ondragstart="return false" onselectstart="return false"

Sunday, October 10, 2010

သမီးအား မုဒိမ်းပြုကျင့်သော တပ်ကြပ်ကြီးကို ဖခင်ဖြစ်သူက ခုတ်သတ်၍ ပွဲချင်းပြီး သေဆုံး

10/10/2010

ထွန်းထွန်း
------------
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တွင် သမီးဖြစ်သူကို နအဖ တပ်ကြပ် တစ်ဦးက မုဒိမ်းကျင့်သဖြင့် ဖခင်ဖြစ်သူက နအဖ တပ်ကြပ်ကြီးကို ဓါးဖြင့် ခုတ်သတ်သော သေမူ သေခင်းတစ်ခု ယခုလ ၃ ရက်နေ့က ဖြစ်ပွားခဲ့သည်။

နိရဉ္စရာမှ အဆိုပါ သတင်းအား လက်ခံရရှိပြီးနောက် ဆက်လက် စုံစမ်း မေးမြန်းရာ ကံစောက် ကျေးရွာသား တစ်ဦးက ယခုကဲ့သို့ ပြောကြားသည်။

“ ဖြစ်တာက ကျွန်တော်တို့ ကံစောက် ကျေးရွာနဲ့ တဖက်ကမ်း ခမီး အမျိုးသားတွေ နေထိုင်တဲ့ တောင်မင်း ကျေးရွာမှာ အောက်တိုဘာလ ၃ ရက်နေ့က ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ကျေးရွာ ရယက အတွင်းရေးမှူး ဦးအောင်သာဖြူ သမီးကို ညဥ့်အိပ်နေစဉ် တပ်ကြပ်ကြီး တဦးက မုဒိမ်းပြုကျင့်ရာကနေ ဦးအောင်သာဖြူမှ ဓါးဆွဲပြီး ခုတ်တဲ့ အတွက် တပ်ကြပ်ကြီးက အဲဒီ အိမ်ပေါ်မှာဘဲ ပွဲချင်း သေဆုံး သွားခဲ့ပါတယ်” ဟု ပြောသည်။

သေဆုံးသွားသူမှာ တပ်ကြပ်ကြီး လင်းဇော်ဌေး ဖြစ်ပြီး ကံစောက် အခြေစိုက် ခလရ ၅၃၉ တပ်ရင်းမှ ဖြစ်သည်။

ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး အသေးစိတ် အခြေအနေကို သူက ယခုကဲ့သို့ ပြောသည်။

“ တပ်ကြပ်ကြီး လင်းဇော်ဌေးက ရယက အတွင်းရေးမှူး အိမ်မှာ တာဝန် အရ ခေတ္တ လာရောက် တည်းခို နေစဉ် ဖြစ်ပွားတာပါ။ အဲဒီ ၃ ရက်နေ့ ညဥ့် ၂ နာရီ လောက်မှာ အတွင်းရေးမှူး သမီး အိပ်နေတဲ့ ခြင်ထောင် ထဲကိုဝင် ပြီး အတင်းပြုကျင့်ပါတယ်။ သမီးအော်သံကို ကြားတော့ အဖေ အမေနဲ့ တခြား အိမ်နီး နားချင်းတွေ လာကြတယ်။ မုဒိမ်းကျင့်တာကို သိတော့ ဦးအောင်သာဖြူက ဓါးကိုယူပြီး ဦးခေါင်းကို ခုတ်တယ်။ ရွာသားတွေက ၀ိုင်းပီး ဓါးနဲ့ ထိုးပါတယ်။ ဒဏ်ရာ အကြီးအကျယ်ရ သွားပြီးတော့ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်” ဟု သူက ပြောသည်။

မုဒိမ်းကျင့်ခံလိုက်ရသူ ရယက အတွင်းရေးမှူး သမီးမှာ အသက် ၂၄ နှစ် ရှိကြောင်းနှင့် သူမ အမည်မှာ မခိန်ရွှေ ဖြစ်ကြောင်း သူက ပြောသည်။

ရယက အတွင်းရေးမှူး ဦးအောင်သာဖြူမှာ အမှုခင်းဖြစ်ပွားခဲ့ သည့်နေ့ ကစပြီး ထွက်ပြေး ပုန်းရှောင် နေကြောင်း သိရသည်။

