ondragstart="return false" onselectstart="return false"

Sunday, October 3, 2010

ရွေးကောက်ပွဲဝင်မည့် ပါတီများ၏ မြန်မာ့အသံမှထုတ်လွင့်သည့် မိန့် ခွန်းများ

စာဖတ်သူ ကရင်အမျိုးသားများခင်ဗျား.. ကရင်ပြည်သူ့ ပါတီ၏ ဥက္ကဌ စောထွန်းအောင်မြင့်နှင့် ဒုတိယဥက္ကဌ(၁) စောစိုင်မွန်သာ တို့ ပြောကြားသောမိန့် ခွန်းတွေဖတ်ပြီး ကိုယ့်ရဲထင်မြင်ယူဆချက်များကို လွတ်လပ်စွာဆွေးနွေးနိုင်ပါသည်။

၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ထိမ်းသိမ်းစောက်ရှောက်ပါမည် ဟု ၀န်ခံကတိလက်မှတ်ထိုးထားပါသည် ဟုဆိုထားပါတယ်။ သည့်ပြင် ဘ၀နေ၀င်ချိန် ဘ၀နိဂုံးပိုင်းမှာ လူငယ်မျိုးဆက်သစ်တွေအတွက် "အကောင်းဆုံးအမွေတစ်ခု" ထားခဲ့ချင်တယ်လို့  စောစိုင်မွန်သာက ဆိုထားတယ်။ စာဖတ်သူမိတ်ဆွေများ ဘယ်လို ထင်မြင်ဘာသလည်း ဘယ်လို အမွေမျိုး ထားခဲ့မယ် လို့ ယူဆပါသလည်း..ဆိုဒါ.. စသဖြင့်. စသဖြင့် comment box တွင်မှတ်ချက်များ လွတ်လပ်စွာပေးသွားနိုင်ပါသည်။


Presentations_of_Party_Policies_Through_Radio_and_TV

Type the rest of your post here.

2 comments:

Anonymous said...

စိုင်မွန်သာရေ.. မင်းဟာ မင်းအေးအေးဆေးဆေး သန်မာလူလို သေစမ်းပါ။ မသေခင် ငါတို့ ကရင်တွေကို ရာသက်ပန် စစ်ကျွန်ဖြစ်ဖို့ မင်းက အမွေပေးခဲ့အုံးမှာပေါလေ။ ခေတ်ပညာတတ်ပြီး ဥဏ် အမျှော်အမြင် မရှိဒါ မင်းတို့ လိုလူတွေပဲ။ သူများဦးခေါင်းကို ခွဲစိတ်ဒါနဲ့  လူမျိုးတစ်မျိုးရေရှည်တည်တံ့ဖို့  တွေးခေါ်တာခြင်းမတူဘူးကွသိလား။ သူ့ နေရာနဲ့ သူပဲ။ မင်းတို့ တော့ သမိုင်းတရားခံဖြစ်မယ့်လူတွေပဲဆိုဒါ ကိုယ့်ကိုယ်ကို မြင်တတ်အောင် ကြိုးစားပါ။

စောခွါးဒို

Anonymous said...

ကရင်သမိုင်းအပြောင်းလဲ ကရင်ပြည်သူတွေ တိုးတတ်ငြိမ်းချမ်းဖို့ ထာဝရငြိမ်းချမ်းဖွံ့ဖြိုးဖို့ အတွက် ဖြစ်ပေါ်လာမယ့်အရာဖြစ်တာကြောင့် ကရင်ပြည်သူအပေါင်းက ဒီလို မိမိတို့ကရင်လူမျိုးပါတီတွေကို မဲပေးကြပါစို့...တိုက်ပွဲသံကြား သေနတ်သံကြားမှာနေနေရတဲ့ မိမိတို့ဘ၀တွေ ထာဝရ ငြိမ်းချမ်းရေးသံစဉ် ထိုးပါတ်သံလေးတွေနဲ့ သာယာငြိမ့်ညောင်းသော ကရင့်တေးသံ အကများနဲ့ ထာဝရ ပျော်ရွှင်ငြိမ်းချမ်း လန်းဆန်းစေဖို့ အခြားတိုင်းရင်းသားများနည်းတူ တန်းတူ အခွင့်ရေးတွေရလာဖို့ တိုးတတ်ဖို့ မိမိပြည်နယ်မှာ မိမိလူမျိုး အုပ်ချုပ်မှုကိုပြောင်းလဲလာမှု ဒါတွေကိုဖြစ်စေချင် မြင်စေချင်ရင် အသဲကြားက မဲတစ်ပြားကို ဒီလို ကရင်ပြည်သူ့ပါတီတွေကိုပေးကြဖို့ တိုက်တွန်းပါရစေ...

Post a Comment