ondragstart="return false" onselectstart="return false"

Tuesday, October 12, 2010

လူ့ အခွင့်အရေးချိုးဖေါက်မှုသတင်း

တပ်မဟာ(၂) တောင်ငူခရိုင်။

ပဲခူးတိုင်း ထန်းတပင်မြို့ နယ်၊ ၉.၁၀.၂၀၁၀နေ့တွင် ပြင်စလိုရှိ နအဖတပ်ခလရ(၁၀၂) သည်ပြင်စလိုရွာသား(၆)ယောက် ရွာသူ(၄)ယောက်တို့ ကိုပေါ်တာ အဖြစ်သူတို့ ၏အသုံးဆောင်စားသောက်စရာများကို ဗာရာနသီ မှပြင်စလိုစခန်းသို့ အတင်းအကြပ် သယ်ယူခိုင်းကြောင်းသတင်းရရှိသည်။

၁၁.၁၀.၂၀၁၀နေ့ တွင်ရှားစီးဘိုအခြေစိုက် ခလရ(၇၃)တပ်သည် ဇီးဖြူကုန်းရွာအား ဝါးလုံး ၃၅၀ချောင်း အပြင် သစ်များကိုလည်း အတင်းအကြပ်ခုတ်ခိုင်းပြီး နအဖ စခန်းသို့ ပို့ဆောင်စေကြောင်းသိရှိရသည်။


Type the rest of your post here.

1 comment:

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း အခြေစိုက် ခမရ ၅၅၀ တပ်ရင်းမှူးက ဝေဖန်သူ တပ်သားကို အသေပစ်သတ် said...

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း အခြေစိုက် ခမရ ၅၅၀ တပ်ရင်းမှူးက ဝေဖန်သူ တပ်သားကို အသေပစ်သတ်



ဝေဖန်သူ တပ်သားကို တပ်ရင်းမှူးက အသေပစ်သတ်ပြီး ကိုယ်ဝန်ဖြင့် ကျန်ခဲ့သူ ဇနီးကို တပ်ရင်းမှ နှင်ထုတ်

10/14/2010


ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ခမရ ၅၅၀ တပ်ရင်းမှ တပ်ရင်းမှူးသည် သူ့အား ဝေဖန်သူ တပ်သား တစ်ဦးကို သေနတ်ဖြင့် အသေပစ်သတ်ပြီး နောက်တန်းတွင် ကိုယ်ဝန်ဖြင့် ကျန်နေခဲ့သူ ဇနီးကိုလည်း တပ်ရင်းမှ နှင်ထုတ်လိုက်ကြောင်း သတင်း ရရှိသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပစ်သတ်ခံရသူ တပ်သား၏ ဆွေမျိုး တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ ဖြစ်တာက ပုဏ္ဏားကျွန်း အခြေစိုက် ခမရ ၅၅၀ တပ်ရင်းက တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အေးနိုင်နဲ့ တပ်စု တစ်စု အိန္ဒိယ နယ်စပ် ရှေတန်းကို သြဂတ်စ်လ အတွင်းက သွားရောက်တဲ့ အခါ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဲသလို ရှေ့တန်းကို သွားတဲ့ အခါ တပ်ရင်းမှူးက ကျေးရွာသားတွေကို အထမ်းသမား ပေါ်တာ ဆွဲသလို တချို့ကျေးရွာတွေက သမီးပျိုတွေဟာ တပ်ရင်းမှူးကို ပျိုတော် ဆက်ခဲ့ရတယ်လို့ သိရပါတယ်။ အဲသလို လုပ်တဲ့ အပေါ် တပ်သား ဦးရွှေသိန်းက တပ်ရင်းမှူးကို ဝေဖန်တဲ့ အတွက် တပ်ရင်းမှူးက မကျေနပ်တာကြောင့် သူနဲ့ အတူ ရှိနေတဲ့ တပ်သား ၁၀ ဦးကို မသေမချင်း ရိုက်သတ်ခိုင်းခဲ့တယ်။ တပ်သားတွေ ရိုက်သတ်တဲ့ အတွက် သေလုမျောပါး ဖြစ်နေတဲ့ အခါ တပ်ရင်းမှူးက သူ့ကို သေနတ်နဲ့ အသေပစ် သတ်ခဲ့ပါတယ်။”

