ondragstart="return false" onselectstart="return false"

Thursday, October 7, 2010

ကချင်လက်နက်ကိုင်တပ် ၃ ဖွဲ့မှခေါင်းဆောင်များ ရွေးကောက်ပွဲဝင်မည်

ဒေါက်တာတူးဂျာ တို့ လိုလူတွေကို တော့ ရွေးကောက်ပွဲနားတောင် အကပ်မခံဘူး။ ပေါက်သင်ညိုလို ပြောသမျှ ခေါင်းညိတ် နွားလို ခိုင်းလို့ ကောင်းမည့် သူတွေ "ကရင်" အပါအ၀င် မည်သည့် လူ နှင့် အဖွဲ့ အစည်းမဆို မဟာဝါဒ ရှင်သန်ရေးအတွက် သူတို့ လက်သပ်မွေးထားမှာပါပဲ။

Tuesday, 05 October 2010 00:00 KNG

မြန်မာစစ်အစိုးရသစ္စာခံ ကချင်လက်နက်ကိုင်တပ် ၃ ဖွဲ့မှ ခေါင်းဆောင်များသည် စစ်အစိုးရပါတီဘက်မှ သို့မဟုတ် တသီးပုဂ္ဂလအားဖြင့် ရှေ့လ နိုဝင်ဘာ ၇ ရွေးကောက်ပွဲ၌ အရွေးခံကြမည်ဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်သည် ထိုခေါင်းဆောင်များအား ရွေးကောက်ပွဲဝင်ခွင့် ပေးသော်လည်း စစ်အစိုးရနှင့်ဆက်နွယ်ခြင်းမရှိသည့် အခြား ကချင်ပါတီများနှင့် တသီးပုဂ္ဂလများကိုမူ ရွေးကောက်ပွဲဝင်ခွင့် မပေးခဲ့ပါ။

လဆန်အောင်ဝါ။ ဓါတ်ပုံ-ကချင်သတင်းဌာန


အထူးသဖြင့် ပန်ဝါအခြေစိုက် နယ်ခြားစောင့်တပ် (ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် NDA-K) ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်း၊ လ၀ါယန်ဌါနေပြည်သူ့စစ် (ယခင် လဆန်အောင်ဝါငြိမ်းချမ်းရေးအဖွဲ့) ခေါင်းဆောင် ဦးလဆန်အောင်ဝါ နှင့် ခေါင်လန်ဖူးအခြေစိုက် သောင်းကျန်သူဆန့်ကျင်ရေးအဖွဲ့ (ယခုရ၀မ်ပြည်သူ့စစ်အဖွဲ့) ခေါင်းဆောင် ဦးတန်ဂူးတန် တို့သည် ၎င်းတို့အခြေစိုက်ရာဒေသအသီးသီးမှ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ဦးဇခုန်တိန့်ယိန်းသည် တသီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၄ (ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန်) မှ ယှဉ်ပြိုင်မည်ဖြစ်သည်။

ဦးလဆန်အောင်ဝါက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အတွက် ၀ိုင်းမော်မဲဆန္ဒနယ် အမှတ် ၂ မှ တသီးပုဂ္ဂလအနေဖြင့် အရွေးခံမည်ဖြစ်သည်။

နောက်ပြီး စီးပွားရေးသမား ရ၀မ်ပြည်သူ့စစ်ခေါင်းဆောင် ဦးတန်ဂူးတန်သည် စစ်အစိုးရကြံ့ဖွံ့ပါတီကနေ အမျိုးသားလွှတ်တော် ပူတာအိုခရိုင်အမတ်နေရာအတွက် ယှဉ်ပြိုင်မည်ဖြစ်သည်။

နယ်ခြားစောင့်တပ်သို့ အသွင်မပြောင်းမီ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သော New Democratic Army-Kachin (NDA-K) သည် ဒုတိယအင်အားအကြီးဆုံး ကချင်လက်နက်ကိုင်အဖွဲ့လည်းဖြစ်ခဲ့သည်။