သေဆုံးသွားသူတပ်ကြပ်ကြီး လင်းဇော်ဌေး၏ အလောင်းကို နောက်တစ်နေ့တွင် ၎င်း၏ တပ်ရင်းတွင်ပင် မြုပ်နှံလိုက်ကြောင်း အဆိုပါ ကျေးရွာသားက ပြောကြားသည်။

အဆိုပါ ဖြစ်ပွားမူနှင့် ပတ်သက်ပြီး ကံစောက်ကျေးရွာက အမျိုးသမီး တစ်ဦးအား ဖုံးမှ တဆင့် ဆက်သွယ် မေးကြည့်ရာ သူမက “ ကျွန်မတို့ ကံစောက်ရွာမှာ ဖြစ်တယ်ဆိုပီး လူတွေက ခဏခဏ မေးနေကြပါတယ်။ ကျွန်မတို့ ကံစောက်မှာ ဖြစ်တာ မဟုတ်ဘူးရှင့်။ ခမီးတွေနေတဲ့ တောင်မင်းရွာမှာ ဖြစ်တာပါ။ ဖြစ်တာကိုတော့ ပြောနိုင်ပါတယ်။ ဘယ်လို ဖြစ်တယ်ဆိုတာ ကျွန်မတို့လည်း အတိအကျ မသိပါဘူး” ဟု ပြောသည်။

ကျောက်တော်မြို့နယ် ကံစောက်အနီး တွင် တောင်မင်းကျေးရွာ၊ ကြိမ်ချောင်းရွာ၊ ရွှေပန်းခိုင်ရွာ၊ ငှက်ယောင်ချောင်းရွာ၊ ဖက်ဝမ်းချောင်းရွာ၊ သိန်းချောင်းရွာ၊ ကင်ပိရွာ၊ ခမောင်းရွာ၊ သဲဝရွာ၊ ကျွမ်းသာယာရွာ၊ လီဂွေရွာတို့ တည်ရှိပြီး အဆိုပါရွာများတွင် ယခုကဲ့သို့ နအဖ စစ်သားများ၏ မတော်မတရား ပြုကျင့်ခြင်းကို အမျိုးသမီးများ အနေဖြင့် မကြာခဏ ခံနေကြရပြီး ယခု စစ်သား သေဆုံးမူမှာ ပထမဆုံး ဖြစ်သည်ဟု သိရသည်။

အလားတူ လွန်ခဲ့သည့် ဧပြီလ ၈ ရက်နေ့ကလည်း ပလက်ဝမြို့နယ်မှရခိုင်အမျိုးသမီးတဦးအား စစ်တွေအခြေ စိုက်ခလရ ၂၃၂ တပ်ရင်းမှ စစ်ဗိုလ်တဦးမှ အတင်း အဓမ္မပြုကျင့်မှုကို ခံခဲ့ရသော်လည်း အထက် အာဏာပိုင်များက တစုံတရာ အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း သိရသည်။
(နိရဉ္စရာ သတင်း http://www.narinjara.com/detailsbur.asp?id=2785

17 comments:

Anonymous said...

မဟုတ်မမှန်သတင်းတွေ.... လီးပဲဟေ.။

Anonymous said...

စစ်ခွေးတွေရဲ့ ယုတ်မာမှု၊ လူမဆန်မှုတွေက သတင်းရယူဖို့ အလှမ်းဝေးတဲ့
နေရာတွေမှာလည်း အများကြီးရှိပါတယ်။
အထူးသဖြင့် ဗမာစကားမပြောတတ်တဲ့ ကရင့်တောင်ပေါ်ရွာတွေမှာ စစ်ခွေးတွေ တက်လာပြီဆိုရင် ယောင်္ကျားတွေ အကုန်ထွက်ပြေးရတယ်။
ရွာမှာကျန်နေတဲ့ အဖွားကြီးတွေကိုတောင် မရှောင်ပဲ မုဒိမ်းကျင့်တတ်တာ
ကရင်ပြည်နယ်တခွင်လုံးသိတယ်။
ဒီသတင်းကြားရတာ အထူးအဆန်းတော့မဟုတ်ဘူး။
ကိုယ်ကျင့်တရား(အကျင့်သီလ)ပျက်ယွင်းခဲ့ ပျက်ယွင်းမြဲ၊ ပျက်ယွင်းနေဆဲ
ရှိတဲ့ ဗမာစစ်ခွေးတွေရဲ့ လုပ်ရပ်တွေကို သမိုင်းစာမျက်နှာက ခွင့်ပြုမှာ
မဟုတ်ဘူးဆိုတာ သိကောင်းသိပါရဲ့လား စစ်ခွေးတို့။

Anonymous said...

