ondragstart="return false" onselectstart="return false"

Sunday, October 17, 2010

ဗိုလ်မှူးရွှေမန်းနှင့် ဗိုလ်မှူးကီး သို့ အိတ်ဖွင့်ပေးစာ

အောင်စိုးစံ

သြဂုတ်လ (၄)ရက်နေ့ပါ ယနေ့မြန်မာဂျာနယ်က သတင်းတပိုဒ် ဖတ်လိုက်ရလို့ အထူးပဲ စိတ်မချမ်းမြေမှု ခံစားလိုက် ရပါ တယ်။ စစ်အာဏာရှင်တို့ဟာ ငြိမ်းအပစ်ရပ်တွေကို နယ်ခြားစောင့်တပ်(သို့) ပြည်သူ့စစ်အဖြစ် အသွင်ပြောင်း စေပြီးရင် ဆက်လက်တော်လှန်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်ချေမှုန်းရာမှာ လက်ကိုင် ဒုတ် အလို တော်ရှိ တပ်တွေအဖြစ် အသုံးပြုလာလိမ့်မယ်ဆိုတာကို မှန်းဆပြီးသား ဖြစ်ပေမဲ့ ကျနော်ခင်မင်လေးစား ရတဲ့ ခင်ဗျားတို့ နှစ်ယောက် က အဦးဆုံးနဲ့ထိပ်ဆုံးကပါလာတော့ စိတ်ထဲမှာနာကျင် ခံခက်လှပါတယ်။ အမိန့်နဲ့ တာဝန်ကို ကျေပွန်စွာ လိုက်နာထမ်းဆောင် တတ်ပြီး အောက်ခြေရဲဘော်များနဲ့ လက်ရည်တပြင်စည်း ရင်းနှီးစွာ တသားတည်းနေတတ်တဲ့ ဗိုလ် ရွှေမန်း၊ ရိုးသားမှုနဲ့တည်ကြည်လေးနက်ပြီး ပေးအပ်တဲ့တာဝန်ကို ထက်ထက်သန်သန် ထမ်းဆောင်တတ်တဲ့ ဗိုလ်လေးကီး တို့ဟာ ကျနော့်ရဲ့တော် လှန်ရေးသက်တမ်းမှာ ခင်မင်လေးစားရတဲ့ လူများဖြစ်ခဲ့ သလို မရှိအတူ ရှိအတူဆိုးတိုင်ပင် ကောင်းတိုင်ပင်နေခဲ့ကြလို့ ညီအကို သူငယ်ချင်းလို ခင်မင်သံယောဇဉ် ရှိခဲ့ရပါတယ်။

အဲဒီအချိန်ကာလက ကျနော်တို့တိုက်ပွဲဝင်ခဲ့တာ ကိုယ့်လူမျိုးနဲ့ယဉ်ကျေးမှုတို့မပပျောက်ဖို့လူမျိုးတမျိုးရဲ့ ဂုဏ် အင်္ဂါလက်က္ခာ ဏာရပ်နဲ့ အညီ ရပ်တည်နိုင်ဖို့အတွက် ခေါင်းဆောင်ကြီးဖြားဗွာလှဖေနဲ့ အမျိုးသား ခေါင်း ဆောင်များ မျော် မှန်းချမှတ်ခဲ့တဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌါန်းခွင့်ရှိတဲ့ စစ်မှန်တဲ့ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့အတွက် ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးများရဲ့ မူလရပိုင်ခွင့်ဖြစ်တဲ့ ပင်လုံသဘောတူညီချက်ကို ဖျောက်ဖျက်လိုတဲ့ မဟာလူမျိုးကြီး ၀ါဒ ကျင့်သုံးသူအာဏာ ရှင်တွေကို တော်လှန်ခဲ့ကြတာပါ။ အခုအချိန်မှာ အမျိုးသားခေါင်းဆောင်ကြီးမျာနဲ့ အညတြရဲဘော် တို့ရဲ့ ဘ၀အသက် အသက်သွေး သွေး ချွေးတွေနဲ့ ရင်းနှီးပြီးခဲ့တဲ့ ကျနော်တို့ ပအိုဝ်းအမျိုးသားနဲ့ ဘ၀တူလူမျိုးစုတွေရဲ့ ဆန္န ရပိုင်ခွင့်ကိုရပြီလို့များ ယုံကြည်လို့ တချိန်က ကိုယ်တိုင်ခံယူထမ်းဆောင်ခဲ့တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေဖက်ကို သေနတ် ပြောင်းလှည့်လိုက်တာလို့ လားလို့ မေးပါရစေသူငယ်ချင်းတို့။ အဲဒီိလိုများဆိုရင်တော့ နအဖက အတင်းအဓမ္မ အတည်ပြုခဲ့တဲ့ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရယ် ၂၀၁၀ နိုဝင်ဘာလ (၇)ရက်မှာ ကျင်းပတော့မဲ့ရွေးကောက်ပွဲ အခြေအနေနဲ့ ပအိုဝ်းအမျိုးသား နိုင်ငံရေးခင်းအကျင်းကို ယျေဘူယလေး ဆန်းစစ် ဆွေးနွေးကြပါစို့။

