ondragstart="return false" onselectstart="return false"

Wednesday, October 13, 2010

ဘုရားသုံးဆူမှအပြန် မြန်မာစစ်ကြောင်းနှစ်ကြိမ်ပြောက်ကျားအပစ်ခတ်ခံရ

မင်းထက်အောင်၊ ကောင်းဝါ
သီတင်းကျွတ်လဆန်း၅ရက်။အောက်တိုဘာ ၁၃၊ ၂၀၁၀။

မင်းထက်အောင်(အောက်တိုဘာ)။ ။ ဘုရားသုံးဆူနယ်စပ်မှ ပြန်လည်ထွက်ခွာသွားသော မြန်မာစစ်ကြောင်းများ KNU တပ်မဟာ(၆)မှ နှစ်ကြိမ်ပြောက်ကျားပစ်ခတ်ခံရသဖြင့် ကျဆုံးဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

တပ်မဟာ(၆) ပြောခွင့်ရဗဒိုစောထဲနေက “(၇) ရက်နေ့မှာတစ်ခါ၊ (၉) ရက်နေ့မှာတစ်ခါ ဖြစ်ပေါ်ခဲ့တယ်လို့ ကျနော့်ဆီသတင်းဝင်လာတယ်” ဟု ပြောသည်။

ယခုလ(၇) ရက်နေ့၌ ခုံခန်းရွာနှင့် တောင်စွန်းရွာအကြား တာစူးရွာအနီးလယ်ကွင်းကို ဖြတ်ကျော်နေစဉ် KNU မှစောင့်ဆိုင်းပစ်ခတ်ခဲ့ရာတွင် ခလရ(၃၂)မှ (၃) ဦးသေ၊ တစ်ယောက်ဒဏ်ရာရခဲ့သည်ဟု ဗဒိုစောထဲနေက ပြောသည်။

ထို့အပြင် ၄င်းတိုက်ပွဲ၌ လမ်းပြအဖြစ်ခေါ်ဆောင်ခြင်းခံရသူ တောင်စွန်းရွာသား ကရင်အမျိုးသား စောမောင်လတ် အသက်(၄၀)ခန့်သည် ခါးလည်၌ သေနတ်ထိရှဒဏ်ရာရရှိသည်ဟုလည်း KNU ကပြောသည်။

တဖန် နောက်နှစ်ရက်အကြာ ယခုလ(၉) ရက်နေ့တွင်လည်း အနန်းကွင်း-ရဲတံခွန်အကြား ရဲဖောရွာအနီး ကကတစ်တောင်ကြား၌ အဆိုပါမြန်မာစစ်ကြောင်းအား ထပ်မံပစ်ခတ်စဉ် (၃) ဦးဒဏ်ရာရရှိသည်ဟုလည်း KNU မှ ဆက်ပြောပါသည်။

ခလရ (၃၂)တပ်ရင်းအပြန်ခရီးစဉ်၌ အဆိုပါဒေသ၌လှုပ်ရှားနေသော ခမရ(၄၀၁) စစ်ကြောင်း(၂)လည်း စစ်ကူပါဝင်ခဲ့သည်ဟု သိရသည်။

သို့ရာတွင် အဆိုပါတိုက်ပွဲများအတွင်း KNU မှလုံးဝအထိအခိုက်မရှိဟု KNU ကပြောသည်။

တာဝန်ပြီးဆုံးသဖြင့် ယခုလ(၃) ရက်နေ့တွင် ခလရ(၃၂) တပ်ရင်းတစ်ရင်းလုံး ဗျူဟာမှူးနှင့်အတူ ဘုရားသုံးဆူမှထွက်ခွာလာရာ ပေါ်တာဖမ်းဆီးမှုများပြုလုပ်ခဲ့သည်ကို ယခင်သတင်းများတွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။

ထိုသို့အရပ်သား(၅) ကိုပေါ်တာဖမ်းဆီးခဲ့ပြီး (၂) ရက်ခန့်အကြာ မြိုင်သာယာရွာအရောက်တွင် ပြန်လွှတ်ပေးခဲ့သည်ဟု မွန်ပြည်သစ်ပါတီအရာရှိတစ်ဦးထံမှ သတင်းကြားသိခဲ့ရသည်။

ဘုရားသုံးဆူ-အနန်းကွင်း-သံဖြူဇရပ်ကားလမ်းသည် မြစ်ချောင်းပေါများသဖြင့် မိုးတွင်းကာလများတွင် မော်တော်ယာဉ်များ သွားလာ၍မရနိုင်ပေ။

အဆိုပါကားလမ်းမကြီးကို KNU တပ်မဟာ(၆) မှထိန်းချုပ်ထားသဖြင့် မိုးလွန်ကာလများ၌ KNU ခွင့်ပြုမှသာ မော်တော်ယာဉ်များ ခရီးစတင်သွားလာနိုင်သည်။

မြန်မာစစ်ကြောင်းများ ဘုရားသုံးဆူမြို့သို့ စစ်ကြောင်းများချီတက်လာတိုင်း KNU မှ ပြောက်ကျားစောင့်ပြီး ပစ်ခတ်လေ့ရှိသည်။
http://www.kaowao.org/b/2010news-october-13a.php

