ondragstart="return false" onselectstart="return false"

Sunday, October 17, 2010

မကြာခင် အသက်ဝင်လာတော့မည့် ဗမာပြည်ရဲ့ "အလံ" အသစ်

ဗမာပြည်ကြီး ရဲ့ အလံ အသစ် ကို စတင်အသက်သွင်းတော့မယ် လို့ ဆိုကြပါတယ်။ ၁၉၇၄ မှာ ပေါက်ဖွားလာခဲ့တဲ့ အလံဟောင်းပဲဖြစ်ဖြစ် သိပ်မဝေးတော့တဲ့အချိန်မှာ ၂၀၀၈ အခြေခံဥပဒေမှ ပေါက်ဖွားလာမည့် အလံအသစ်ဖြစ်ဖြစ် ဘယ်အလံမှ စစ်မှန်တဲ့ တိုင်းပြည်ရဲ့ အလံတော် တိုင်းသူပြည်သား အားလုံးကို ကိုယ်စားပြုတာမဟုတ်ဘူး။ အထူးသဖြင့်တိုင်းရင်းသားတွေ အတွက်ဆို ဒီအလံဟောင်းကြီးကိုမြင်ရင် ငါတို့ ကို ဖျက်ဆီးနေတဲ့ လူတွေရဲ့ သင်္ကေတ အလံတစ်ခုလို့ ပဲ ရှုမြင်ပါတယ်။ ထိုနည်းလည်းကောင်းပဲ ၂၀၁၀ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် အလံသစ်ကလည်း အဟောင်းနဲ့ ဘာမှ ထူးမခြားနားဘူး။ ပိုတောင်ဆိုးအုံးမှာပါ။ တိုင်းရင်းသားတွေနှင့် ဗမာပြည်ရှိပြည်သူပြည်သား အားလုံးကို ရာသက်ပန် စစ်ကျွန်လက်အောက်သို့ ထိုးအပ်မည့် သင်္ကေတ တစ်ခုပါ။

ဒီအလံသစ်က ကျနော်တို့ တိုင်းရင်းသားတွေကို ကိုယ်စားမပြုပါ။ အိမ်မှာရှိတဲ့ တမီစုပ် ပိတ်စ ကတောင် တိုင်းရင်းသားတွေအတွက် ပိုပြီး တန်ဖိုးရှိမှာပါ။

"ဗိုလ်ချုပ်ကြီး နေ၀င်း ဦးဆောင်သော စစ်အစိုးရက အခြေခံဥပဒေ အတည်ပြုသည့် ၁၉၇၄ ခုနှစ် ဇန္န၀ါရီ ၃ ရက် မှ စတင်ကာ ယခုအချိန်အထိ အသုံးပြုနေသော အလံ(နောက်) နှင့် ဗိုလ်ချူပ်မှူးကြီးသန်းရွှေ ဦးဆောင်သော လက်ရှိစစ်စိုးရ၏ ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင် အဆိုပြုထားသော အလံသစ် (ရှေ့ )တို့ ဖြစ်သည်။" RFA
http://www.rfa.org/burmese/news/garment_factories_rushing_to_roll_out_new_flags-10152010110217.html

Type the rest of your post here.

6 comments:

Anonymous said...

၁၉၄၈-၁၉၆၂ ဖဆပလ(၁၄)နှစ် + ပါတီစုံစံနစ်ကဘာမှဖြစ်မလာ၊ အချင်းချင်းပြန်ခွပ်ကြ။

၁၉၆၂-၁၉၈၈ မဆလ တစ်ပါတီစံနစ်လည်း အာပလာ

၁၉၈၈-၂၀၁၀ စစ်ဝါက အခြေအနေပိုဆိုး။

၂၀၁၀- ...... လည်းပဲ ထိုနည်းလည်းကောင်းအပြင်
ဆက်၍ သယံဇာတ ကျိန်စာသင့်နေဦးမည်။

ပုံ
နည်းဗျူဟာ

Anonymous said...

၁၉၄၈-၁၉၆၂ ဖဆပလ(၁၄)နှစ် + ပါတီစုံစံနစ်ကဘာမှဖြစ်မလာ၊ အချင်းချင်းပြန်ခွပ်ကြ။

၁၉၆၂-၁၉၈၈ မဆလ တစ်ပါတီစံနစ်လည်း အာပလာ

၁၉၈၈-၂၀၁၀ စစ်ဝါဒက အခြေအနေပိုဆိုး။

၂၀၁၀- ...... လည်းပဲ ထိုနည်းလည်းကောင်းအပြင်
ဆက်၍ သယံဇာတ ကျိန်စာသင့်နေဦးမည်။

ပုံ
နည်းဗျူဟာ

Anonymous said...

Military Junta wants to write new history of the country. It is a huge mistake for them. They will be paid for this through out their generation.

Anonymous said...

နအဖ စစ်အစိုးရရဲ့ အလံသစ်ဟာ BIA ခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော်ရဲ့ အလံနှင့် ဆင်တူရိုးမ ထွင်ထားတယ် လို့ ဆိုပါတယ်။

Anonymous said...