ပထမအချက်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)မှာ တိုင်းဒေသကြီး (၇)ခုနဲ့ ပြည်နယ်(၇)ပြည်နယ်က ဦးရေ တူအမတ်များနဲ့ စစ်ဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်တဲ့ လွတ်တော်တခုလုံးရဲ့ (၄)ပုံ(၁)ပုံ ဦးရေ စစ်သား အမတ်တွေပေါင်းစပ် ပြီး ဖွဲ့စည်းမဲ့ အထက်လွတ်တော်ခေါ် အမျိုးသားလွတ်တော်ဟာ ‘မဟာလူမျိုးကြီးဝါဒကို ကျင့်သုံးတဲ့ စစ်အာဏာရှင်စနစ်’ ကို ကိုယ်စားပြုမဲ့ လွတ်တော်ဆိုတာ ထင်ရှားနေပါတယ်။ စစ်မှန်တဲ့ပြည် ထောင်စုနိုင်ငံတွေမှာ အမျိုးသားလွတ်တော်ကို အမျိုးသားပြည်နယ်များကသာ ပြည်နယ်ကြီးငယ်မရွေး ဦးရေတူအမတ် ကိုယ်စား လှယ်များနဲ့ ဖွဲ့စည်းကြတာပါ။ နောက်ပြီး အခန်း(၁)အပိုဒ် (၁၄) မှာ “ပြည်ထောင်စုလွတ်တော်၊တိုင်းဒေသကြီးလွတ်တော်၊ နှင့် ပြည်နယ်လွတ်တော် များတွင်ကိုယ် စားလှယ်များအဖြစ် ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ပြဌါန်းသည့် ဦးရေအတိုင်း တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားများပါဝင်သည်။” လို့ ပြဌါန်းထားပြီး အခန်း(၁) အပိုဒ်(၁၇) (ခ)မှာ‘တိုင်းဒေသကြီး၊ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုနှင့် ခရိုင်အုပ်ချုပ်ရေးတို့တွင် ကာကွယ်ရေး၊ လှုံခုံရေး၊ နယ်စပ်အုပ် ချုပ်ရေးစသည့် တာဝန်များထမ်းဆောင်ရန် တပ်ချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား ပါသည်။’ လို့ လုပ်ထားပြန်ပါတယ်။

ဒီလို ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးအဆင့်ဆင့်တိုင်းမှာ ဘသားချောတို့စစ်တပ်က နေရာယူထားတဲ့အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးအခန်းတွေမှာ မဖြစ်နိုင်အောင်တင်းကြပ်ထားပြီး စစ်တပ်က အချိန်မရွေး အာဏာသိမ်း ခွင့်ကိုပါ ပြဌါန်း ထားပေးလို့ ဒီ ၂၀၀၈ အခြေခံ ဥပဒေရဲ့ အောက်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီ်းခွင့်နဲ့ ငြိမ်းချမ်း လုံခြုံ စိတ်ချမှုတွေ ရှိလာလိမ့်မယ်လို့ အမှန်တရားမြတ်နိုးသူတွေ၊ ပညာရှင် တွေ ဘယ်သူကမှ လက်မခံကြပါဘူး။ သူငယ်ချင်းတို့ကရော ယုံကြည်နေကြသလား။

နောက်တခါ ၂၀၁၀ ရွေးကောက်ပွဲအတွက် ထုတ်ပြန်ပေးတဲ့ ဥပဒေမှာလည်း အကန့်အသတ်အညစ်အပတ်တွေနဲ့ ထွက်ပေါ်လာ ပါတယ်။ ၁၉၉၀ က မဲအပြတ်အသတ် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲချုပ်နဲ့ တိုင်းရင်းသား ပါတီများက ရွေးကောက်ပွဲဥပဒေတရားမျှတမှု မရှိတာရယ် ရွေးကောက်ပွဲဝင်ခြင်းဖြစ် ၂၀၀၈ အခြေခံဥပဒေကို အသိအမှတ် ပြုရာရောက် တယ်ဆိုတဲ့ အချက်တွေနဲ့ ပါတီမှတ်ပုံတင်ခြင်း မပြုကြပဲ ရွေးကောက်ပွဲကို သပိတ်မှောက် ကြပြီး ကုလသမဂ္ဂ ဆုံးဖြတ်ထားတဲ့ သုံးပွင့်ဆိုင်ဆွေးနွေးရေးအပေါ်မှာ ဆက်လက်ရပ်တည်နေကြပါ တယ်။ သို့သော် စစ်အစိုးရ တွေ့ဆုံဆွေး နွေးရေးစားပွဲကို ရောက်လာဖို့ရာ သူ့ကို ပြင်းပြင်းထန်ထန် သက်ရောက်စေမဲ့ ဖိအားမျိုးရှိလာ မှသာဖြစ်လာနိုင် ပါလိမ့်မယ်။ ဥပမာ ပြည်တွင်းမှာ ၈၈ အရေးအခင်းလို ၂၀၀၇ သံဃာ့အရေးအခင်း မျိုးတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ နိုင်ငံတကာဖိအား တွေပြင်းထန်လာပြီး စစ်အစိုးရရဲ့ ခိုင်မြဲမှုကို ခြိမ်းခြောက် နိုင်တဲ့ အခြေအနေ မျိုးကို ဆိုလိုတာပါ။