7 comments:

Anonymous said...

missile ရေ နေကောင်းရဲ့လား။
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ သုခပေါင်းစုံနဲ့ အစဉ်
ပြည့်ဝနိုင်ပါစေလို့ ကရင်တစ်ယောက်အနေနဲ့
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
၊ ကာယကံ၊ ၀ဇီကံ မနောကံ တည်းဟူသော
သုံးပါးသော ကံတို့ဖြင့် တပါးပါးကို မပြစ်မှားမိပါစေနဲ့လို့။

နင့်လူတွေက မလွယ်တော့ဘူးနော့
သေပြီးရင်းသေ ဆက်တိုက် သေနေတော့တာပဲ
ကရင်တွေက သွေးဆာနေတာမဟုတ်ဘူးဆိုတာ နင်သိပါတယ်။
နယ်မြေကျူးကျော်မှုနဲ့ ဆုံးမလိုက်တာပါ။
missile မျှမျှတတ တွေးခေါ်တတ်ပါစေ။

Anonymous said...

နယ်မြေကျူးကျော်တယ်ဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့နယ်နိမိတ်ကို ကျူးကျော်တယ်လို့ခေါ်တယ်...ကရင်ပြည်နယ်ဟာ နိုင်ငံတစ်ခုမဟုတ်ဘူး မြန်မာနိုင်ငံရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်...ဒီတွက် မြန်မာ့တပ်မတော်ဟာ ကရင်ပြည်နယ်တစ်ခုတည်းမဟုတ်ပဲ နိုင်ငံတစ်ဝှမ်းလုံးမှာ ရှိတဲ့ဘယ်နေရာမဆို တပ်မတော်ဆိုတာ ရှိနေမှာပဲ...နယ်မြေကျူးကျော်တယ်လို့သုံးနှုံးနေတာဟာ မိမိနယ်မြေကို ငါတို့သာပိုင်ပြီး ငါတို့လူမျိုးကလွဲပြီးဘယ်သူမှ မလာရဆိုတဲ့ပုံစံမျိုးနဲ့ နိုင်ငံခွဲထွက်ချင်တဲ့ ပုံစံမျိုး အစွန်းရောက်နေတယ်ဆိုတာ ပေါ်လွင်နေတယ်...မြန်မာ့တပ်မတော်သည် နိုင်ငံတစ်ဝှမ်းလုံးမှာရှိသည့် မည်သည့်နေရာဒေသမဆို သွားလာလှုပ်ရှား တာဝန်ထမ်းဆောင်ခွင့်ရှိတယ်...

Anonymous said...

မင်းပြောတဲ့ဟာတွေ မင်းဘက်ကတွေးတော့ ဟုတ်ချင်ဟုတ်မယ်။
ဒါပေမဲ့ကွာ ငါတို့လက်နက်ကိုင်လာတာ ကိုယ့်လူမျိုးရဲ့ လုံခြုံရေးကို စောင့်ရှောက်ရမှာပဲ။ လူမဆန်တဲ့ တနည်းအားဖြင့် လူသားချင်းစာနာမှုမရှိတဲ့ မင်းတို့တပ်မတော်ကပဲ ဘာသာသတ်မှတ်တဲ့ အမဲရောင်နယ်မြေကို ရောက် လာပြီးဆိုရင် အနိမ့်ဆုံး ကြက်ခိုးမယ်၊၀က်ခိုးမယ်၊ အမြင့်ဆုံး မုဒိမ်းကျင့်မယ်။
မဟန်ရင် ရွာကို မီးရှို့မယ်။ ဒီရွာသူ/သားတွေကို ငါတို့ပဲတာဝန်ယူရတယ်။
ဒီရွာသားတွေအတွက်(လူမျိုးရေးမခွဲခြားဘူးဆိုရင်) မင်းတို့ဘာတွေလုပ်ပေး
ခဲ့သလဲ။ ငါတို့လည်း သူတို့ကလေးတွေရဲ့ အနာဂတ်ပညာရေးတွေအတွက် UNHCR အကူအညီနဲ့ တတိယနိုင်ငံကို
ပို့ဆောင်ပေးရတယ်။ မင်းတို့အနိုင်ကျင့်ခံရတဲ့ ကရင်တွေ နိုင်ငံရပ်ခြားမှာ
ပညာသင်နေတာ အများကြီးပဲ။
ဒါဟာ မင်းတို့စစ်ခွေးဘီလူးတွေရဲ့ ကိုင်တွယ်ပုံညံ့ဖျင်းလို့ပဲ။
တောင်ပေါ်ကရင်ရွာတွေဟာ လူဖြစ်လာပြီးတော့ ဘ၀အာမခံချက် ဘာတခုမှမရှိဘူး။
အဲလိုပြောရင် လက်နက်ကိုင်တွေကြောင့်မင်းပြောဦးမယ်။
ငါပြောရင်ရှည်ဦးမယ်။
ကရင်-ဗမာ အထိကရုဏ်းရဲ့ အဓိက တရားခံဟာ ဘယ်သူလဲဆိုတာ
မင်းပြန်လေ့လာပါ။ မြန်မာ့သမိုင်းကို သွားအားကိုးမနေနဲ့ဦး။
လိုရာဆွဲသွင်းပြီး ရေးသွားတဲ့သမိုင်းဟာ သမိုင်းအမှန်မဟုတ်ဘူး။
တို့ကရင်တွေဟာ ပြည်တွင်းစစ် အလိုမရှိလို့ ကြွေးကြော်ရက်သားနဲ့
မင်းတို့က ပြည်တွင်းစစ်မီးကို မွေးခဲ့တယ်။
လူမျိုးရေးအထိကရုဏ်းအလိုမရှိကို ဆွဲကိုင်ထားရက်နဲ့ ခါတော်မှီသခင်တွေက ဖေါက်ပြန်ခဲ့တယ်။
မခံမရပ်နိုင်လို့ ကရင်တကျပ် ဗမာတကျပ် တောင်းဆိုတာ ခုထက်ထိ
မင်းတို့က ဖိနှိပ်ချုပ်ခြယ်ထားတယ်။
ကရင့်သမိုင်းစာမျက်နှာတွေကို ငါတို့ရေးနေတယ်။
မင်းတို့ရဲ့ အပြစ်တွေဟာ နိုင်ငံတကာစစ်ခုံရုံးက အဆုံးအဖြတ်ပေးပါလိမ့်မယ်။
တတိယနိုင်ငံမှာရောက်ရှိနေတဲ့ ကရင်တွေဟာ
သခင်ခြံတစ်ဝိုက် ကရင်အလံပြန်စိုက်ရမယ် ဆိုတဲ့
ဆောင်ပုဒ်ကို လက်ဆုပ်လက်ကိုင်ထားနေတယ်ဆိုတာ ကို
မမေ့လျော့ဖို့ ကြိုတင် သတိပေးပါရစေ စစ်ခွေး Missile တို့။