တိုင်းရင်းသားတွေထဲမှာ ဘမာမပါဘူး။ ဘမာကတိုင်းရင်းသားလို့ကိုယ့်ကိုကိုယ်သတ်မှတ်ရင်ကွာ ကရင်တွေကချင်တွေတော်လှန်ရေးလုပ်စရာမလိုတော့ဘူး။
မြန်မာမရှိတော့ဘဲ ဘမာဘဲရှိတဲ့နေ့ကတိုင်းပြည်ငြိမ်ချမ်းတဲ့နေ့ဘဲ။ဘမာကတိုင်းရင်းသားထဲမာပါရင် ဘာဖြစ်လို့ပြည်နယ်(၈)ပြည်နယ်မရှိရတာလည်း။တိုင်းမလိုတော့ဘူးလေး။
ဘမာလူမျိုး၊ ဘမာစာဘဲရှိတယ်။ မြန်မာစိုတာဘမာမျိုးချစ်ဝါဒီတွေတိုင်းရင်းသားအားလုံးကိုနားလဲ့ပါးရိုက်ဖို့နဲ့ကျွန်ပြုဖို့တီထွင်တဲ့ကုတ်(Code)ဖြစ်တယ်။
မြန်မာလူမျိုးမြန်မာစာစိုတာကျန်လူမြိုးတွေကိုဘမာကလူလည်ကျပြီးကျွန်ပြုတာ။ သူတို့ကမြန်မာစိုတာဘမာအပါအဝင်တိုင်းရင်းသားတွေကိုကိုယ်စားပြူ့တယ်တဲ့။
ဒါကလိမ်တာ။ ခများတို့တွေအားလုံး "မြန်မာဖတ်စာ"ကိုသင်လာခဲ့ရပါတယ်နော်။ ကရင်ကချင်ကယားချင်းမွန်ရခိုင်ရှမ်းစာလေးတလုံးလုံးမြားတွေ့မိလား။
နောက်အနစ်(၁၀၀)ကျန်လူမျိုးတွေရဲ့ဘာသာစေပေတွေအားလုံးပျောက်တဲ့အချင်ကျရင် Union of Myanmar ကနေthe Pure Burma Land ပြန်လုပ်မာဘဲ။ အခုတောင်လုပ်နေပြီ။
လူတယောက်ကဒီနေ့အစားကြီးဘဲစားမယ်။ မနက်ဖြန်အီးကြီးဘဲပါမယ်။ သန်ဖက်ခါတော့ဝင်ငွေရရေးအတွက်အလုပ်ကြီးဘဲလုပ်မယ်။ ဒါမျိုးမဖြစ်နိုင်ဘူး။
ဒီမိုကရေစီရရှိရေး။တိုင်းရင်းသားအရေးနဲ့လူအခွင့်အရေးကတခုနဲ့တခုခွါလို့မရအောင်ယှဉ်တွဲနေတာ။တပြိုင်ထဲယှဉ်တွဲလုပ်စောင်ရမဲ့အရာတွေ။
သမိုင်းကသက်သေခံခဲ့ပြီ။ မင်းတို့တိုင်းရင်းသားတွေလက်မှက်ပဲထိုးပါ။ လွတ်လတ်ရေးကိုအရင်ယူမယ်။၁၉၄၇ဖွဲ့စည်းပုံကဘုရားစကားမဟုက်ဘူး။ပြီးမှပြင်မယ်။ဘာဖြစ်ခဲ့လည်း။
နအဖကိုဝိုင်းတိုင်းနေတဲ့တိုင်းရင်းသားတွေနဲ့ဘမာကြားဘမာဝါဒမကြီးစိုးဘဲတန်းတူခြင်းကိုအခြေခံသင့်ပြီ။ မဟုက်ဘဲငါတို့ရွေးကောက်ပွဲနိုင်လာတဲ့သူတွေကွဆိုပြီးခေါင်းတလုံးသာချင်ရင်မဖြစ်ဘူး။
လေးစားလျက်
သူ့မူဒို

Anonymous said...

ဤအလံ၏အဒိတ်ပယ်ကိုကျနုပ်အနေနင့်ဤသို့သာမြင်၏။
အပေါ်ဆုံးရှိအဝါရောင်သည်အုတ်ချုပ်သူလူတန်းစား။ အစိမ်းရောင်သည်အုပ်ချုတ်သူလူတန်းစားရဲ့အခိုင်းခန်စစ်တပ်(သို့)စစ်ဝါဒီ။
အနီရောင်သည် အပေါ်ကအုတ်ချုတ်သူနင့်စစ်တတ်အောက်ရှိဝါဒမိုင်းမိနေသောရဲရဲတောက်ဘမာမျိုးချစ်ဝါဒရှင်သန်နေတဲ့နင်းပြား(သို့)အဖိနိတ်ခံဘမာပြည်သူ။
ကြယ်ကြီးသည်ဤလူတန်းစားသုံးခူ့ကိုလက်တွဲညီစေမည့် ဘမာမျိုးချစ်ဝါဒကိုဆိုပါသည်။
ခြုံ၍ပြောရလျင် ဘမာမျိုးချစ်ဝါဒတပြည်ထောင်စနစ်ကိုကိုယ်စားပြုသောအလံတော်သာဖြစ်သည်။
ဤအလံ၌လူတန်းစားခွဲခြင်းနင့်အဆင့်အတန်းခွဲခြားခြင်းတွေပါဝင်နေပါသည်။သူတို့ဘမာချင်းမည်သို့ဘယ်လိုကွဲပြားပါစေမဟာဘမာဝါဒကြယ်ကြီးနင့်ပြန်စူစည်းထားသည်။
ညီမျာ့ချင်းသဘောကိုဖော်ပြချင်လျင်ဤအရောင်များသည် အလျားလိုက်မဟုက်ဘဲ ဒေါင်လိုက်ဖြစ်ရမည်။ဤအလံ၏အဒိတ်ပယ်သည်ဘမာဝါဒဖော်ဆောင်ခြင်း၌ပင်လျင်အုတ်ချုတ်သူဘမာ၊အခိုင်းခံဘမာစစ်တပ်၊ အဖိနိတ်ခံဘမာဟူ၍လူတန်းစားခွါထားပြီး မဟာဘမာဝါဒကြယ်ကြီးနဲ့ထိန်းထားခြင်းသာဖြစ်သည်။
လေးစားလျက်
သူ့မူဒို

Post a Comment