အချို့နိုင်ငံရေးသမားနဲ့ တိုင်းရင်းသားအချို့တော့ အပြောင်း အလဲကို အဆင့်ဆင့်သွားမှသာ ဖြစ်ပေါ်နိုင်မယ်ဆိုတဲ့ အယူအဆ နဲ့ လွတ်တော်ထဲကနေ စကားပြောနိုင်ခွင့်ရအောင် ရွေး ကောက်ပွဲထဲ ၀င်ရောက်ယှဉ်ပြိင်ဖို့ လှုပ်ရှားနေကြပါပြီ။ စစ်အရာ ရှိများ ဟာလွတ်တော်မှာ ပြည်သူ့ကိုယ်စားလှယ် များနဲ့ အတူဆွေးနွေးငြင်းခုံတွဲဖက်လုပ်ကိုင်မှုတွေများလာရင် ဒီမိုကရေနဲ့ ယဉ်ပါးလာပြီးပြည်သူ့ဘက်ပြောင်း ရပ်တည် လာမယ့် စစ်ခေါင်းဆောင်မျိုးတွေ ပေါ်လာလိမ့်မယ်လို့ ဖစ်လစ်ပိုင်၊ အင်ဒိုနီးရှား၊ ရိုမေးနီးယားစတဲ့ နိုင်ငံများနဲ့ နှိုင်းယှဉ်ပြီး ယူဆကြပုံရပါတယ်။ သူတို့ရဲ့ သုံးသပ်မှုကလည်း မှားတယ်လို့ ငြင်းပယ်မရတဲ့အချက် ပါ။ စစ်မျက်နှာသစ်တခု ဖွင့်လိုက်ခြင်းလို့ကြိုဆိုသင့်ပါတယ်။ အခုတခါ ကျနော်တို့ ပအိုဝ်း အမျိုးသား အရေးဘက်ကို လှည့်ကြအုံးစို့။

ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ) အနေနဲ့ ပါတီမှတ်ပုံတင်ခြင်း မပြုတာကြောင်းကျိုးဆီလျှော်ပါတယ်လို့ ဆို ချင်ပါတယ်။ အကောင်အထည်မဖေါ်သေးတဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ကျောခိုင်းပြီး ၂၀၁၀ ရွေးကောက်ပွဲဝင် ခဲ့ရင် မဲဆန္နရှင်လူထုကို မလေးစားရာ ရောက်သလို အမျိုးသားနိုင်ငံရေးမှာ တွန်းတွန်းတိုက်တိုက် လုပ်နိုင်တဲ့ အင်အားမရှိတော့ PNO မှာ ၀ိုင်းဝန်းအားဖြည့်ခြင်းက ပိုပြီးအကျိုးရှိနိုင်မှာပါ။

ခင်ဗျားတို့ ကျနော်တို့ရဲ့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO လည်းရွေးကောက်ပွဲအတွက် ပြင်ဆင်မှု တွေနဲ့ မဲဆွယ်စည်းရုံးရေးတွေ လုပ်နေပြီလို့ သိရပါတယ်။ PNO အနေနဲ့ ဒေသတွင်းမှာပဲ ဖွံ့ဖြိုးရေး လုပ်ငန်းများကို စစ်တပ်နဲ့ ညှိနှိုင်း ဆောင်ရွက်ပြီးသွားမဲ့ မူမျိုး ချမှတ်ထားတဲ့အတွက် ရွေးကောက်ပွဲဝင်ခြင်းဟာ တခုတည်းသောလမ်း ဖြစ်ပါတယ်။ အဖွဲ့အစည်း ထဲက တာဝန်ရှိသူအချို့ဟာ ပြိုင်ဘက်မရှိတဲ့ အဖွဲ့အစည်းအခုရဲ့ ဒေသအုပ်ချုပ်ရေးတာဝန်များမှာ အမြဲတမ်းအရာရှိတွေ ဖြစ်ခဲ့ကြလို့ ပဒေသရာဇ်နဲ့ ဗျူရိုကရက်ဥာဉ်တွေ သက်ဝင်နေကြပါတယ်။ ပြည်သူလူထုကို အုပ်ချုပ်ခံ လူတန်းစားတရပ်လို အမြင်မျိုးနဲ့ အထက်စီး ဆက်ဆံမှုတွေ ခုချိန်မှာ ခ၀ါချသင့်ပြီလို့ အဲဒီလူတွေကိုလည်း နားချပေးချပေး ကြပါသူငယ်ချင်းတို့။ အဖွဲ့အစည်းကို ဒီမိုကရေစီအင်္ဂါရပ်တွေနဲ့ ညီညွတ်တဲ့ အမျိုးသားနိုင်ငံရေး အဖွဲ့အစည်းအရပ်အဖြစ် ပြုပြင်ကျင့် သုံးသွားဖို့လိုအပ်လာပြီ လို့ ဆိုပါရစေ။