နယ်ခြားစောင့်တပ် (Border Guard Force, BGF) ပြောင်းလဲရေးကို ၎င်းနောက်လိုက်များ နှင့် ကချင်ပြည်သူများ ကန့်ကွက်သည့်ကြားမှ မူရင်း NDA-K တပ်ရင်း ၃ ရင်းကို BGF တပ်ရင်း ၃ ရင်းသို့ ပြီးခဲ့သည့် ၂၀၀၉၊ နိုဝင်ဘာလတွင် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ ခွဲထွက်အဖွဲ့ လဆန်အောင်ဝါငြိမ်းချမ်းရေးအဖွဲ့ သည် လ၀ါယန် ဌါနေပြည်သူ့စစ် နှင့် ဂွေထူဌါနေပြည်သူ့စစ် အဖြစ်သို့် ပြီးခဲ့သည် ၂၀၀၉၊ အောက်တိုဘာတွင် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

ဦးတန်ဂူးတန် (ခ) ဦးအတန် ခေါင်းဆောင်သော သောင်းကျန်သူဆန့်ကျင်ရေးအဖွဲ့ (ရ၀မ်သီးသန့်လက်နက်ကိုင်တပ်ဖွဲ့) ကိုလည်း ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ပြည်သူ့စစ်တပ်ဖွဲ့သို့ ပြောင်းလဲဖွဲ့စည်းခဲ့သည်။

အခြားတစ်ဖက်တွင် KIO ဒု-ဥက္ကဌအဆင့်-၂ ဟောင်း ဒေါက်တာတူးဂျာ ဦးဆောင်သည့် ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP) အား စစ်အစိုးရထိန်းချုပ်သော ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ၀င်ခွင့် မပြုခဲ့ပါ။

Kachin State Progressive Party (KSPP) အား ရွေးကောက်ပွဲဝင်ခွင့်မပြုသည့်အဓိကအကြောင်းရင်းသည် စစ်အစိုးရက လက်နက်ချရန် ညွှန်ကြားမှုကို ငြင်းခဲ့သည့် KIO နှင့် KSPP ကြား ဆက်နွယ်မှုရှိသည်ဟု ကော်မရှင်ယုံကြည်ထားသောကြောင့် ဖြစ်သည်။

ရွေးကောက်ပွဲမ၀င်နိုင်သော်လည်း KSPP ပါတီခေါင်းဆောင်များအား စစ်ထောက်လှမ်းရေးများက နေ့စဉ်စောင့်ကြည့်နေသဖြင့် ပါတီအား စက်တင်ဘာ ၂၅ ရက်နေ့တွင် လူသိရှင်ကြား ဖျက်သိမ်းလိုက်သည်။

ကချင်ပြည်နယ်မှရွေးကောက်ပွဲဝင်မည့်ပါတီများတွင် ကြံ့ဖွံ့ပါတီ (USDP)၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ (NUP)၊ စည်းလုံးညီညွှတ်ရေးနှင့်ဒီမိုကရေစီပါတီ-ကချင်ပြည်နယ် (UDPKS)၊ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) တို့ပါဝင်သည်။

၎င်းပါတီများတွင် စစ်အစိုးရနှင့်ဆက်နွယ်မှုရှိသည့် USDP၊ NUP နှင့် UDPKS တို့ကို အတိုက်ခံပါတီများအနေဖြင့် NDF နှင့် SNDP က ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ကချင်ပြည်နယ်တွင် KSPP ရွေးကောက်ပွဲဝင်ခွင့်မရခြင်းကြောင့် မဲဆန္ဒရှင်များအတွက် မိမိဆန္ဒမဲပေးရန် ပါတီမရှိသည့်ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း ကချင်မဲဆန္ဒရှင်များ ပြောပါသည်။

No comments:

Post a Comment