ondragstart="return false" onselectstart="return false"

Thursday, October 14, 2010

ဗမာ့တပ်မတော်၏ ခေတ်သစ်ကျွန် ကျေးလက်ဒေသနေ ကရင်ပြည်သူများ


တောင်ငူခရိုင်တွင် ပေါ်တာသွားရာ ဆင့်ခေါ်ခံရသော ရွာသူ ရွာသားများပုံ နှင့် နအဖ စစ်တပ်အတွက် ၀ါးများ ခုတ်ပေးနေရပုံ - ဓါတ်ပုံ KHRG

၁၂၊ ၁၀၊ ၂၀၁၀ ရက်နေ့ တွင် ဗမာ့တပ်မတော် ခလရ (၁၀၂)မှ တောင်ငူခရိုင် ထန်းတပင်မြို့ နယ်ရှိ ရွာများဖြစ်သော ဖလေးဆာလို(ပြင်စလိုရွာ)သား ကျား ၉ ဦး မ ၃ ဦး၊ ယာလိုရွာ ကျား ၈ ဦး မ ၇ ဦး၊ ပလောဘောဒဲရွာ ကျား ၆ ဦး မ ၆ ဦး၊ လေးဧိုလိုဘောဖာရွာ ကျား ၆ ဦး မ ၃ ဦး တို့ အား ဆင့်ခေါ်ပြီး အတင်းအကျပ် ခိုင်းစေလျက် ဖလေးဆာလို(ပြင်စလိုရွာ)မှ သပြေညွန့် စစ်စခန်းသို့  ပေါ်တာအဖြစ် စစ်တပ်၏ ပစ္စည်းများကို သယ်ခိုင်းကြောင့် သတင်းရရှိပါသည်။

ထိုနေ့ တရက်တည်းမှာပင် ရှားစီးဘို အခြေစိုက် ဗမာ့တပ်မတော် ခလရ(၇၃) သည်ရှားစီးဘိုရွာသားများအား သူတို့ တပ်စခန်းအတွက် ၀ါးလုံးကြီး အလုံး(၆၀)၊ သုံးထွာပတ်လည် အရှည် ၁၀ တောင် သစ်လုံး ၁၀ ချောင်း အား ခုတ်ခိုင်းပြီး ပို့ ဆောင်စေပါသည်။

တဆက်တည်းမှာပင် ကလောမီဒဲး စခန်း အခြေစိုက် ဗမာ့တပ်မတော် ခလရ (၁၀၂)တပ်ဖွဲ့ များသည် ကလောမီဒဲး ရွာသား ကျား ၂၀ ဦး မ ၁၀ ဦးတို့ အား ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်ပြီး ကလောမီဒဲးမှ ပုလဲဝ စစ်စခန်းသို့ ရိက္ခများကို သယ်ခိုင်းပါသည်။

ဗမာ့တပ်မတော် မှ တပ်များသည် ထိုဒေသတွင် နေထိုင်သော ကရင် လူမျိုးများ(အမျိုးသား၊ အမျိုးသမီး၊ ကလေးပါ မရှောင်)ကို ကျွန်သဖွယ် ခိုင်းစေ နေတာ ကြာမြင့်နေပြီဖြစ်ကြောင်း ထိုဒေသတွင် နေထိုင်သူများက ဆိုပါသည်။

Type the rest of your post here.

5 comments:

Anonymous said...

ပေါ်တာဆွဲတယ်ဆိုတာက အမိန့် ကိုနာခံလို့ ပါလို့ ပြောမှာဘဲ...ဟုတ်ပြီ ...ဒါဆိုရင် ပေါ်တာဆွဲ အမိန့် ဆိုတာရှိနေတာဘဲ...ဒါက ကရင်ပြည်သူလူထုအပေါ်မှာ ဘိုကျ အနိုင်ကျင့်နေတယ်ဆိုတာ ဖေါ်ပြနေတာဘဲ။ တနည်းပြောရရင် ကရင်ဆိုတာ ထက်မြက်တဲ့ လူတန်းစားဖြစ်သည့်အတွက် မဟာဗမာ ၀ါဒီတွေက တိုင်းပြည်အတွက် ထွန်းတောက်လာမဲ့ လူတော် လူကောင်း တွေကို သုတ်သင် နေတာဘဲဆိုတာ လုပ်ပြနေတာပါဘဲ။ ဘယ်လိုဘဲဖြစ်ပါစေ ထက်မြက်တဲ့ ကရင်လူမျိုးကို ဘယ်တော့မှ ဘယ်နေရာမှာမဆို ဘယ်အခြေအနေ မှာမဆို ယှဉ်လို့ မရပါဘူး။

Anonymous said...

