ondragstart="return false" onselectstart="return false"

Thursday, October 21, 2010

ညောင်လေးပင် ဒေသ ဗမာ့တပ်မတော်၏ လူထုအပေါ် အနိုင်ကျင့်မှုများ

ညောင်လေးပင်ခရိုင် မုန်းမြို့ နယ်တွင် ၁၄၊ ၁၀၊ ၁၀၂၀ ရက်နေ့ ၌ ဗမာ့တပ်မတော် စကခ ၁၀ လက်အောက်ခံ ခမရ ၄၃၉ တပ်ရင်းမှူး ငြိမ်းချမ်း ဦးဆောင် အင်အား(၃၀)အဖွဲ့ သည် နယ်မြေ အမှတ် ၅ နှင့် ၆ ဒေသတွင်ရှိသော ရွားများကို အကျပ်ကိုင်ကာ လယ်ယာမြေ၊ ဥယဉ်ခြံသို့  သွားရောက်လုပ်ကိုင်ခွင့်မပေးသလို ရွာပြင်ကိုလည်း လုံးဝထွက်ခွင့်မပေးပါ။ သည့်ပြင်မက လူတစ်ဦးကို ၅၀၀၀ ကျပ် ရွာသား ၄၅ ဦးအား ငွေစုစုပေါင်း ၂၁၀၀၀၀ ကျပ် အတင်းအကြပ် ကောက်ယူသွားကြောင်း သတင်းရရှိပါသည်။ ဆက်လက်ပြီး ၄င်း နအဖ တပ်ဖွဲ့ သည် လူတစ်ဦးကို ငါးခူ တစ်ပိသာ တောင်းယူပြီး စုစုပေါင်း ငါးခူ ၄၈ ပိသာ တောင်းယူသွား ကြောင်း သတင်းရရှိပါသည်။

၁၇၊ ၁၀၊ ၂၀၁၀ ရက်နေ့ တွင် ဗမာ့တပ်မတော် ခမရ ၅၉၀ ထီးလိုဘောထာ အခြေစိုက်အဖွဲ့ သည် စစ်ကြောင်းကြီးတစ်ကြောင်း တက်ရောက်လှုပ်ရှားသဖြင့် ဒေသခံများက ကြောက်ရွ့ံပြီး အိမ်မြေ တောင်ယာ စသည်တို့ ကို ပစ်ကာ တောတောင်ထည့်တွင် ယခုအချိန်ထိ ထွက်ပြေးပုန်းအောင်းနေရကြောင်း သတင်းရရှိပါသည်။ “ထွက်မပြေးရင်လည်း ဗမာစစ်သားတွေ့ ရင် ပစ်သတ်တယ်ဆိုတော့ အတွေ့ မခံရဲဘူး ထွက်ပြေးတယ်”ဟုဒေသခံတစ်ဦးကဆိုပါသည်။

ရွှေကျင်ဒေသ၌ ၅၊ ၁၀၊ ၂၀၁၀ ရက်နေ့  ညနေ ၆နာရီမှာ ၉ နာရီအထိ လေပြင်းမုန်တိုင်းကျရောက်သဖြင့် ဒေသခံတို့ ၏ တောင်ယာစပါး ၂၈ ခင်းပျက်ဆီးသွားကြောင်း သတင်းရရှိပါသည်။
၁၇-၁၀-၂၀၁၀ နေ့တွင် ကျောက်ကြီးမြို့နယ်၊ ဥက္ကဋ္ဌဇော်မျိုးညွန့်က ခြေပြတ်လက်ပြတ်ဒုက္ခိတများအတွက်
နေရာထိုင်ခင်းအဖြစ် အိမ်(၄)လုံးဆောက်ရန် အကြောင်းပြပြီး ၄င်းမြို့နယ်ရှိ ကျေး၇ွာ(၁၀)အုပ်စုရှိ
ပြည်သူလူထုထံမှ ကျပ်ငွေ သိန်း(၄၀)ကောက်ခံရန် အတင်းအဓမ္မညွန်ကြားခဲ့သည်။

၎င်းငွေ သိန်း(၄၀)ကို ၂၀-၁၀-၂၀၁၀နေ့တွင် အရောက်ပို့ပေးရမည်ဟု ခြိမ်းခြောက်ပြောလာသဖြင့်
ကျေးရွာသူရွာသားများကလည်း ထိုနေ့မှာပင် အရောက် ပို့ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

အတင်းအဓမ္မ ငွေကြေးကောက်ခံခြင်းခံရသောကျေးရွာအုပ်စုဆယ်စုမှာ
၁။ ပါ့တလာကျေးရွာအုပ်စု
၂။ အင်းနက်ကျေးရွာအုပ်စု
၃။ နိုညာသူကျေးရွာအုပ်စု
၎။ ၀ါးလဒေါကျေးရွာအုပ်စု
၅။ သူးကဘီးကျေးရွာအုပ်စု
၆။ နို့ဂေါ်ကျေးရွာအုပ်စု
၇။ နံ့သာကွင်းကျေးရွာအုပ်စု
၈။ ဒေါမွတ်ကျေးရွာအုပ်စု
၉။ ထိုးဝါးဆယ်ကျေးရွာအုပ်စု
၁၀။ ကျောက်စရစ်ကျေးရွာအုပ်စု တို့ဖြစ်သည်။

No comments:

Post a Comment