လီးပဲကွာ..... အားလုံးကို...

Anonymous said...

ရုရှားရောက် ခွေးသူတောင်းစား သန်းရွှေလီးစုပ်စစ်ဗိုလ်ကောင်တွေကို လည်းလီးပဲကွာ

Anonymous said...

မင်းတို့ကောင်တွေ သူများကို မိုက်မိုက်ရိုင်းရိုင်းဟောင်ရမှ အစာစားဝင်တဲ့
ခွေးဝဲစားတွေ...

ရုရှက စစ်ခွေးအစုတ်ပလုတ်တွေရေ

မင်းတို့ဆဲတဲ့အကျိုးကို မင်းတို့ပြန်ခံရမယ်။

Anonymous said...

ကရင်တွေအပေါ် ယုတ်မာတဲ့စစ်ခွေး၊ ကရင်တွေကို စော်ကားတဲ့စစ်ခွေး။
ကောက်ကျစ်စဉ်းလဲတဲ့စစ်ခွေး၊ အရည်းကြီးအမျိုးစစ်ခွေး၊
ကုလားပုဆိုး တရုတ်တိုက်ပုံကို ရိုးရာလုပ်ဝတ်တဲ့စစ်ခွေး၊
ပန်းဦးလွှတ်ပွဲကို ခုံမင်သာယာတဲ့စစ်ခွေး။
ခွေးစုတ်ခွေးနာ ခွေးဝဲစား..တွေ...

Anonymous said...

တောင်ပေါ်သားတွေ စာတတ်ကုန်တော့ စစ်ခွေးချီးစားတွေ အရှက်ကွဲကုန်ပြီ မင်းတို့က တိုင်းရင်းသားတွေရဲ့စာပေ တွေ ကို ဖြောက်ဖျက်တော့ ဗမာစာ သင်ပြီး ဗမာလို ပြန်ပြော ကုန်ပြီ မဟဟာဗမာ စစ်ခွေးတွေ တိုင်းရင်းသား ပြည်သူတွေ ကို မနိုင်တော့ ဆဲပြန် တယ် အခုတော့ တိုင်းရင်းသားတွေ ဆဲတတ်ပြီ ဗမာစစ်ခွေးတွေ အဆဲခံ နေရပြီ မဟာဗမာ စစ်ခွေးတွေ ဝဍ်လည်ပြီ

Anonymous said...

အကျိုးအကြောင်းနဲ့ ဆင်ခြင်တုံတရားပေါ်မှာ အခြေမပြုပဲ
စိတ်ဆန္ဒအပေါ်မှာသာ အခြေခံထားတဲ့ဆြဲဆိုမှုဋ္ဋဋ္ဋဆွေဟာ
ဆဲဆိုသူတွေရဲ့ အမှတ်တံဆိပ်သာဖြစ်တယ်။

Anonymous said...

အကျိုးအကြောင်းနဲ့ ဆင်ခြင်တုံတရားပေါ်မှာ အခြေမပြုပဲ
စိတ်ဆန္ဒအပေါ်မှာသာ အခြေခံထားတဲ့ဆဲဆိုမှုတွေဟာ
ဆဲဆိုသူတွေရဲ့ အမှတ်တံဆိပ်သာဖြစ်တယ်။

Anonymous said...

ဆဲဆိုသူတွေရဲအမှတ်တံဆိပ်က ထားလိုက်အုံး
ဗမာ့တပ်မတော်ရဲ့အမှတ်တံဆိပ်က ဘာလည်း
တိုင်းသူပြည်သားကို မုဒိန်းကျင့်ဖို့  မင်းတို့ ဗမာ့တပ်မတော်လင့်ကျင့်ရေးက သင်ထားပေးဒါလား
ဖြေပါအုံး.. မုဒိန်းကောင် ဗမာတပ်မတော်ကြီး

ဂုဏ်ယူလိုက်ပါ့မယ့်.. မုဒိမ်းတပ်မတော်ကြီး.. ၀ါးဟားဟား
ပြီးရင် တရုတ်လီးစုပ် ကုလားဖင်ခံကြ

နအဖ စစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများက ကျူးလွန်ခဲ့သော မုဒိမ်းမှုပေါင်း ၁၈ဝဝ ကျော်ကို မှတ်တမ်းတင်ထားပြီ said...

