ondragstart="return false" onselectstart="return false"

Saturday, October 2, 2010

ရှမ်းတပ်ဖွဲ့စခန်းကို နအဖတပ် တိုက်ခိုက်

သူများလာတိုက်မှ ပြန်ပြီးစတိုက်မယ် ဆိုတဲ့ ကရင်အပါအ၀င် တိုင်းရင်းသားအဖွဲ့ တွေအားလုံး အတွက် ဒီတိုက်ပွဲက နမူနာပဲ။ မပူနဲ့  နအဖ စစ်တပ်က မင်းတို့ ကို မူလီ ရစ်သလို တစ်ရစ်ပြီး တစ်ရစ် ရစ်ပြီး ကောက်စားသွားမည်။ နအဖ က တိုင်းရင်းသားအဖွဲ့  အားလုံးကို တစ်ရက်မတိုက် တစ်ရက် တိုက်မှာပဲ။ အဲဒါ မြေကြီးလက်ခတ်မလွဲဘူး။ ဒီအခြေအနေမှာ မဟာဗျူဟာ အရ တွေဝေနေသေးရင် ခံရမယ်။ ရန်သူစခန်းကို သွားတိုက် သွားသိမ်းဖို့  တိုက်တွန်းတာမဟုတ်ပါ။ ကိုယ့်ဆီ တည့်တည့်ဦးတည်လာနေတဲ့ ရန်သူ၊ ကိုယ့်ကို ဒုက္ခပေးမဲ့ရန်သူ ကိုယ့်နယ်မြေထဲမှာ ရောက်နင့်နေတာ သိသိလျက်နဲ့  ကြိုပြီး အနည်းဆုံး ပျောက်ကြားစစ်၊ ပျောက်ကြားချေမှူန်းရေးစစ်တွေကို ကြားဖြတ်ပြီး ဘာမှမတုံပြန်နိုင်ရင် တကွက်နောက်ကျနေမှာဖြစ်ပြီး ကြီးမားတဲ့ ဆုံးရှူံးမှု တွေကို ပေးဆပ်ကြရလိမ့်မည်။

ခိုင်လင်း / ၀၁ အောက်တိုဘာ ၂၀၁၀

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ရှမ်းပြည်တပ်မတော် SSA (မြောက်ပိုင်း) အဖွဲ့၏ တပ်စခန်းတခုအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) လက်အောက်ခံ စစ်ကြောင်းတခုက လာရောက်တိုက်ခိုက်သဖြင့် နှစ်ဖက်အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

ခမရ (၃၂၅) ၏ အင်အား (၆ဝ) ဝန်းကျင်ပါ စစ်ကြောင်းတခုက မိုင်းရယ်နှင့် သီပေါမြို့နယ်အကြားရှိ မန့်ကုန်းညု ကျေးရွာအနီးရှိ ရှမ်းတပ်ဖွဲ့စခန်းအား ယမန်နေ့နံနက် (၆) နာရီဝန်းကျင်အချိန်၌ လာရောက်တိုက်ခိုက်ခဲ့ရာ အင်အားချင်း မမျှသဖြင့် စခန်းဆုတ်ခွာပေးခဲ့ရသည်ဟု ရှမ်းတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “အင်အား (၇) ယောက်ပဲ ရှိတဲ့ စခန်းလေးပါ။ အဲဒီမှာ မူးယစ်ဆေးဝါးအမှုနဲ့ အချုပ်ကျနေတဲ့ ရွာသား (၁၄) ယောက်လည်း ချုပ်ထားတယ်။ အဲလို လာတိုက်တော့ အဲဒီအချုပ်သားတွေလည်း ပြန်လွှတ်ပေးလိုက်ရတယ်။ နအဖဘက်က (၆ဝ) လောက်ဆိုတော့ အင်အားမမျှတာနဲ့ စခန်းကို ဆုတ်ပေးလိုက်ရတယ်။ ရှမ်းအဖွဲ့ဘက်က တယောက်မှ အထိအခိုက် မရှိဘူး” ဟု ပြောသည်။

ပြီခဲ့သည့်လ (၁၄) ရက်နှင့် (၂ဝ) ရက်များကလည်း ရှမ်းတပ်ဖွဲ့နှင့် ရမခလက်အောက်ခံ တပ်များအကြား တိုက်ပွဲ (၂) ကြိမ် ဖြစ်ပွားခဲ့ပြီး မိုင်းရယ်မြို့နယ် ဝမ်ဟိုင်ကျေးရွာအနီး ဖြစ်ခဲ့သည့် တိုက်ပွဲတွင် နအဖတပ်ဘက်မှ (၁) ဦး ကျဆုံးသွားပြီး အမ်အေ (၁) သေနတ် (၁)လက် ရှမ်းတပ်ဖွဲ့မှ သိမ်းဆည်းရမိခဲ့သည်။