အမျိုးသားနိုင်ငံရေး အဖွဲ့အစည်းတရပ်အနေနဲ့ ဒေသတွင်းအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေး ကြွေးကြော်ချက်နှင့်အညီ အများစု ဖြစ်တဲ့အောက်ခြေလူထုတွေ တွေ့ကြုံခံစားနေကြရတဲ့ အခက်အခဲများကို ကူညီဖြေရှင်းပေးရပါတော့မယ်။ အထွေထွေ စီးပွားရေးအကြပ်အတည်းနဲ့ အလုပ်လက်မဲ့ပြဿနာ၊ ဒေသတွင်းမှာ ဗမာတပ်များလာရောက် အခြေချမှု၊ လမ်းတံတားနဲ့ သတ္တုတွင်းစီမံကိန်း၊ ဒေသဖွံ့ဖြိုးရေးစတဲ့ အကြောင်းပြချက်များနဲ့ လူထုပိုင်မြေရာများ မတရား အသိမ်းခံ နေ ကြရပါတယ်။ မြေမဲ့ယာမဲ့ အလုပ် လက်မဲ့ တွေများလာလို့ မူးယစ်ဆေးဝါးစိုက်ပျိုးထုတ်လုပ်မှုများလာပြီး နောက်ဆက် တွဲ လူမှုရေးပြသနာ တွေ့ကြုံနေ ကြရပါပြီ။ အခြေခံဥပဒေ အခန်း(၁) အပုဒ်(၃၇) ပါ ပြဌါန်းချက်အရ နိုင်ငံတော်သည် နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက် ရေပေါ်ရေအောက်နှင့် လေထုတွင်းရှိ သယံဇာတ အားလုံး၏ ပင်ရင်းပိုင်ရှင် ဖြစ်သည် ဆိုတဲ့ ပြဌါန်းချက်ဟာ ပအိုဝ်းလူထုများရဲ့မြေယာဆုံးရှုံးမှုပြသနာ ကို ကူညီဖြေရှင်းဖို့ရာ PNO အတွက် မိုးကြိုံးပစ် တာကို ထမ်းရွက် နဲ့ကာပေးရမဲ့အဖြစ်ကို ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

နအဖရဲ့ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကို နိုဝင်ဘာ(၇)ရက်နေ့ ကျင်းပဖို့ ကြေငြာလိုက်ပါပြီ။ မဲဆန္နနယ် သတ် မှတ်ရာမှာ လူဦးရေအလိုက် မျှတမှုမရှိဘဲ ကြံ့ဖွတ်ပါတီအင်အားကောင်းတဲ့ဒေသတွေမှာ ကိုယ်စားလှယ်ဦးရေ ပိုပေးထား တယ်လို့ ဆိုပါတယ်။ အမတ်တစ်ယောက်အတွက် ကော်မရှင်ကို ပေးသွင်းဖို့ ငါးသိန်းကျပ် ဆိုတဲ့ ငွေက ပါတီအတော်များ များမှာ အခက်အခဲတွေ့နေရပါတယ်။ နအဖကို အတိုက်အခံပြုတဲ့ပါတီများ စည်းရုံးရေးဆင်းရာမှာ၊ အစည်းအဝေးကျင်းပ တဲ့ နေရာတိုင်းမှာ စစ်ထောက်လှမ်းရေးတွေက ဓါတ်ပုံရိုက်တာတို့ စစ်ဆေးမေးမြန်းတာ တို့ လုပ်ပြီး အနောက်အရှက်ပေး နေတယ် လို့ ဆိုပါတယ်။ နအဖရဲ့ ကြံ့ဖွတ်ပါတီက အရင်ရှိခဲ့တဲ့ အသင်းပိုင် ပစ္စည်းများ ရံပုံငွေများနဲ့ အင်အားတောင့်တင်း နေပြီး အစိုးရ ငွေနဲ့လမ်းတံတားဆောက်တာ တို့ အခမဲ့ဆေးကုပေးတာတို့ လုပှ်ုပီး စည်းရုံးရေးလုပ်ငန်းမှာ အာဏာပိုင်တွေ ရဲ့ အကူအညီ အပြည့်အ၀ရနေတယ်လို့ ဆိုပါတယ်။ ဘယ်လိုဖြစ်ဖြစ် နအဖကတော့ သူ့ရဲ့ကြံ့ဖွတ်ပါတီကို မနိုင်နိုင်အောင် လုပ်မယ်၊ ရှုံးလည်းနိုင်အောင်လုပ်မှာပဲလို့ အားလုံးက ခန့်မှန်းပြောနေကြတယ် သူငယ်ချင်းတို့။

