ondragstart="return false" onselectstart="return false"

Monday, October 25, 2010

ပအိုဝ်းပါတီ တပ်အင်အားသုံးမဲဆွယ် MTA ဟောင်းမကျိုင်းတပ်ဖွဲ့နှင့်တိုက်ပွဲဖြစ်

ဗမာ့စစ်တပ်ကြီး အဖြစ်ချင်ဆုံးသောအရာက အဲဒါပဲ။ တိုင်းရင်းသားတွေ အချင်းချင်း ပြသနာဖြစ်လေ သူတို့ ရဲမဟာဝါဒ စီမံကိန်း သက်ဆိုးရှည်လေပဲ။

Monday, 25 October 2010 15:23 သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မြို့နယ်အတွင်း USDP ပါတီအတွက် စည်းရုံးရေးဆင်းသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က လက်နက်ကိုင်တပ်ဖွဲ့အင်အားသုံးနယ်ကျွံမဲဆွယ်သဖြင့် ယခင် MTA ဟောင်းမကျိုင်းဒေသဖွံ့ဖြိုးရေးတပ်ဖွဲ့ နှင့်တိုက်ပွဲ ဖြစ်ပြီး အနည်းဆုံးလူ ၄ ဦးသေဆုံးကြောင်း စုံးစမ်းသိရှိရပါသည်။

“ပထမ အကြိမ်က USDP ပါတီအတွက် ပအိုဝ်းပါတီ လာရောက်စည်းရုံးတယ်၊ ဒေသခံတွေက ကျားဖြူ ပါတီကိုထောက်ခံ တယ်။ မလာတော့နဲ့လို့ ဒေသခံတွေ ပြောလဲမရဘူး။ နောက်တရက် PNO စည်းရုံး ရေးအဖွဲ့လုံခြုံရေး တပ်အင်အားနဲ့ လာ တော့ ဒီဘက်ကလဲ တပ်နဲ့စောင့်ထားတာပေါ့”- ဟု နားယိုင်း ရောက် တောင်ကြီး ဒေသခံတဦးကပြောပါသည်။

အောက်တိုဘာ ၁၇ ရက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် က သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မြို့အနောက် တောင်ဘက် မိုင်းဇစ် ကျေးရွာအုပ်စု (မကျိုင်းဒေသဖွံ့ဖြိုးရေးတပ်ဖွဲ့) ဘက် စည်းရုံးရေးဆင်းခဲ့ကြောင်း၊ ဒေသခံများက ကျားဖြူပါတီကိုသာ ထောက်ခံသောကြောင့် စည်းရုံးရေးဆင်းရန် မလိုအပ် တော့ကြောင်းပြောရာမှ နှစ်ဘက်အချေအတင်စကားများခဲ့ရကြောင်း သိရပါသည်။

အောက်တိုဘာ ၁၈ ရက် ပအိုဝ်းပါတီက ဗိုလ်မှူးကျော်တင်ဦး ဦးဆောင်သည့် အင်အား ၁၅၀ ကျော် စစ်ကြောင်းတခုအား လုံခြုံရေးတပ်ဖွဲ့ အဖြစ်ခေါ်ဆောင်သွားသောကြောင့် နှစ်ဘက်တိုက်ပွဲဖြစ်ပွား ခဲ့ရကြောင်း အမည်မဖေါ်လိုသည့် နမ့်ဇန်မြို့ သားတဦးက ပြောပါသည်။

“ပအိုဝ်းပြည်သူ့စစ်အဖွဲ့ကို ခေါ်လာပြီး ပအိုဝ်းပါတီက ပြန်လစ်သွားတယ်၊ မကျိုင်းတပ်ဖွဲ့က ရှေ့ မတိုးနဲ့ တိုးရင်ပစ်မယ် လို့ ပြောတယ်။ ပအိုဝ်းတပ်ကလဲ တပ်စခန်းကို တက်ဝိုင်းတယ်၊ ၁၈ ရက်နေ့မှာဘဲ 3 နာရီကြာ တိုက်ခိုက်ကြတယ်။ မကျိုင်းအဖွဲ့ က MTA တပ်ဖွဲ့ဝင်ဟောင်းတွေဆိုတော့ တိုက်ရည်ခိုက်ရည်ရှိကြတယ်တဲ့။ သူတို့ဘက်က တယောက်ဘဲ ဒဏ်ရာရတယ်။ ပအိုဝ်းဘက်က ၄ ယောက်သေ၊ ၂ ယောက်ပျောက်နေတယ်” - ဟု ပအိုဝ်းအသိုင်း အ၀ိုင်းနှင့် နီးစပ်သည့် လွယ်လင်သား တစ်ဦးက ပြောပြ ပါသည်။