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်ရပ်စဲရေး ပြုလုပ်ခဲ့ပြီး သီပေါမြို့နယ်၊ စိန်ကျော့ဒေသတွင် ဗဟိုဌာနချုပ် ဖွင့်လှစ်ထားခဲ့သည်။ ယမန်နှစ် ဧပြီလမှစ၍ ပြည်သူ့စစ် အသွင်ပြောင်းရန် နအဖဘက်က ဖိအားပေးခဲ့ရာ ဗိုလ်ချုပ်ပန်ဖ ဦးဆောင်သည့် တပ်မဟာ (၁) က လက်မခံခဲ့သည့်အတွက် နအဖက ရှမ်းတပ်ဖွဲ့တခုလုံး လက်နက်စွန့်ရန်အထိ ပြောဆိုကာ စစ်ရေးအရ ဖိအားပေးမှုများ ပြုလုပ်လာပြီးနောက်ပိုင်း တိုက်ပွဲ (၃) ကြိမ်အထိ ဖြစ်ပွားခဲ့ပြီးဖြစ်သည်။

နအဖဘက်မှ သီပေါမြို့နယ်အပါအဝင် ရှမ်းပြည်နယ် နန့်စန်-လဲချား-သီပေါ တို့ကို ဖြတ်သန်းပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့အထိ မီးရထားလမ်းဖောက်လုပ်ရေး လုပ်ငန်းစတင်နေပြီဖြစ်၍ သီပေါမြို့နယ်အတွင်း၌ ရှမ်းတပ်ဖွဲ့များ အခြေချခြင်းမရှိစေနိုင်ရန် စစ်ရေးစီမံချက် ချမှတ်ထားကြောင်း ရမခနှင့် နီးစပ်သူ လားရှိုးဒေသခံတဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့လ (၂၆) ရက်ကဆိုရင် သီပေါမြို့နယ်ထဲမှာ သီပေါ-လဲချား မီးရထားလမ်းပိုင်း လုပ်ငန်းစီမံကိန်း ဖွင့်သွားပြီ။ အဲဒီဒေသထဲ မီးရထားလမ်းလုံခြုံရေးအရ ရှမ်းတပ်ဖွဲ့ကို ဆက်ပြီး မထားချင်ဘူး။ ပြီးတော့ ယွက်စစ်တိုရဲ့ အက်အက်စ်အေ တောင်ပိုင်းက အဖွဲ့တွေ ရှမ်းမြောက်မှာ အပစ်ရပ်ရှမ်းတွေနဲ့ ရောရော နှောနှော လာနေမှာကို စိုးရိမ်ပုံလည်း ရတယ်။ ဒါကြောင့် တိုက်ဖို့ လုပ်သွားမှာ” ဟု ပြောသည်။

ယခုအချိန်၌ နအဖနှင့် ရှမ်းတပ်ဖွဲ့အကြား အပစ်ရပ်စာချုပ်မှာ ပျက်သွားသကဲ့သို့ ဖြစ်နေသော်လည်း နအဖတပ်များ၏ ဝင်ရောက်တိုက်ခိုက်မှုအပေါ် ရှမ်းတပ်ဖွဲ့ဘက်က ပြန်လည် ခုခံတိုက်ခိုက်ခြင်းကလွဲ၍ နအဖ တပ်စခန်းများသို့ သွားရောက်တိုက်ခိုက်မှုမျိုး လုပ်မည်မထင်ကြောင်း ရှမ်းတပ်ဖွဲ့နှင့် နီးစပ်သူက ပြောသည်။
http://www.khitpyaing.org/index.php?route=detail&id=4915

2 comments:

Anonymous said...

သောသီခိုဆိုတာ ဘလော့ပေါ်ကနေ ဟိုလိုလုပ်ပါ့လား ဒီလိုလုပ်ပါ့လားနဲံ့ မြှောက်ထိုးပင့်ကော်လုပ်နေတဲ့ မြေခွေးတစ်ကောင်ပါ...

Anonymous said...

သောသီခိုက မြေခွေးမဟုတ်ဘူးဗျ။ မြေခွေးတွေအကြောင်းကိုသိနေတဲ့ လင်းယုန်နက်ကြီးဗျ.
ဟားဟား.......
လူယုတ်မာ မြေခွေးအစစ်က ဗမာစစ်တပ်ဗျ။

Post a Comment