကိစ္စမို့ လား။ ခေတ်အသိခေတ်အမြင်နဲ့ လုပ်ကြပါ၊ခင်ဗျားတို့ မှာခေတ်အမြင်မရှိရင် ခင်ဗျားတို့ လုပ်သမျှ လူထုအကျိုးမဖြစ်ဘူး...

Post a Comment