နအဖ စစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများက ကျူးလွန်ခဲ့သော မုဒိမ်းမှုပေါင်း ၁၈ဝဝ ကျော်ကို မှတ်တမ်းတင်ထားပြီ



နအဖ စစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများက ကျူးလွန်ခဲ့သော မုဒိမ်းမှုပေါင်း ၁၈ဝဝ ကျော်ကို မုဒိမ်းကျင့်သူ စစ်ဗိုလ်၊ စစ်သား၏ တပ်အမှတ်၊ မုဒိမ်းကျင့်ခံရသူ အမျိုးသမီး၏ အမည်၊ နေရပ်၊ မုဒိမ်းကျင့်သည့် နေရာ၊ နေ့ရက်၊ အချိန် နှင့် မုဒိမ်းကျင့်ပုံ ဖြစ်စဉ် အတိအကျ မှတ်တမ်းတင်ထားပြီးပါပြီ။

နအဖ စစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများ၏ မုဒိမ်းမှု အရေအတွက် အစစ်အမှန်မှာ မှတ်တမ်းတင်ထားပြီးသည့် မုဒိမ်းမှု အရေအတွက် ၁၈ဝဝ ကျော်ထက် အဆပေါင်းများစွာ ပိုများသည်မှာ ထင်ရှားသည်။



ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အထူးကော်မရှင် အစီရင်ခံစာ

မြန်မာအမျိုးသမီး အဖွဲ့အစည်း အများအပြားက ထုတ်ပြန်ထားသော အစီရင်ခံစာများတွင် အောက်ပါအတိုင်း ဖော်ပြထားသည်။

နအဖ စစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများသည် အသက် ၇ နှစ် အရွယ်ရှိ ကလေးများကိုပင် မုဒိမ်းကျင့်ကြသည်။

အုပ်စုလိုက် မုဒိမ်းမှုများနှင့် အခြား လိင်ဆိုင်ရာ အကြမ်းဖက် ကျူးလွန်မှုများကို နအဖ စစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများက ပြုကျင့်ရာတွင်လည်း ၇ နှစ်ကလေးများကိုပင် ချမ်းသာမပေးကြပါ။

နအဖ စစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများ၏ မုဒိမ်းကျင့်ခြင်း၊ အုပ်စုလိုက် မုဒိမ်းကျင့်ခြင်းနှင့် အခြား လိင်ဆိုင်ရာ အကြမ်းဖက် ကျူးလွန်ခြင်းများ ကျူးလွန်ခံရသော မိန်းကလေးများ၊ အမျိုးသမီးများသည် နအဖ စစ်ဗိုလ်၊ စစ်သားများ၏ ပြန်ပေးဆွဲခြင်း၊ ရိုက်နှက်ခြင်း၊ နှိပ်စက်ညှင်းပန်းခြင်းတို့ကိုလည်း အကျူးလွန်ခံနေရသည်။

နအဖ စစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများက ထိုကဲ့သို့ ကျူးလွန်ခြင်းများကို မိန်းကလေးများ စာသင်နေရာ ကျောင်းတွင်ရော၊ အိမ်တွင်ပါ ကျူးလွန်လာခဲ့ကြရာ မိန်းကလေးအများအပြားမှာ အပြင်းအထန် ဒဏ်ရာရရှိပြီး မိန်းကလေးအချို့မှာ အသက်ဆုံးရှုံးခဲ့ရသည်။

မြန်မာ လူ့ အခွင့်အရေး ပညာပေးရေးအဖွဲ့က မှတ်တမ်းတင်ထားသည်မှာ နအဖ စစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများသည် ကလေးသူငယ်များကို အိမ်မှ ကျောင်းသွားစဉ်တွင်လည်းကောင်း၊ ကျောင်းမှ အိမ်ပြန်စဉ်တွင်လည်းကောင်း အတင်း ဖမ်းဆီးကာ ပြန်ပေးဆွဲသွားပြီး အတင်းအကျပ် အလုပ် လုပ်ခိုင်းခြင်း၊ မုဒိမ်းကျင့်ခြင်း နှင့် လူကုန်ကူး ရောင်းစားခြင်း များကို ဆက်တိုက် ကျူးလွန်လာခဲ့သည်။