ကိုယ့်ဘာသာကိုယ် ကုလားဖန်ထိုး၊ ကိုယ်တိုင်ချိုးပြီး ၊ ဖဲလည်း ခိုးအုံးမည့်ဒိုင် မစားဘဲ ခံနိုင်ပါ့မလား၊ ဒါကြောင့် ဒိုင်ညစ် ပတ်တာ မခံကြဖို့ အဲဒီမတရားတဲ့ အခြေခံ ဥပဒေနဲ့ မတရားတဲ့ ရွေးကောက်ပွဲကော်မရှင်ကို သပိတ်မှောက်ကြလို့ သံဃာ့ တပ်ပေါင်းစု၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂနဲ့ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့တို့ နိုးဆော်ချက်ထုတ်ပြန်ထား ပါတယ်။ ပူးတွဲ ထုတ်ပြန်တဲ့ နိုး ဆော်ချက်မှာ ၊ မဲရုံသို့မသွားဘဲနေရေး၊ ခြိမ်းခြောက်အကြပ်ကိုင်လို့ မသွားမဖြစ်လို့သွားရပါ က မဲကို ပယ်မဲဖြစ် အောင်ပြုလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံလုံးဆိုင် မျိုးဆက်သစ်လူငယ်များအဖွဲ့ကလည်း မြို့ လည်လူစည် ကားတဲ့နေရာများ မှာ လျှပ်တပျက် လက်ကမ်း စာစောင်ဖြန့်ဝေခြင်း၊ နံရံကပ်ပိုစတာများနဲ့ သပိတ်မှောက် ကြဖို့ နိုးဆော် လျှက် ရှိပါတယ်။

ရွေးကောက်ပွဲရက်က နီးလာနေပါပြီ၊ အထွေထွေမတရားမှုတွေ ပြည့်နှက်နေတာမို့၊ ပအိုဝ်းအမျိုးသားထုကလည်း သပိတ် မှောက် ကြဖို့ တိုက်တွန်းချင်ပါတယ်။ နောက်ဆုံးအနေနဲ့ မဲရုံမသွားပဲနေခြင်း၊ ပယ်မဲဖြစ်အောင် လုပ်နိုင်ခြင်း မဖြစ်နိုင်ရင် တခုတည်းသော ကိုယ့် အမျိုးသားအဖွဲ့ အစည်းဖြစ်တဲ့ PNO ကိုယ် စားလှယ်ကိုပဲ မဲပေး ကြပါလို့ ဆိုပါရစေ။ PNO ကိုယ်စား လှယ် မပါရှိတဲ့ မဲဆန္န နယ်များမှာ တိုင်းရင်းသားအဖွဲ့အစည်းများရှိ ပါက ၄င်း ကိုယ်စားလှယ်ကိုဖြစ်စေ ဦးရွှေအုံး က နာယကယအဖြစ်ဆောင်ရွက်တဲ့ ပြည် ထောင်စု ဒီမိုကရေစီ အဖွဲ့ချုပ် UDP သို့မဟုတ် အမျိုးသားဒီမိုကရေစီ အင်းအားစု NDF တို့ဟာ တိုင်းရင်းသား များနဲ့ ညှိနှိုင်းဆောင်ရွက်နိုင်မဲ့ ပါတီများဖြစ်တာမို့ ရွေးချယ်သင့်တယ်လို့ ဆန္နပြုချင်ပါတယ်။

ယခုတခါ ကျနော့်သူငယ်ချင်း ဇာတ်လိုက်ကျော်နှစ်ယောက်တို့ရဲ့ ပြည်သူ့စစ်အဖွဲ့ဆိုတာကို ဆန်းစစ်ကြည့် ကြအုံးစို့။

PNO ကို ပြည်သူ့စစ်အဖြစ် သွတ်သွင်းခံရခြင်းဟာ ပအိုဝ်းအမျိုးသားထု တရပ်လုံးအတွက် နှစ်နာမှုကြီးတရပ် ဖြစ်ပါတယ်။ စစ်အာဏာရှင်တို့ဟာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများကို အပစ်အခတ်ရပ်စဲပြီး မိမိဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကိုလုပ်ပါ၊ နိုင်ငံရေးကိစ္စ နောက်တက်လာမယ့် အစိုးရနဲ့ဆွေးနွေးပါလို့ ကမ်းလှမ်းပြီး အပစ်အခတ်ရပ်စဲရေး တွေရယူခဲ့ပါတယ်။ နောက်ပြီး အမျိုးသားရေးကိစ္စတွေ ညောင်နှစ်ပင် ညီလာခံမှာ ပြောဖို့တက်ရောက်ကြပါလို့ ဖိတ်ကြားရာ မှာ အမျိုးသားညီလာခံဟာ စစ်အုပ်စုရဲ့ နိုင်ငံရေး ဦးတည်ချက်(၆)ရပ်နဲ့ အခြေခံမူ(၁၀၄)ချက်ရဲ့ ဘောင်ထဲမှာ ဆွေးနွေးရ မယ်လို့ ပါရှိတော့ အဲဒီတုံးက အပစ်အစဲရပ်စဲပြီး ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့အစည်းတွေရဲ့ သဘောထားများကို ဖော်ပြချင် ပါတယ်။ ၂၀၀၄ မေလ ညောင်နှစ်ပင်ညီလာခံ မတက်ရောက်မှီ အပစ်ရပ်ငြိမ်းအဖွဲ့တွေ စုပေါင်းထုတ်ပြန်တဲ့ ထုတ်ပြန်ချက် မှာ-