Anonymous said...

ဗမာ့တပ်မတော်ကို ပြောင်ဘက်လိုက်ပြီး ပြောနေတဲ့သူနဲ့အရင် မိတ်ဆက်မယ်နော်။
တစ်ခုတော့ ဂတိပေးပါ။ ကရင်ပြည်မှာရှိနေတဲ့ အဖေအိုနဲ့ဆွေမျိုးတွေကို
ဘာတစ်ခုမှ ဒုက္ခမပေးဘူးဆိုတာကို။
ဒါပေမဲ့ စစ်မှာတရားတာ မတရားတာမရှိဘူးလို့ လက်ခံနေတဲ့ မင်းတို့တွေကိုတော့ အယုံအကြည်မရှိတဲ့အတွက် မိတ်ဆက်တာကို
ချက်ချင်းပဲ ပြန်ရုတ်သိမ်းလိုက်မယ်နော်။
ငါတို့ ကရင်တွေ စစ်တိုက်နေတာ နိုင်ငံကို ပိုင်စိုးပိုင်နင်း စိုးမိုးခြယ်လှယ်ဖို့ မဟုတ်ဘူးဆိုတာ မင်းသဘောပေါက်ပြီနော်။
ကဲအခု..ရွေးကောက်ပွဲ။ ရွေးကောက်ပွဲမလာခင် ဖွဲ့စည်းပုံရေးဆွဲပြီး ဆန္ဒခံယူပွဲ လုပ်တုန်းကဆို မသမာဘူးဆိုတာထင်ရှားနေတာပဲ။ ဒါပြည်ပမှာ ရောက်နေလို့ မှန်းပြောတာမဟုတ်ဘူး။
ကျုပ်က ကရင်ပြည်နဲ့ သွားလိုက်လာလိုက်ပဲ။
အ၀င်ကျတော့ ငွေတော့ကုန်တာပေါ့နော်။ မင်းတို့ လ၀ကတို့ ရဲတို့က
ငွေနိုင်ရင်တရားနိုင်တယ်မဟုတ်လား။
မပြောတော့ပါဘူးကွာ မင်းရေးပြီးမှ ပြန်ရေးမယ်။

ဘာဘူလေး said...

အားလုံး ပေါ တောတော လေးတွေပါလား. စိတ်ညစ်တယ်. လူပြောမသန်။ လူသန်မပြောတဲ့..ဟားဟား

Anonymous said...

ဗမာ နိုင်ငံပဲရှိတယ် ကရင်နိုင်ငံဘယ်တော့မှာဖြစ်လာမှာမဟုတ်ဘူးနော် ပြီးတော့
မင်းတို့ ကရင်သူပုန်တွေပဲ မင်းတို့ လုမျိုးကို နှိပ်စက်နေကြတာကွ

Anonymous said...

ဗမာစစ်သားတွေ သတ်သွားတဲ့ ငါတို့ လူမျိုးတွေ ရဲ့အရိုးတွေ တစ်နေ့ ပြန်တွန်မယ် ဆိုဒါ မင်းတို့ သားစဉ်မြေးဆက်ကို မှာထားခဲ့ဖို့  မမေ့နဲ့ ...

Post a Comment