ဦးဆောင်နိုင်တဲ့ကရင်ခေါင်းဆောင်တွေကို မြှောက်စားထားပြီး အနောက်ကနေ လူထုကို နှိပ်စက်နေတာမျိုး ဆိုတာဒါကိုပြောတာ....ဒီတော့ မဟာ ဗမာ လူမျိုးကြီး လို့ ပြောတာ မှားသေးလား....တကယ်တန်းဆို လည်း ကရင်တွေကိုဘဲ အားကိုးနေရတာဘဲ။ ကရင်တွေ အစော်ကားခံလာရတာ ဘာကြောင့်လဲဆိုရင် ကိုယ့်ထက် တော်ပြီး ထက်မြက်တဲ့ လူတန်းစား ဖြစ်နေလို့ ပညာနဲ့ ယှဉ်လို့ လည်းမရ ၊ ဥဏ်နဲ့ ယှဉ်လည်း မရ ၊ လက်ရုန်းရည် နှလုံးရည် နဲ့ ယှဉ်လည်းမရတော့ တဲ့အဆုံး ကရင်တွေ မတတ်တဲ့ ကောက်ကျစ်စဉ်းလဲ ဥာဏ် ကိုသုံးပြီး စော်ကားလာတာ ခောတ်အဆက်ဆက်ဖြစ်နေပြီ။

Anonymous said...

missile ရေ....
နအဖတွေက ပညာသင်ချိန်တန်တဲ့ကလေးတွေကို ခိုင်းရက်တာကိုတွေ့ရပြီနော်။

နာကျဉ်းစိတ်ကနေမြစ်ဖျားခံလာတဲ့ မိုက်မိုက်ရိုင်းရိုင်းဆဲဆိုတာတွေကို
ဘေးဖယ်ထားပြီးတော့ ကရင့်ရင်တွင်းစကားတွေကို အလေးအနက်ထားစေချင်တယ် သူငယ်ချင်းmissile ရေ။
မင်းတို့က မြို့ပေါ်ကနေ နိုင်ငံရပ်ခြားကို ပညာတော်သင်သွားမယ်။ ကျေးလက်တို့ကရင်ရွာအကြောင်းကို ငါတို့လောက်ဘယ်သိနိုင်မလဲ။
ဘယ်ခံစားရမလဲ။
လမ်းမလျှောက်နိုင်တော့တဲ့ အဖိုးအဖွားတွေကိုတောင် မညာတာပဲ ရွာကနေ
နှင်ထုတ်တဲ့ မင်းတို့နအဖတွေရဲ့ လုပ်ရပ်ကို ရပ်တန့်က ရပ်ပါတော့။
ဒါငါကိုယ်တိုင် တွေ့ကြု့ခံစားရတဲ့ အဖြစ်အပျက်တွေအများကြီး.
တောင်ပေါ်ကရင်တွေကို မင်းတို့နှိပ်စက်နေသမျှမှာတော့ ကရင် ဗမာ အထိကရုဏ်းက မပြီးဆုံးသေးဘူးလို့ပဲ ငါတို့သတ်မှတ်ရပါလိမ့်မယ်။

Missile ရဲ့ သူငယ်ချင်း
နည်းဗျူဟာ

Anonymous said...

တပ်စခန်းက ခေါ်ခိုင်းတာလား မိမိအိမ်အတွက်တည်ဆောက်ဖို့ လုပ်နေကြတာလား...လွဲတော့ လွဲနေပြီထင်တယ်...အဲဒီလောက်ထိ တပ်က အသိဥာဏ်မခေါင်းပါးလောက်ပါဘူး...

Anonymous said...

ဟေ့ကောင်...မင်းကကရင်ပြည်နယ် မှာရှိတဲ့ ရွာတွေကို မရောက်ဖူးလို့ ဒီလိုပြောတာပါ။ စစ်တပ်မုဒိန်းကျင့်တာကော လျှောက်ပြောတယ် ပြောမလား၊
မင်းကိုတကဲ့ဖြစ်ရပ်လေးတခုပြောပြမယ် ကိုယ်တွေ့ နော် ...
ငါအလုပ်သွားလုပ်တဲ့ရွာက မဲ့ပလဲ့ လို့ ခေါ်တယ်..အဲဒီမှာစစ်ကြောင်းဝင်တယ်
စစ်ကြောင်းမှုး တပ်မ ( ၁၀၁ ) စစ်ကြောင်း ၂ က ဗိုလ်မှုး ဇော်ဝင်း ပေါ့ကွာ..သူတည်းခိုတဲ့အိမ် မှာ ညဖက်၁၀နာရီခွဲ အချိန်အိမ်အောက်ကိုတိုးပြီး ဘာများလုပ်နေတာလဲပေါ့..ငါလည်း အိမ်ဘေးကနေ အသာလေးချောင်းကြည့်တော့ သူတည်းခိုတဲ့အိမ်က ခလေးမလေးအိပ်နေတဲ့ အခန်းအောက်က သွားချောင်းကြည့်နေတယ်..ခလေးမတွေက မီးခွက်ထွန်းထားတယ်။ ပြီးတော့ ဗိုလ်မှူး ဇော်ဝင်းရဲ့လက်တဖက်က သူ့ ပေါင်းကြားမှာ ရှေ့ တိုးနောက်ဆုတ်. ရှေ့ တိုးနောက်ဆုတ်နဲ့ ..သူ့ သမီးလောက်ရှိတဲ့ခလေးမတွေကို စိတ်နဲ့ ပစ်မှားနေတာလေ...မယုံရင်သွားမေး မြင်တဲ့လူက မြင်တယ်။ ဒါလည်းအသိဥာဏ် မခေါင်းပါးပါဘူး...ရှေ့ တန်းရောက် တပ်မ ( ၁၀၁ ) ဗိုလ်မှုး ဇော်ဝင်း လုပ်ရပ်အမှန်ဘဲ..ပေါ်တာ ခိုင်းတာ မင်းသိပါတယ် ဖင်ပိတ်ငြင်း ချင်လို့ ဗမာသူတော် ကောင်းအသံမျိုးလာပြောနေတာ....

Post a Comment