(၁) အမျိုးသားညီလာခံ၏ နိုင်ငံရေးဦးတည်ချက်များမှ နံပါတ်(၆)သည် ဒီမိုကရေစီလုပ်ထုံးလုပ်နည်းနှင့် မကိုက်ညီ၊ လူထုသဘောထားနှင့်လည်း မကိုက်ညီသည့်အတွက် ဆွေးနွေးညိုနှိုင်း၍ ပြင်ဆင်ခွင့်ရှိရန်။
(၂) ယခင်ချမှတ်ထားသော အခြေခံမူ (၁၀၄) ချက်အနက် ဒီမိုကရေစီလုပ်ထုံးလုပ်နည်းနှင့် မကိုက်ညီသော အချက်အလက်များကို ပြန်လည်ဆွေးနွေးပြင်ဆင်ခွင့်ရှိရန်။
(၃) အမျိုးသားညီလာခံ ကျင်းပနေစဉ်အတွင်း ပြည်ထောင်စုကြီးကောင်းကျိုးအတွက် အကြံဥာဏ်ကောင်းပေးနိုင်မည့် မည်သည့် ပုဂ္ဂိုလ် အဖွဲ့အစည်းနှင့်မဆို လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးခွင့်ရှိရန်။
(၄) အမျိုးသားညီလာခံ ကျင်းပနေစဉ်တွင် ဆက်သွယ်တွေ့ဆုံ အကြံဥာဏ် ရယူဆွေးနွေးခွင့်ရှိရန်။
(၅) ၁၉၉၀ တွင် ပြည်သူလူထု တရပ်လုံးက တခဲနက်ရွေးကောက် တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ် များ အမျိုးသားညီလာခံသို့ တက်ရောက်ခွင့်ရှိရန်။
(၆) အပစ်အခတ်ရပ်စဲပြီး တိုင်းရင်းသားပြည်သူများကို အမှန်တကယ် ကိုယ်စားပြုသော အဖွဲ့အစည်းများ အပစ်အခတ် မရပ်စဲသည့် အဖွဲ့အစည်းများကိုလည်း ငြိမ်းချမ်းရေးအမြန်ရယူပြီး အမျိုးသားညီလာခံသို့တက်ရောက်ခွင့်ရှိရန်
(၇) ၁၉၉၆ ဇွန်တွင် ထုတ်ပြန်ထားသော ဥပဒေအမှတ် (၅/၉၆) သည် ယခင် (၁၉၉၃-၉၆) အမျိုးသားညီလာခံအား အကာအကွယ်ပေးထားသည့် ဥပဒေဖြစ်နေခြင်းကြောင့် ၄င်းဥပဒေကို ရုပ်သိမ်းပေးရန်လို့ပါရှိတယ်။

တခါ ၀သွေးစည်းညီညွတ်ရေးတပ်မတော် UWSA၊ ရှမ်းပြည်တပ်မတော် SSA၊ မိုင်းလားအဖွဲ့တို့သုံးပွင့်ဆိုင် အစည်းအဝေး သတင်းထုတ်ပြန်ချက်မှာလည်း “စည်းလုံးရေး၊ တည်ငြိမ်ရေး၊ လူမျိုးစုံရင်းနှီးချစ် ကြည်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ရေးတို့မှာ ကျနော်တို့လူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံး၏ အလိုဆန္နဖြစ်သည်။ ဤအလိုဆန္နနှင့် သွေဖီသောအပြုအမူ အပြော အဆိုတို့ကို မှားယွင်း ကြောင်း၊ အမျိုးသား ညီလာခံသည် ပြည်တွင်း ပြဿနာကို ဖြေရှင်းရန်အတွက် အဓိကကျ သည်ဟု ခံယူသဖြင့် ဒီမိုကရေစီရရှိမှု၊ တန်းတူညီမျှမှုနှင့် ညှိနှိုင်းဆောင်ရွက်မှုများရှိသည့် အောက်တွင် ဖိတ်ကြားခံရပါက ကိုယ်စားလှယ် တက်ရောက်ပါဝင်ရန် သဘောတူ ကြောင်း” လို့ တင်ပြထားတဲ့ အချက်များကို ကြည့်ရင် တိုင်းရင်းသားတွေ ရဲ့ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် စစ်မှန်တဲ့ စည်းလုံးညီ ညွတ်လိုမှုဆန္နများကို ဖော်ပြနေပါတယ်။

