ondragstart="return false" onselectstart="return false"

Wednesday, October 13, 2010

ဟေးခွါး ကဟါးမာလော် - ပျောက်ကုန်တော့မယ်

ဒီနေ့  ကျနော်တို့ သောသီခို အဖွဲ့ သားများရဲ့ "သံစဉ်များ၏နံရံကို ဖေါက်ထွင်းကြည့်ရှုခြင်း" အစီစဉ်သစ်လေး တရပ်ကို စတင်မိတ်ဆက် တင်ဆက်ပေးလိုက်ပါတယ်။



“ကြည့်လိုက်စမ်း ဟိုမှာသစ်ပင်ကြီးကို… ညောင်ပင် ပေါက်လေးက သူ့ ကို စမျိုပြီ…
မေတို့ ရွာမှာ ထိုတလေး လို့ ခေါ်တဲ့သစ်ပင် ပျောက်သွားလေပြီ။
ကြည့်လိုက်ပါအုံး ဟိုမှာ အိမ်တိုင်ကို ချစားပစ်တာ အချိန်ကြာလာတော့ မမြင်လိုက် မသိလိုက်ရဘူး
ခုတော့ အိမ်လေးက ဖရိုဖရဲနဲ့  ပြိုကျလေပြီ။
မေတို့ ရွာမှာ အဖိုးဖွားတို့ အိမ် ပျောက်ကုန်လေပြီ…
ရိုးရာဓလေ့ နှင့် ဘာသာစကား ဘိုးဘွားတို့ ရဲ့ အဖိုးတန် အမွေအနှစ်များ
ကျွံကျလျက် ပျောက်ကွယ်သွားမယ်… ရစ်ပါတ်မျိုချခြင်းခံရမယ်…
မျက်ခြေမပြတ်ပဲ သတိရှိပါ ယနေ့ လူငယ်များ…

ဟေးခွါး….ခုချိန်မှာ..ငါတို့ အိမ်.. ငါတို့ မြေနေရာတွေအားလုံး.. ပျောက်ကုန်မယ်..
ခွါး.. ကဟါးမာလော်.. ကဟါးမာလော်.. ကဟါးမာလော်..”



ဓါတ်ပုံ - FBR, CIDKP, ဘွဲ့ သွေးနီ


Type the rest of your post here.

No comments:

Post a Comment