ondragstart="return false" onselectstart="return false"

Tuesday, October 12, 2010

လားရှိုး သမိုင်းဝင်စေတီ အင်္ဂါဒေါင့်ခြင်္သေ့ရုပ် မိုးကြိုးပစ်

Tuesday, 12 October 2010 18:36 သျှမ်းသံတော်ဆင့်

လားရှိုးမြို့ သမိုင်းဝင် မန့်ဆုစေတီတော် အင်္ဂါဒေါင့်ရှိ ဆွမ်းတော်စင်အား မိုးကြိုးပစ်ချရာ ကြံ့ဖွတ်ပါတီဝင် အတွက်နိမိတ် မကောင်းဟု ဒေသခံလူထုအကြားသတင်း ပြန့်နေကြောင်း သျှမ်းမြောက်သတင်းရပ်ကွက်က ဆိုသည်။

“အင်္ဂါဒေါင့် ခြင်္သေ့ရုပ်ရှေ့က ဆွမ်းတော်စင်တည့်တည့်ကိုပစ်ချတာ ၂ တောင် လောက်ဝင်သွားတယ်။ အဲဒီ ခြင်္သေ့ရုပ်ရှေ့ မှာ နအဖစစ်တိုင်းမှူးတွေ၊ အရာရှိအရာခံတွေ မကြာခဏ လာပြီး ပူဇော်ကန်တော့ ဆုတောင်း လေ့ရှိတယ်။ ၈ မျက်နှာ ၈ ဒေါင့်ထဲက ခြင်္သေ့ရုပ်ဒေါင့်ကိုမှ မိုးကြိုးပစ်တယ်ဆိုတော့ ရွေးကောက်ပွဲမှာ ခြင်္သေ့ ကိုးကွယ်သူတွေအတွက်အလားအလာ မကောင်းဘူး လို့ လူတွေ အတိတ်ကောက်ကြတယ်” ဟု လားရှိုး မန်ဆူစေတီအနီးနေထိုင်သူတဦးက ပြော၏။

စက်တင်ဘာ ၂၃ ရက် ၀ါခေါင်လကွယ်နေ့မနက် ၄ နာရီ အဆိုပါ မန့်ဆုဘုရားရှိ ခြင်္သေ့ရုပ်ရှေ့ ဆွမ်းတော်စင်အား မိုးကြိုး ပစ်ချခြင်းဖြစ်ပြီး သတင်းပေါက်ကြားမှုမရှိစေဘဲ ထိုနေ့နံနက်၌ပင် ချက်ချင်း ပြန်လည်မွမ်းမံ ခိုင်းသည်ဟု ဆို၏။

“သတင်းမထွက်စေရဘူးဆိုပြီး စစ်တပ်အာဏာပိုင်တွေညွှန်ကြားတော့ ဘုရားဂေါပကတွေလဲ ရေငုံနှုတ်ပိတ် ရ တယ်လေ။ လားရှိုးးမှာ ဒီသတင်းသိတဲ့လူ ၅ ရာခိုင်နှုန်းတောင်မရှိဘူး။” အဆိုပါ ဒေသခံက ဆက်ပြော၏။

ပညာရှိအမတ် ဦးပေါ်ဦး တည်ထားသောစေတီဟု နအဖစစ်အုပ်စု ယုံမှတ်သော သမိုင်းဝင် မန့်ဆုစေတီတော်မှာ လားရှိုး မြို့လယ်၌တည်ရှိပြီး ဗိုလ်ချုပ်မှူးကြီး ကတော် ဒေါ် ကြိုင်ကြိုင်ပင်လျှင် လားရှိုးရောက်တိုင်း ၀င်ရောက် ဖူးမျှော်ပူဇော်လေ့ ရှိသည်ဟု သိရသည်။
မန့်ဆုဘုရား မိုးကြိုးးပစ်ခြင်း ဖြစ်ပြီးနောက် ၅ ရက်အကြာ မန်ဆူရွာ အနောက်ဘက်၊ လားရှိုးအနောက် မြောက်ဘက် သီပေါအထွက်မြို့ပြင်ဂိတ်အနီး စစ်တိုင်းမှူးဗိုလ်ချုပ်မြင့်လှိုင်လက်ထက်တည်ဆောက် ထီးတင်ခဲ့သော ရန်တိုင်းအောင် ဘုရား၏ ဆင်းထုတော် တဆူမှာလည်း မျက်ရည်တော် ပေါက်ပေါက်ကျကြောင်း ကောဠာဟာဠဖြစ်နေ၏။

“ဘုရားဆင်းတုတော်မျက်ရည်ကျတယ်လို့ သတင်းထွက်တာနဲ့ ဘုရားဖူးခွင့်ပိတ်ထားတယ်။ တချို့ကပြောတယ် သွေးမျက် ရည်တွေတောင်ဆိုဘဲ” လားရှိုးဈေးမှ ဈေးသည်တဦးကလည်း ပြောသည်။ အဆိုပါ ရန်တိုင်းအောင် စေတီကို ၂၀၀၆ မတ်လ ၂၁ ရက်က နအဖတိုင်းမှူးဦးဆောင်၍ ထီးတင်ခဲ့သည်။
http://www.mongloi.org/burmese/2008-08-01-03-22-02/96-2008-08-03-06-49-23/1135-2010-10-12-11-42-13

No comments:

Post a Comment