ondragstart="return false" onselectstart="return false"

Thursday, October 28, 2010

ညောင်လေးပင်ဒေသ နအဖ လူ့ အခွင့်အရေးချိုးဖေါက်မှုသတင်း

20-10-2010 နေ့တွင် နအဖ၏ ခလရ(48) တပ်ရင်းမှူး(2)တင်မောင်ကျော်သည်
သူ၏တပ်စိပ်များကိုခေါ်ပြီး တယ်ကွယ်လေးခို့မှာ စားစရာများလာရောင်းနေကြသော
ရွာသူရွာသားများကို စောင့်ဖမ်းကာ ပစ္စည်းတန်ဖိုး(100000)ကျပ်ကို ဖျက်ဆီးပစ်လိုက်
သည်ဟု သတင်းရရှိပါသည်။

24-10-2010 နေ့တွင် ဖမ်းထားသောသူများကို သပြေညိုစခန်းသို့ပို့ပြီး
ဒီနေ့ကစပြီး ရွာသူရွာသားများ ဈေးအရောင်းအ၀ယ် မလုပ်ရ၊ တွေ့ရှိပါက
အကုန်သတ်ပစ်မည်ဟု အမိန့်ထုတ်ပြန်ထားရာ မိသားစုစားဝတ်နေရေးအတွက်
ဈေးရောင်းဈေးဝယ်နှင့်ဖြေရှင်းနေရသော ရွာသူရွာသားများအတွက် လတ်တလော
ရင်ဆိုင်ကြုံတွေ့နေရသော အကြီးမားဆုံးဒုက္ခပြသနာတစ်ရပ်ပင်ဖြစ်သည်။

14-10-2010 နေ့တွင် အနဖ၏ ခလရ(60)သည် ဆောမီလူ့မှ ကော်ဖလာလေးခို့အထိ
ကားလမ်းမတစ်လျှောက် တပ်ချထားခဲ့ကြောင်း သိရပါသည်။

25-10-2010 နေ့တွင် ကားလမ်းဖေါက်ရန်အတွက် D8 ကားနှစ်စီးနှင့် ဓါတ်ဆီကားနှစ်စီးကို
ဆော်ခါ့ဒဲသို့ပို့ပြီး လုံခြုံရေးတပ်ချထားကာ သွားလာလှုပ်ရှားနေသောကြောင့်
ရွာသူရွာသားများလုပ်ကိုင်စားသောက်၍မရပဲ တောထဲတွင် ပုန်းအောင်းနေကြရသည်။
ရိုးသားစွာလုပ်ကိုင်စားသောက်နေကြသော ရွာသူရွာသားများသည် မိမိတို့၏
တောင်ယာ၊လယ်လုပ်ငန်းခွင်သို့ မပြန်ရဲတော့သဖြင့် တောရိုင်းတိရိစ္ဆာန်များ ၀င်ရောက်
ဖျက်ဆီးကြသည့်အတွက် စားဝတ်နေရေးမှာ အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း
သတင်းရရှိပါသည်။

Type the rest of your post here.

No comments:

Post a Comment