ဒါပေမယ့် ညီလာခံမှာ တိုင်းရင်းသားများ ပညာရှင်များ၊ ဒီမိုကရက်တစ်များရဲ့ တင်ပြချက်တွေကို လျစ်လျူရြှုပီး နအဖ က အခြေခံဥပဒေကို သူ့စိတ်တိုင်းကျ ဖြစ်အောင် ရေးဆွဲခဲ့ပြီး နာဂစ်မုန်တိုင်းသင့်လို့ ပြည်သူလူထု ဒုက္ခပင်လယ်ဝေ နေချိန်မှာ အဓမ္မအတည်ပြုလိုက်တာပါ။ ဒီအခြေခံဥပဒေမှာ စနစ်တကျ အကွက်ဆင်ပြီး ထည့်ထားတဲ့ ကာကွယ်ရေး ဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲဖြစ်သည် ဆိုတဲ့အချက်နဲ့ ငြိမ်းအပစ်ရပ်အဖွဲ့ အားလုံးကို နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်ဖွဲ့ဖို့ အတင်းအကြပ်ဖိအားပေး ခြိမ်းခြောက်လျှက်ရှိနေပါတယ်။ ဒါကို အင်အား အသင့်အတင့်ရှိပြီး ယုံကြည်ချက် ခိုင်မာတဲ့ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း တပ်မဟာ (၁)၊ မိုင်းလားတပ်ဖွဲ့၊ မွန်ပြည်သစ်ပါတီ NMSP နဲ့ DKBA တပ်မဟာ (၅) တို့က သူတို့ရဲ့ ပြည်သူလူထုများရဲ့ ဆန္နနဲ့အတူ ဆန့်ကျင်လျှက်ရှိပါတယ်။

တိုင်းရင်းသားပြည်သူလူထုများနဲ့ အဖွဲ့အစည်းများဟာ စစ်ဖြစ်လာရင် ဆင်းရဲဒုက္ခ တွေ့ကြုံကြရမှာကိုသိကြပါတယ်။ ကြောက်လည်းကြောက်ကြပါတယ်။ ဒါပေမဲ့ နအဖရဲ့ ခြိမ်းခြောက်မှုကို အာခံနေခြင်းဟာ စစ်သွေးကြွလို့၊ စစ်မစစ်မက်ရေး ရာမှာ ၀ါသနာပါလို့၊ တော်လှန်ရေးသူရဲကောင်းများ ဖြစ်ချင်လို့မဟုတ်ပါဘူး။ မဟာမြန်မာဝါဒီတို့ရဲ့ ဖိနှိပ်ချုပ်ချယ်မှုအောက် မှာ ကျွန်သဘောက်ဘ၀နဲ့ လူမျိုးမပပျောက်ရအောင် မိမိတို့မူလရပိုင်ခွင့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌါန်းခွင့်တောင်းဆိုရေး မှာ လက်နက်ကိုင်လမ်းစဉ်က အာမခံချက်ပေးနိုင်လို့ဖြစ်ပါတယ်။

ကျနော်တို့အမျိုးသားခေါင်းဆောင်ကြီး ဖြားဗွာလှဖေက “ကျွန်ုပ်တို့အောင်ပွဲကို လက်နက်ကိုင်လမ်းစဉ်ဖြင့် ပေါင်း စပ်၍ ရယူမည်” လို့မိန့်ကြားခဲ့သလို ကရင့်အမျိုးသားခေါင်ဆောင်ကြီး စောဘဦးကြီးက “ကရင့်လက်နက် ကရင့်လက်တွင် ရှိရ မည်” လို့မိန့်ကြားခဲ့ကြပါတယ်။ ဒီခေါင်းဆောင်ကြီးများဟာ အတွေ့အကြုံရင့်ကျက်တဲ့ ပညာတတ် စိတ်ထားသိမ်မွေ့ မြင့် မြတ်သူတွေ ဖြစ်ပြီး စစ်သွေးကြွများ မဟုတ်ကြတာ သူငယ်ချင်းတို့သိပြီးသားပါ။ ပင်လုံမှာ ကတိက၀တ်ရှိခဲ့ ပေမယ့် မဟာ လူမျိုးကြီးဝါဒကို ဗမာအစိုးရ အဆက်ဆက် ကိုင်စွဲခဲ့သလို ဒီနေ့ဒီမိုကရေစီ လှုပ်ရှားသူများထဲမှာလဲပဲ ပြည်ထောင်စုဖွဲ့စည်း ရာမှာ လူမျိုးကို အခြေခံရင် မျိုးချစ်တဲ့မြန်မာတွေက လက်ခံမှာမဟုတ်ဘူးလို့ ကြွေး ကြော်နေ နေကြတဲ့ လူများလည်း အများအပြား ရှိနေဆဲပါ။ ဒါကြောင့်လက်နက်ကိုင်ခုခံရေးဟာ အမျိုးသားတန်းတူရေးအတွက် အဓိက ကဏ္ဍတရပ်ဖြစ် ကြောင်း ပြောချင်ပါတယ်။

