ondragstart="return false" onselectstart="return false"

Friday, October 22, 2010

ညောင်းလေးပင်ခရိုင်နှင့် တောင်ငူခရိုင် လူ့အခွင့်အရေးချိုးဖေါက်မှုသတင်း

၁၇-၁၀-၂၀၁၀ နေ့တွင် ကျောက်ကြီးမြို့နယ်၊ ဥက္ကဋ္ဌဇော်မျိုးညွန့်က ခြေပြတ်လက်ပြတ်ဒုက္ခိတများအတွက်
နေရာထိုင်ခင်းအဖြစ် အိမ်(၄)လုံးဆောက်ရန် အကြောင်းပြပြီး ၄င်းမြို့နယ်ရှိ ကျေး၇ွာ(၁၀)အုပ်စုမှ
ပြည်သူလူထုထံတွင် ကျပ်ငွေ သိန်း(၄၀)ကောက်ခံရန် အတင်းအဓမ္မညွန်ကြားခဲ့သည်။

၎င်းငွေ သိန်း(၄၀)ကို ၂၀-၁၀-၂၀၁၀နေ့တွင် အရောက်ပို့ပေးရမည်ဟု ခြိမ်းခြောက်ပြောလာသဖြင့်
ကျေးရွာသူရွာသားများကလည်း ထိုနေ့မှာပင် အရောက် ပို့ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

အတင်းအဓမ္မ ငွေကြေးကောက်ခံခြင်းခံရသောကျေးရွာအုပ်စုဆယ်စုမှာ
၁။ ပါ့တလာကျေးရွာအုပ်စု
၂။ အင်းနက်ကျေးရွာအုပ်စု
၃။ နိုညာသူကျေးရွာအုပ်စု
၎။ ၀ါးလဒေါကျေးရွာအုပ်စု
၅။ သူးကဘီးကျေးရွာအုပ်စု
၆။ နို့ဂေါ်ကျေးရွာအုပ်စု
၇။ နံ့သာကွင်းကျေးရွာအုပ်စု
၈။ ဒေါမွတ်ကျေးရွာအုပ်စု
၉။ ထိုးဝါးဆယ်ကျေးရွာအုပ်စု
၁၀။ ကျောက်စရစ်ကျေးရွာအုပ်စု တို့ဖြစ်သည်။

၁၈-၁၀-၂၀၁၀နေ့တွင် ထန်းတပင်မြို့နယ် ဖလေးဆာ့လိုဒေသမှ ရန်သူခလရ(၁၀၂)အဖွဲ့သည်
ဖလေဆာ့လိုရွာသား(၇)ယောက်ကို အတင်းအဓမ္မစေခိုင်းပြီး
ထိုနေ့မှာပင် ဘောဂလိစခန်းမှ ရန်သူနအဖစစ်သားများက ကလေဆိုးခီးရွာသူကြီးကို
ဆင့်ခေါ်လူစုခိုင်းကာ ဘောဂလိရွာမှ မုဒေး၊ဖူးဒေးရွာအထိ ကားလမ်းမဘေးဘီဝဲယာကို
အတင်းအဓမ္မ ခုတ်ထွင်ရှင်းလင်းစေခဲ့သည်။

၁၈-၁၀-၂၀၁၀နေ့မှာပင် ဒေါ့ဖါခူးမြို့နယ်၊ ရန်သူ(ဘုရင်နောင်တပ်မြို့)က
၎င်းမြို့ရှိ (၅)ရပ်ကွက်မှ လူထုကို တရပ်ကွက်လျှင် (၁၀)ယောက်စီဖြင့်
ပြည်သူစစ်သင်တန်းပေးရန် တောင်းခံခဲ့သည်။

၁၆-၁၀-၂၀၁၀ နေ့တွင် ထီးသာ့ဆောစခန်းရှိ ရန်သူခလရ(၃၀)မှဗိုလ်ကြီးစိန်မောင်သန်းက
ထီးသာ့ဆောကျေးရွာနှင့် အနီးအနားရှိကျေးရွာမှ ရွာသူ/သားများထံမှ အိမ်ထောင်စုစာရင်းပြရန်
တောင်းခံခဲ့သည်။

ထို့ပြင် လိပ်သိုမှာရှိသော ရတမ(၆၀၃)အဖွဲ့နှင့် ငြိမ်းချမ်းရေးအဖွဲ့တို့ပူးပေါင်းပြီး
ငွေကြေးကောက်ခံရန် အခွန်ဂိတ်ကို ချမှတ်ဖွင့်ထားခဲ့သည်။
၎င်းဂိတ်မှ ဖါလာအရောင်းအ၀ယ်လုပ်သော ကုန်သည်များထံမှ ကုန်တင်ကားကြီးတစီးလျှင်
ကျပ်ငွေ(၃)သိန်းနှင့်ကားသေးတစီးလျှင် ကျပ်ငွေ(၂)သိန်းကောက်ခံကာ
မပေးဆောင်နိုင်ပါက မြို့ပေါ်သို့ သယ်ဆောင်ခွင့်မပေးကြောင်း သတင်းရရှိပါသည်။

ဘာသာပြန်ကိုးဒီသွေးမှ ပြန်လည်ကူးယူဖေါ်ပြသည်။

No comments:

Post a Comment