မကျိုင်းတပ်ဖွဲ့၏ ဆိုင်းငင်း နမ့်ပွန်း အနီးတောင်ကုန်းပေါ်တွင် ဗိုလ်ကြီးမိုခေး ခေါင်းဆောင်သော တပ်ဖွဲ့ အင်အား ၂၀ ခန့် တပ်စိုက်ထားကြောင်း၊ တိုက်ပွဲအတွင်း ပအိုဝ်းဘက်မှ ဗိုလ်ကြီးငွေဆိုသူပါ ကျဆုံးကြောင်း နီးစပ်သည့်ကုန်သည် တဦးက ပြောပါသည်။

“နမ့်ဇန်မြို့အနောက်တောင်ဘက် မိုင်းဇစ်အသွားလမ်းမှာ မကျိုင်းတပ်ဖွဲ့ဌာနချုပ် ရှိတယ်။ ဌာနချုပ် ရဲ့ အနောက်မြောက် ဘက် ၈ မိုင်အကွာလောက်မှာ ဆိုင်းငင်းနဲ့နမ့်ပွန်းရွာ။ အဲ့ဒီရွာတွေရဲ့အနောက်ဘက် ဟိုယန်းအုပ်စုက ပအိုဝ်းတပ်ဖွဲ့ ထိန်း ချုပ်နယ်မြေနဲ့ နယ်နိမိတ်ချင်းထိ စပ်တယ်။ ဟိုယန်းအုပ်စု အနောက်ဘက်က တောင်ကျောကိုဖြတ်ကျော်ရင်တော့ မိုင်းပွန် မြို့နယ် ဖြစ်သွားပြီ” ဟု ဆို၏။

အောက်တိုဘာ ၂၂ ရက် နှစ်ဘက်ကိုယ်စားလှယ်များက တောင်ကြီးအခြေစိုက် ရပခ တိုင်းမှူးထံ အခြေအနေတင်ပြရာ တိုင်း မှူးက - “တိုက်ပွဲချက်ချင်းရပ် - ပစ်ခတ်တိုက်ခိုက်နေတဲ့သူကိုရှင်းပစ်မယ်” ဟု ပြောမှဲတိုက်ခိုက်မှုရပ်နားခဲ့ကြကြောင်း နီးစပ် သည့် အသိုင်းအ၀ိုင်းက ပြောပါသည်။

နမ့်ဇန်မြို့နယ်အတွင်း တိုက်ခိုက်ကြသည့် လက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့မှာ နအဖ လက်အောက်ခံ ပြည် သူ့ စစ်တပ်ဖွဲ့များ ဖြစ်၏။ ပအိုဝ်းလက်နက်ကိုင်တပ်ဖွဲ့မှာ ပြည်သူ့စစ်အသွင် ပြောင်းရန်လက်ခံထား သော ဦးအောင်ခမ်းထီ (PNO ) ၏လက် အောက်ခံ PNA တပ်ဖွဲ့ဖြစ်သည်။ မကျိုင်းဒေသဖွံ့ဖြိုးရေး တပ်ဖွဲ့မှာမူ ၁၉၉၆ ကဦးခွန်ဆာနှင့်အတူ လက်နက်ချခဲ့သည့် MTA တပ်ဖွဲ့ဝင်ဟောင်းများဖြစ်ပြီး စိုင်းလိုင်းဆိုင်က ဦးဆောင်သည်။
http://www.mongloi.org/burmese/2008-08-01-03-22-02/86-2008-08-01-03-20-45/1173--mta-

No comments:

Post a Comment