ondragstart="return false" onselectstart="return false"

Wednesday, October 20, 2010

သထုံခရိုင်၊ တပ်မဟာ(၁)နယ်မြေမှ လူ့အခွင့်အရေးချိုးဖေါက်မှုသတင်း

၂၁-၀၉-၂၀၁၀ နေ့တွင် ရွေးကောက်ပွဲအကျိုးဆောင်သူ ဦးစောသောင်းဖေက
သထုံမြို့နယ်၊ တမော်တောကျေးရွာမှ ကျပ်ငွေ(၁၅၀၀၀၀)၊ နယ်ဖေါထကျေးရွာတွင်
(၈၄၅၀၀)၊ ကော့လယ်ကျေးရွာတွင် (၁၂၀၀၀၀)နှင့် မော်လေးကျေးရွာတွင်လည်း
(၁၅၀၀၀၀) ကျပ်ကို အတင်းအဓမ္မ ငွေကြေးကောက်ခံခဲ့သည်။

၁၄-၀၉-၂၀၁၀ တွင်လည်း နယ်ခြားစောင့်တပ်အဖွဲ့မှ ဖါ့သာ့ဆီးက နယ်ဖေါ့ထ ရွာကို
ကျပ်ငွေ လေးသောင်းနှင့် ဖါးပေါ့ရွာကို လေးသောင်းကျပ် အတင်းကောက်ခံခဲ့သည်။
ထို့ပြင် ၁၆-၀၇-၂၀၁၀ နေ့တွင် ကျိုက်ထိုမြို့နယ်ရှိ ရန်သူခလရ(၉၆)၊ တပ်ခွဲ(၂)မှ တပ်ခွဲမှူးဇော်မင်းထွန်းသည် ငှက်ပျောတောရွာကို ၀ါးအချောင်း(၂၀၀)နှင့်
ငွေ ကျပ် ၁၀၀၀၀ ကို ကောက်ခံခဲ့ပါသည်။

၁၇-၀၉-၂၀၁၀ ရက်တွင်လည်း သကစဖ(သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့)
မောင်တူးကကပယ်ခီးကျေးရွာနှင့် နောင်လားခီးကျေးရွာရှိ
ရော်ဘာခြံပိုင်ရှင်များကို တစ်ဦးလျှင် (၅၀၀၀)ကျပ်အတင်းအဓမ္မ ကောက်ခံပြီး
မပေးနိုင်ပါက ထောင်ချမည်ဟု ခြိမ်းခြောက်သဖြင့် အားလုံးပေါင်း
ကျပ်ငွေ (၃၈၀၀၀၀)ကို ကောက်ခံရရှိခဲ့ပါသည်။

ကိုးဒီသွေးဘလော့မှ ပြန်လည်ကူးယူဖေါ်ပြသည်။

Type the rest of your post here.

No comments:

Post a Comment