မုဒိမ်းကျင့်ခံရပြီး အသတ်မခံရသည့် အမျိုးသမီးများ၊ မုဒိမ်းကျင့်ခံရသည့် ဒဏ်ရာများကြောင့် အသက်မဆုံးရှုံးသည့် အမျိုးသမီးများထဲမှ အမျိုးသမီးအများစုက တစ်ခါရှက်က နှစ်ခါရှက် ဖြစ်မည် စိုးသဖြင့် မုဒိမ်းကျင့်ခံရသည်ကို ထုတ်ပြောလေ့ မရှိကြပါ။ ထို့ပြင် မုဒိမ်းကျင့်ခံရသော အမျိုးသမီး အများအပြားကလည်း နအဖ စစ်ဗိုလ်၊ စစ်သားများက မုဒိမ်းကျင့်သည့် ဖြစ်ရပ်မှန်များကို လူ့ အခွင့်အရေးအဖွဲ့များ၊ အမျိုးသမီးအဖွဲ့များ၊ သတင်းသမားများကို ထုတ်ဖော်ပြောကြားပါက မိမိ နှင့် မိမိ မိသားစုကိုသာမက တစ်ရွာလုံးကိုပါ နအဖ စစ်တပ်မှ စစ်တပ်၏ လုပ်ပိုင်ခွင့် နှင့် စစ်လက်နက်ကို အလွဲသုံးစားလုပ်ပြီး လာရောက် ဥပဒေမဲ့ ဖမ်းဆီး ထောင်ချ၊ နှိပ်စက်၊ သတ်ဖြတ်ခြင်းများ လုပ်မည်ကို စိုးရိမ်သဖြင့် ရေငုံ နှုတ်ပိတ်နေကြသည်။

ထို့ကြောင့် နအဖ စစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများ၏ မုဒိမ်းမှု အရေအတွက် အစစ်အမှန်မှာ မှတ်တမ်းတင်ထားပြီးသည့် မုဒိမ်းမှု အရေအတွက် ၁၈ဝဝ ကျော်ထက် အဆပေါင်းများစွာ ပိုများသည်မှာ ထင်ရှားသည်။

Anonymous said...

ပေါက်တတ်ကရသတင်းတွေ မတင်ပါနဲ့ ရီချင်လွန်းလို့ပါ...၀ါးဟားဟားဟား...ဓာတ်ပုံနဲ့ ဗီဒီယိုဖိုင်လေးတွေ တင်ပေးရင်တော့ ယုံပေးလိုက်မယ် ဟဲဟဲ

Anonymous said...

missile,ဗမာ့သားကောင်း၊ လီး တို့ရေ..

သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ဖိနှိပ်ချုပ်ကိုင်ထားတဲ့ မင်းတို့ဗမာပြည်မှာ
ဓါတ်ပုံ၊ ဗွီဒီယိုဖိုင် ဘယ်လောက်အခဲအခက်ရှိတယ်ဆိုတာ သိရက်နဲ့
မင်းမို့ပြောရက်တယ်။

Unknown said...

ဒီဘလောဒ်မှာရေးတဲ့ ကောင်တွေ လီးပဲကွာ....လီးးးးးးးးးးးးးးးးးးလီးးးးးးးးးးးးးးးးးးးလီးးးးးးးးးးးးးပဲကွာ...

Anonymous said...

"အမှန်တရားသည် နာကျင်စေတတ်၏" ဆိုတဲ့ စကားပုံဟာ အရမ်း မှန်တာပဲ။ ဒီဘလော့မှာ ရေးတဲ့ လူတွေက အမှန်တွေကို ရေးတော့ အမှန်ကို မမြင်လို မကြားလို၊ မမြင်ရဲ မကြားရဲသူတွေအတွက် အနာပေါ်တုတ်ကျ ဖြစ်သွားပီး ဆဲတော့တာဘဲ။

Anonymous said...

လီးပဲကွာ ဒိဘလော့က ကရင်တွေ အားလုံး
လီးစုပ်ကြ

Anonymous said...

To,
All of the BURMESE Soldiers, Especially Burmese Soldiers from Russia , we have your Records and Profiles.....YOUR TURN WILL COME SOON................be Alert................
...........be Alert...............be Alert... ..........We just only need Time.......please wait for your turn.
အဲဒီအချိန် ကျမှမင်းပြောချင်တာကို အေးအေးဆေးဆေး ဆက်
ပြောခိုင်းအုံးမှာပါ............မင်းဘယ်နိုင်ငံကိုရောက်ရောက်ပေါ့

Post a Comment