ဦးရွှေသိန်းကို သတ်ပြီးနောက် အလောင်းကို ဖျောက်ဖျက်ပစ်ကာ ဦးရွှေသိန်းမှာ လက်နက်ဖြင့် ထွက်ပြေးသွားကြောင်း အထက်သို့ အစီရင်ခံထားသည်ဟု သိရသည်။ ၎င်းပြင် ဦးရွှေသိန်းအား သတ်ရာတွင် ပါဝင်ခဲ့သူ ရဲဘော် ၁၀ ဦးကိုလည်း အဆိုပါ သတင်း လုံးဝ မပေါက်ကြားရန် တပ်ရင်းမှူး အေးနိုင်က သစ္စာရည် တိုက်ထားသည်ဟု သူက ပြောသည်။

“ အဲသလို သတ်ပစ်ခဲ့တာကို မကျေနပ်တဲ့ စစ်သားတွေက သူတို့ရဲ့ ဇနီးမယားတွေကို ပြောရာကနေ ဒီသတင်း ထွက်လာတာ ဖြစ်ပါတယ်။ အခုက ဒီသတင်းက တအားကို ပျံ့နေပါပြီ။ လူတိုင်းလိုလို သိနေကြတော့ စိတ်မကောင်း ဖြစ်နေကြပါတယ်” ဟု သူက ဆက်ပြောသည်။

ဦးရွှေသိန်းမှာ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ် ကျေးရွာ ဇာတိ ဖြစ်ပြီး သူ့တွင် ၂ နှစ်အရွယ် သမီး တစ်ဦးနှင့် ဇနီး မဌေးဌေးဝင်း ကျန်ရစ်ခဲ့ပြီး မဌေးဌေးဝင်းမှာလည်း ကိုယ်ဝန် လွယ်ထားရသည်ဟု သိရသည်။

များမကြာမှီက အဆိုပါ တပ်ရင်းမှူး ဦးဆောင်သည့် တပ်စု ပုဏ္ဏားကျွန်း တပ်ရင်းသို့ ပြန်ရောက်လာပြီးနောက် တပ်ရင်းတွင် ကျန်နေခဲ့သူ ဦးရွှေသိန်း၏ ဇနီး မဌေးဌေးဝင်းကို စခန်းမှ နှင်ထုတ်လိုက်သည်ဟု သူက ဆက်ပြောသည်။

“ နှင်ယောင်္ကျားက သေနတ်ယူပြီး ထွက်ပြေးသွားတဲ့ အတွက် နှင်ကိုလည်း စခန်းထဲမှာ မထား နိုင်တော့ဘူး ဆိုပြီး နှင်ထုတ်လိုက်ပါတယ်။ အခု မဌေးဌေးဝင်းက ယိုးတရုတ် ကျေးရွာကို ပြန်ရောက်ရှိနေပါတယ်။”

ဦးရွှေသိန်း သတ်ဖြတ်ခံရသော သတင်းမှာ ယိုးတရုတ်၊ ပုဏ္ဏားကျွန်းနှင့် အဆိုပါ ဒေသအတွင်း ပျံ့နှံ့နေပြီး ဦးရွှေသိန်း၏ ဆွေမျိုးများကလည်း အဆိုပါ ဖြစ်ရပ်ကို တတ်သိ နားလည်သူများနှင့် တိုင်ပင်ပြီး နေပြည်တော်အထိ တိုင်တန်းရန် စီစဉ်နေကြောင်း စုံစမ်း သိရှိရသည်။


(နိရဉ္စရာ သတင်း)

Post a Comment