ondragstart="return false" onselectstart="return false"

Tuesday, October 12, 2010

နအဖစစ်တပ်က ဓားပြတိုက်၍ အဘွားအိုတဦးကို ပစ်သတ်

မုဒိမ်းကျင့်မယ်၊ ဓါးပြတိုက် လူသတ်မယ်၊ တာက ဗမာ့တပ်မတော်ရဲ့ အထူးဝိသေသ အင်္ဂါရပ်တစ်ခုပါပဲခင်ဗျား။

ဝီရ / ၁၂ အောက်တိုဘာ ၂၀၁၀

မြန်မာနိုင်ငံတောင်ပိုင်း မော်လမြိုင်-ရေး-ထားဝယ်ကားလမ်းမပေါ်ရှိ ကျေးရွာတရွာကို နအဖစစ်တပ် တပ်ဖွဲ့ဝင်တို့က ဓားပြတိုက်ခဲ့ပြီး အသက် (၆၈) နှစ်အရွယ် အဘွားအိုတဦးကိုလည်း သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်တခု ပြီးခဲ့သည့်သီတင်းပတ်က ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲ၌ လှုပ်ရှားနေသော စကခ (၈) လက်အောက်ခံ ခလရ (၁၀၃) တပ်ရင်းမှ ဗိုလ်ကျော်ညွန့်နှင့် တပည့် (၃) ဦးတို့က ယင်းဖြစ်ရပ်ကို ကျူးလွန်ခဲ့ခြင်း ဖြစ်သည်ဟု အောက်တိုဘာ (၁) ရက်နေ့ည (၁၀) နာရီက အခင်းဖြစ်ပွားခဲ့သည့် ကျောက်ကဒင်ရွာမှ ရွာသားတဦးက ပြောကြားသည်။

၎င်းက “အသတ်ခံရတဲ့ အဘွားအိုဆီက နားကပ်တရံရယ်၊ လက်စွပ် (၂) ကွင်း၊ ပိုက်ဆံ (၁) သောင်းလောက် ဗိုလ်ကျော်ညွန့်က ယူသွားတယ်။ ပြီးတော့ အဲဒီလို အသတ်ခံရတာကို ရွာဥက္ကဋ္ဌကိုယ်တိုင်က စစ်တပ်ကို ကြောက်ပြီး အဘွားအိုက လေဖြတ်ခံရပြီး သေတာလို့ သတင်းလွှင့်ခိုင်းနေတော့ ဒီကိစ္စကို ဘယ်သူမှ တိုင်ကြားတာ မလုပ်ရဲဘူး။ ဒါပေမယ့် ခလရ (၁၀၃) လှုပ်ရှားတပ်ရင်းက ဗိုလ်ကျော်ညွန့်တို့အဖွဲ့က သတ်သွားတယ်ဆိုတာကိုတော့ ရွာသားတိုင်းက သိနေကြတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၉) ရက်နေ့ ညပိုင်းကလည်း အလားတူ ဖြစ်ရပ်အချို့ကို ခလရ (၁၀၃) တပ်ရင်းက ထပ်မံ ကျူးလွန်ခဲ့ကြောင်း သိရသည်။

“(၉) ရက်နေ့ည အဘွားအို ရက်လည်ဆွမ်းအတွက် ချက်ပြုတ်နေတဲ့ညပိုင်းမှာ ကျောက်ကဒင်ရွာက မိအွန် အိမ်ကို ခလရ (၁၀၃) တပ်ဖွဲ့တချို့က တက်သွားတယ်။ အဲဒီမှာ မိအွန်က အကူအညီတောင်း၊ အော်ဟစ်တော့ လာကူညီတဲ့ နိုင်မွန်ထော ဆိုသူကို သူတို့က ဖမ်းလိုက်ပြီး ထုထောင်းရိုက်နှက်သေးတယ်။ လူတွေ ဝိုင်းအုံများလာတာကို အခွင့်ကောင်းယူပြီး နိုင်မွန်ထောက ထွက်ပြေးတော့ သေနတ်နဲ့ ပစ်သေးတယ်။ လူတော့ မထိခဲ့ဘူး။ အခု နိုင်မွန်ထောလည်း ရွာကနေ ထွက်ပြေးနေရတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ရွာသားတွေက ဒီဒေသမှာ လှုပ်ရှားနေတဲ့ ခလရ (၁၀၃) က စစ်တပ်တွေမှန်း သိသွားကြတယ်” ဟု အခြား ကျောက်ကဒင်ရွာသားက ပြောသည်။

