ondragstart="return false" onselectstart="return false"

Saturday, October 2, 2010

ညောင်လေးပင်ခရိုင်တွင် နအဖ စစ်တပ်မှ ရွာသားများအား ကုန်ရောင်းကုန်ဝယ်ခွင့်မပြု

၂၁၊ ၀၉၊ ၂၀၁၀ ရက်နေ့  ဗမာ့တပ်မတော် ခလရ (၄၈) လက်အောက်ခံ ဌေးအောင် နှင့် တင်မိုးကျော်ဦးစီးသော တပ်များသည် ညောင်လေးပင်ခရိုင် သပြေညွန့် ၊ ကျောက်ကြီးပေါက်၊ ဒေသတွင် နေထိုင်သောဒေသခံလူထုအား မာလဒေါ၊ ယူလို၊ ကမူလို ရွာများသို့ သွားလာခွင့် ကုန်ထမ်းရောင်းခွင့် လုံးဝမပြုလုပ်ရန် ပိတ်ပင်တားမြစ်ပါသည်။

ထိုနည်းတူ မာလဒေါ၊ ယူလို၊ ကမူလို ရွာရှိ ဒေသခံများကိုလည်း သပြေညွန့် ၊ ကျောက်ကြီးပေါက်ကို သွားပြီး ကုန်ရောင်းကုန်ဝယ် လုံးဝမပြုရန် တားမြစ်ထားပါသည်။ နအဖ စစ်တပ်များသည် ကရင်ဒေသတွင် ဖြတ်လေးဖြတ်ပုံစံတွေ အစဉ်တစိုက်ကျင့်သုံးနေဒါဖြစ်ပြီး ဒေသခံများ၏ ဘ၀ကို စနစ်တကျဖျက်ဆီးနေကြောင်း သတင်းရရှိပါသည်။


Type the rest of your post here.

No comments:

Post a Comment