ondragstart="return false" onselectstart="return false"

Saturday, October 23, 2010

အလံနှစ်ခု တူနေသလား.. လို့ ...???



ဝဲပုံ( ယနေ့ အသုံးပြုမည့်အလံ)။ ယာပုံ (ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရအလံ - မာနယ်ပလော အစည်းအဝေးခမ်းမတစ်ခုမှမြင်ကွင်း)

Type the rest of your post here.

4 comments:

အလံခိုး စစ်အစိုးရ said...

အလံခိုး စစ်အစိုးရ

၁၉၉ဝ ခုနှစ်ကတဲက အခုအထိ သုံးလာတဲ့ ညွန့်ပေါင်းအစိုးရအလံကို စစ်အစိုးရက ခိုးလိုက်တာပါ။

ဆရာပုဏ္ဏက said...

အလံကြောင့် လူသေ
ဆရာပုဏ္ဏက

ဆရာ့ အထင်ပြောရယင်၊ ဒီမောင်ဂျိုကုပ် ကို ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသားအားလုံး နေတိုင်းကြိမ်ဆဲကြဒါ ထိရောက်တယ် လို့ဆိုရမယ်။ မေတ္တာစူး တယ်ပေါ့နော်။ အဲလိုများများကြိမ်ဆဲလေ ဂျိုကုပ်လည်း ဦးနှောက်ပျက်လေပဲ။ တော်ကြာ ကုလားပြည်သွား၊ တခါ တရုပ်ပြည်ပြေး နဲ့ တရုပ်ပြေးမင်း၊ ကုလားပြေးမင်း ဖြစ်ဖို့နီးလာပြီ။ ဒါတင်မက ခရုသင်းစွဲနေတဲ့ဆင် ကို ပွတ်သပ်မြှူဆွယ်၊ အခုလည်း သူများအလံကို ကော်ပီလုပ်ပြီးတင်လို့ တင်၊ ဘေးကကြည်နေတဲ့ပြည်သူတွေက "အရူးကြီး" မှန်းသိနေပြီ။ ထားပါတော့ ...ဒါ့ထက် ဆိုးဒါက ........

ဂျိုကုပ်ရဲ့  မင်းဆရာကလည်း ၊ ယတြာအမှားကြီး နဲ့ ဂျိုကုပ်ကို ပင့်ပေးလိုက်လို့ သေချာပေါက် "နန်းရှော" တော့မယ်။ ဒီလိုဗျ .. အလံရဲ့  အနီရောင်က တ၊ထ၊ဒ၊ဓ၊န၊ ဆိုတော့ "န" ကိုယူယင် "နို"ပေါ့။ အဝါရောင်က ယ၊ရ၊လ၊ဝ၊ 'ဝ' ကိုယူတော့ "ဝင်"၊ အဖြူရောင်က ပ၊ဖ၊၊ဘ၊မ၊ "ဘ" ကိုယူတော့ "ဘာ"၊ ပေါင်းလိုက်ယင် "နိုဝင်ဘာ"။ တခါ အစိမ်းရောင်က စ၊ဆ၊ဇ၊ဈ၊၊ည၊ 'စ' နဲ့ စ,တဲ့ အင်္ဂါနံ ပေါ့နော်။ ကဲ .. အားလုံးပေါင်းယင် "နိုဝင်ဘာလ မှာ 'အင်္ဂါနံ' တိုင်ထိပ် ရောက်နေပြီ" လို ယူရမယ်။ အလံကိုတင်ဖို့ အမိန့်ပေတဲ့ အချိန်က၊ အပုတ်ချိန် ညနေသုံးနာရီ၊ အဲဒီမှာလည်း အပေါ်ကလို ခွဲကြည့်ယင် ... 'သုံး' သ,နဲ့ စ,တဲ့ သောကြာနံ၊ 'ရီ' က 'ရ' ကိုယူ၊ 'နာ' က ...တ၊ထ၊ဒ၊ဓ၊န၊ စနေနံ(စနေဂြိုဟ်) ဆိုတော့ "နာ"ဘဲပြန်ယူ။ 'တ' က "တတ်"၊ ပေါင်းယင် "နာတတ်"၊ အဲဒီ စနေမှာပဲ 'ထ' နဲ့ 'တ' ပေါင်းယင် .."ထွက်တတ်"၊ ထိုအမိန့်ပေးသူသည် "နာတတ်၊ထွက်တတ်" သည်ပေါ့၊