အခင်းဖြစ်ပွားခဲ့သည့် ကလိန်အောင်မြို့နယ်ခွဲ ကျောက်ကဒင်ရွာသည် မွန်ခွဲထွက်အဖွဲ့တို့ လှုပ်ရှားရာ ဒေသလည်း ဖြစ်ကြောင်း၊ နအဖ စစ်တပ်က ဓားပြတိုက်၍ ရွာသားတဦးအား သတ်ဖြတ်ခဲ့သည်မှာ မှန်ကန်ကြောင်း မွန်ပြည်သစ်ပါတီက အတည်ပြုပြောကြားသည်။

မွန်ပြည်သစ် မဟာမိတ်ဆက်ဆံရေးရုံး တာဝန်ခံ နိုင်ဟံသာဗွန်ခိုင်းက “ဒီကိစ္စကို ကျနော်တို့လည်း ကြားထားပါတယ်။ ဆက်ပြီး စုံစမ်းနေဆဲပါ။ အုပ်ချုပ်သူ အစိုးရတပ် ကိုယ်တိုင်က သူတို့လုပ်ချင်သလို လုပ်နေတဲ့ နယ်မြေဒေသတွေ ဆိုတော့ အဲဒီလို လက်ရဲဇက်ရဲ ဓားပြတိုက်တာတို့၊ ရွာသားတွေကို နှိပ်စက်ညှဉ်းပန်းတာတို့ အမြဲဖြစ်ပေါ်နေတဲ့ ဒေသဖြစ်တယ်။ အဲဒီဒေသဟာ အညိုရောင်နယ်မြေအဖြစ် စစ်အစိုးရတပ်တွေက သတ်မှတ်ထားတဲ့အတွက် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အဆိုးဝါးဆုံးဒေသတခု ဖြစ်ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ် အစပ်ဖြစ်သော အဆိုပါ နယ်မြေသည် မြန်မာစစ်အစိုးရနှင့် အပစ်ရပ်စဲခဲ့သည့်နောက်ပိုင်းမှ မွန်ပြည်သစ်ပါတီက လက်လွှတ်ဆုံးရှုံးခဲ့ရသည့် နယ်မြေလည်းဖြစ်ကြောင်း နိုင်ဟံသာဗွန်ခိုင်းက ပြောသည်။
http://www.khitpyaing.org/index.php?route=detail&id=4997

2 comments:

Anonymous said...

စစ်ဝတ်စုံဝတ်ပြီး ဓားမြတိုက်သွားတဲ့ ကလိမ်ကကျစ် သောင်းကျန်းသူတွေပါ...ဒါကို တပ်မတော်ကလုပ်ပါတယ်ဆိုပြီး ၀ါဒဖြန့်နေတာဟာ မသိတဲ့သူတွေတွက်ယုံချင်ပေမယ့် သိတဲ့သူတွေတွက်တော့ ၀ါးဟားဟားဟား....

Anonymous said...

ဟေ့ကောင်စစ်ခွေး...
မင်းပြောတဲ့ ဗမာအဖွဲ့မဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေက မင်းတို့လို
မငတ်ဘူး။
သူတို့က လူတွေဗျ။ မင်းတို့လိုသနားကြင်နာညှာတာစိတ်မရှိတဲ့
စစ်ခွေးတွေမဟုတ်ဘူး။
ကရင်ပြည်နယ်မှာ ဆိုင်ကယ်လာခိုးတာ မင်းတို့အမျိုးဗမာတွေချည်းပဲ။
ရဲနဲ့ပေါင်းတာ။ ဇာသပြင်တံတား၊သံလွင်တံတားတို့မှာ သူခိုးနဲ့ရဲပေါင်းပြီး
ကြီးပွားနေတာ။
အဲဒါ အသေးစိတ်သိချင်ရင် ကိုယ်တိုင်စုံစမ်းကြည့်ပါစစ်ခွေးရဲ့။
ပြည်သူတွေကတော့ မင်းတို့ကို ဘယ်လောက်နာကျဉ်းသလဲဆိုတာလဲ
ဆန်းစစ်ဦး။
မြောက်ပင့်စကားတွေကိုပဲကြည့်မနေနဲ့ဦး။

Post a Comment