အခုချိန်တော့ သူငယ်ချင်းတို့မှာ စစ်အာဏာရှင်အလိုကျ လက်ကိုင်ဒုတ် ပြည်သူ့စစ်ဆိုတာရဲ့ ဘ၀ကို ကျရောက်ခဲ့ရပါပြီ။ မြန်မာစစ်တပ်က ခိုင်းစေအမိန့်ပေးတဲအတိုင်း ကျနော်တို့နဲ့ တမြေထဲနေတရေထဲသောက် သွေးချင်းများဖြစ်ကြတဲ့ ရှမ်း အမျိုးသားတို့ရဲ့ တပ်မတော် SSA ကို တိုက်ပေးနေရပါပေါ့လား။ ဆက်လက်ပြီး ခင်ဗျားတို့ သခင်ကြီးတွေက ကျနော်တို့ ပအိုဝ်း ပြည်တွေရဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး PNLA ကိုလည်း ခွပ်ခိုင်းဖို့ သေချာပေါက် ဖြစ်လာအုံးမှာပါ။

သူငယ်ချင်းတို့ရေ

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNA ဟာ ခေါင်းဆောင်ကြီး ဖြားဗွာလှဖေ၊ ဗိုလ်ချံဇုံ၊ ဗိုလ်ချုပ်စံသိန်းတို့ရဲ့ ချမှတ်ခဲ့တဲ့ လမ်းစဉ်ကို လက်ကမ်းသယ်ဆောင်မို့ မနှစ် ၂၀၀၉ ဒီဇင်ဘာလမှာ ဖွဲ့စည်းခဲ့ကြတာပါ။အဖြူအနီဆိုတဲ့ ကျနော် တို့ ပအိုဝ်းတပ်တွေ အပစ်ရပ်ထားတဲ့ အချိန်မှာ SSA တပ်က အခုခင်ဗျားတို့ လှုပ်ရှားနေတဲ့ ရွာတွေမှာ စစ်သားစုဆောင်း ရေးတွေ၊ ရံပုံငွေကောက်တာတို့ရှိခဲ့လို့ ပြသနာများရှိခဲ့ပါတယ်။ ဒီပြသနာများဟာ PNLA ပြန်ရောက်လာပြီး ငြိမ်းအေးပြေ လည်လို့ ခုဆိုရင် ပအိုဝ်း၊ရှမ်း၊လားဟူ၊ ၀ နဲ့ပလောင်တို့ အနာဂါတ်မှာ ငြိမ်းချမ်းချစ် ကြည်စွာ ယှဉ်တွဲနေထိုင် ကြဖို့လက် တွဲလုပ်ကိုင်နေ ကြပါပြီ။

အမှန်တရားအတွက် အချိန်နှောင်းတယ်ဆိုတာ မရှိပါဘူးသူငယ်ချင်းတို့။ ဘ၀၊ အသက်သွေးခေဋ္ဌးရင်းနှီးပေးဆပ်ပြီး လုပ်ရ တဲ့စစ်သားဘ၀ဟာ အမှန်တရားဖက်က ရပ်တည်မှ မွန်မြတ်မှုရှိလို့နတ်လူသာဓုခေါ်မှာပါ။ မတရားတဲ့အာဏာရှင်ဖက်က ရပ်တည်ရင် စစ်ဓါးပြသာဖြစ်မှာဖို့ ငရဲလားဖို့သာရှိမဲ့ လက်ရှိအခြေအနေကနေ ရုံးထွက် ကြပါ။ ကျဆုံးသွားတဲ့ အမျိုးသား ခေါင်းဆောင်တွေ၊ အည တြရဲဘော်များနဲ့ ရဟန်းသံဃာ ကျောင်းသားပြည်သူတို့ရဲ့ အသက်သွေးချွေးတွေနဲ့ ထိုက်တန် သော အောင်ပွဲရသည်အထိ တိုက်ပွဲဝင်သွားဖို့ ပအိုဝ်းမိဘပြည်သူလူထုရဲ့ ရင်သွေးအစစ်အမှန် PNLA က ကမ်းလှင့်နေပါ တယ်။ သူငယ်ချင်းတို့ ရွင်လန်းချမ်းမြေ့ကြပါစေ။

သူငယ်ချင်းတို့ရဲ့ ရတ်သွဟောဝ်
အောင်စိုးစံ (၈၊ ၈၊၂၀၁၀)
http://www.mongloi.org/burmese/2008-08-01-03-24-54/2008-08-01-03-23-29/1144-2010-10-14-10-04-14

No comments:

Post a Comment