အားလုံးကိုခြုံပြီး အလံတင်ဒါကို ဒီလို အဓိပ္ပါယ်ယူရမယ်၊ "နိုဝင်ဘာလမှာ နံမည် တွင် "စ" နှင့် စ, သော "အင်္ဂါသားသမီး" များ တိုင်ထိပ်တွင် ဝင့်ကြွားစွာရှိမည်။ လူအများ၏ ဂါရဝပြုခြင်း ကိုခံရမည်။ အလံတင်ချိန်အမိန့် ပေးသူ၏ အမည်တွင် သ၊ဟ နှင့် စ, ပြီး၊ ယ၊ရ၊လ၊ဝ၊ နှင့် ဆုံး လျှင်၊ ထိုသူတွင် "နာကိန်း"၊ "ထွက်ကိန်း"၊ နှင့် "ဒဏ်ကိန်း" များရှိသည်"။

[ယတြာ = မရှိပါ၊ ဧကန်မုချဖြစ်မည် ဖြစ်သောကြောင့် နိုးယတြာပါ၊ ယတြာ သည် 'သေ' မည့်သူကို 'ရှင်' အောင် မလုပ်နိုင်ပါ။ ဒါပေမဲ့ ကာယိကံရှင် စိတ်ချမ်းသာအောင် နည်းနည်း အကြံပေးပါမယ် "သရဏဂုံ စောစော တင်ထားပါ"]

ဆရာပုဏ္ဏက

Anonymous said...

ဒီအလံ(၂)ခုဘာကြောင့်တူနေရတာလည်း။ ဒါကတွေးစရာတွေကြီးဘဲ။ မတော်တဆတိုက်ဆိုင်မူ့လား။
သမိုင်းတလျှောက်ကျနော်တို့တိုင်းရင်းသားတွေရိုးရိုးသားသားမတော်တဆလို့ထင်တဲ့အရာတွေကမတော်တဆဟုက်တာကိုသတိထားသင့်ပြီ။
ကျနော်တို့တိုင်းရင်းသားတွေနိုးကြားသင့်ပြီ။ ဒီတိုင်းပြည်ကြီးစစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့။လူ့အခွင့်အရေရဖို့။
မဟာဝါဒီတွေကျနော်တို့ကိုချောင်ပိတ်ထိုးထဲ့ထားတ"ဲ့(Political Space) တိုင်းရင်းသားတွေဒီမိုပြောရင်ရတယ်။တိုင်းရင်းသားအရေးမပြောနဲ့။စည်းလုံးမူ့ထိခိုက်နိုင်တယ်။"
ကနေကျနော်တို့ရုန်းထွက်သင့်ပြီ။ ဘမာပြည်ရဲ့အခြေခံပြသနာကတိုင်းရင်းသားအရေးဘဲ။
ဒါကိုမဖြေရှင်းနိုင်ခဲ့လို့ အမှန်ကရူးချင်ယောင်ဆောင်ခဲ့လို့ ဒီမိုကရေစီရပြီးသားဒီတိုင်းပြည်ကစစ်ကျွန်စနစ်အောက်ရောက်ရတာဘဲ။
ဒါကိုတိုင်းရင်းသားနိုင်ငံရေးသမားတွေအသိရှိသင့်သလိုဘမာနိုင်ငံရေးသမားတွေလည်းအသိရှိသင့်တယ်။
လေးစားလျက်
သူ့မူဒို

Anonymous said...

စစ်အစိုးရကို အလံသူခိုးလို့ စွပ်ဆွဲမယ်ဆိုရင်လည်း ကိုယ့်ကိုယ်ကို ဒီစာကို ဘယ်က ရလဲ။ ဒီဓာတ်ပုံဘယ်ကရလဲ။ ဒီအိုင်ဒီယာက ဘယ်ကလဲဆိုတာ အရင် ကိုးကားချက်ပေးပါဦးလို့။

Post a Comment