ondragstart="return false" onselectstart="return false"

Wednesday, November 10, 2010

ဗမာ့တပ်မတော်အတွင်းရေး - ကရင်ပြည်နယ်စစ်ဆင်ရေး - 10 Oct 2010

ကရင်ပြည်နယ် ကိုစစ်ဆင်ဖို့ တပ်ချူပ်ကြီး ဗိုလ်သန်းရွှေက ညွန်ကြားချက်ပေးနေပါပြီ။ တနင်္သာရီတိုင်းလည်းပါသည်။ အမျိုးသားသစ္စာဖေါက် ဗိုလ်ချစ်သူ နှင့် နောက်လိုက် နယ်ခြားစောင့်တပ်များကို ထုတ်သုံးမည်။ သူတို့ လက်မခံရင် ပေးထားသည့် စီးပွားရေးအခွင့်အရေးများနှင့် လက်နက်များကို ပြန်သိမ်းမည်ဟုဆိုပါသည်။


2010_November_10_ThanShwe_order_attack_on_KNU_areas__attck_into_DKBA_area

Type the rest of your post here.

4 comments:

မိုင်းရှူးဖက်ရှိ နအဖတပ် SSA တပ်မဟာ ၁ ကိုစတိုက်ပြီ said...

မိုင်းရှူးဖက်ရှိ နအဖတပ် SSA တပ်မဟာ ၁ ကိုစတိုက်ပြီ
Thursday, 11 November 2010
သျှမ်းသံတော်ဆင့်


ယနေ့ ညနေ ၅ နာရီ တပ်မဟာ ၁ ၀မ့်ဟိုင်းဌာနချုပ်တောင်ဘက် ကျေးသီး- မိုင်းရှူး ကားလမ်းရှိ ၀မ့်ဆော့မှာ အခြေစိုက်တဲ့ တပ်မ ၃၃ လက်အောက်ခံ အင်အား ၆၀ လောက်ရှိတဲ့ နအဖတပ်က ကားလမ်းအနောက်ဘက်မှာရှိတဲ့ အပစ်ရပ် သျှမ်းပြည် တပ်မတော် တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း အမှတ် ၂၄ ကို ဦးစွာဝင်ရောက် တိုက် ခိုက်ခဲ့ပါတယ်။

ည ၇ နာရီအထိတိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး တိုက်ပွဲဖြစ်ပွါးတဲ့ ကွန်ကျိုင်းရွာ ကတော့ ကျေးသီး-မိုင်းနောင်-မိုင်းရှူးလမ်းခွဲရဲ့တောင်ဘက် ၀မ့်ဆော့ရွာ အနောက်ဘက် ၃ မိုင်လောက်အကွာမှာ ဖြစ်ပါတယ်။

ပြည်သူ့စစ်အသွင်ပြောင်းရေးငြင်းဆန်တဲ့ တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း အမှတ် ၂၄ ကို ဗိုလ်ကြီး လောဝ်တိုင်းက ဦးဆောင်နေပြီးခုခံတိုက်ခိုက်တာပါ။ အခုချိန်မှာ သျှမ်းတပ်ကို နအဖ တပ်က၀ိုင်းရံ ပစ်ခတ်နေပြီး အဲ့ဒီတ၀ိုက်မှာရှိတဲ့ သျှမ်းတပ်ဖွဲ့ကလည်း နအဖတပ် အပြင် ဘက်ကနေ ထပ်မံဝိုင်းရံနေတယ်လို့ဆိုပါတယ်။ နအဖဘက်ကလည်း မိုင်းရှူး ဘက်က စစ်အင်အားတွေ ပို့ဆောင်နေဆဲဖြစ်တယ်။ နှစ်ဘက်စလုံးတပ်ကူတွေ ပို့နေကြလို့ ဒီတိုက်ပွဲဟာ ကြာမြင့်နိုင်တယ်လို့ တပ်မဟာ ၁ က အရာရှိတဦးက သျှမ်းသံတော်ဆင့်ကိုသတင်းပေးပို့ပါတယ်။

ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်မှာစိုးလို့ သျှမ်းတပ်ဘက်က တရှောင်ရှောင် ဝေ့ပတ်နေ တဲ့ကြားက နအဖတပ်က အရင်သွားပစ် ဖြစ်တယ်လို့ SSA-N တပ်မှူးတယောက်က မကျေမချမ်းပြောပြပါတယ်။

(သျှမ်းသံတော်ဆင့်)

ကယန်းဒေသရှိ စစ်အစိုးရတပ်ကို လက်နက်ကိုင်တပ် ၀င်ပစ် said...

ကယန်းဒေသရှိ စစ်အစိုးရတပ်ကို လက်နက်ကိုင်တပ် ၀င်ပစ်

10 နိုဝင်ဘာလ 2010


အပစ်ရပ် ကယန်းပြည်သစ် ထိန်းချုပ်ရာ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း၌ တပ်စွဲထားသော မြန်မာစစ်အစိုးရတပ် တပ်စခန်းတခုကို ပြီးခဲ့သည့် ၆ ရက်နေ့က မည်သည့် လက်နက်ကိုင် တပ်ဖွဲ့မှ မသိရဘဲ ၀င်ရောက်တိုက်ခိုက်ခဲ့၍ စစ်အစိုးရတပ်ဘက်က အကျအဆုံး ရှိခဲ့ကြောင်း သိရသည်။

၎င်းလက်နက်ကိုင် တပ်ဖွဲ့သည် ဖယ်ခုံမြို့နယ်ရှိ စစ်အစိုးရတပ် ခြေမြန်တပ်ရင်း (ခမရ) ၃၃၆ တပ်စခန်းကို ၀င်ရောက်ပစ်ခတ်မှုကြောင့် စစ်အစိုးရတပ်ဘက်က ကျဆုံးမှု ရှိခဲ့သော်လည်း မည်မျှ ရှိသည်နှင့် မည်သည့် လက်နက်ကိုင် တပ်ဖွဲ့မှ ဖြစ်သည်ကိုလည်း မသိရှိရကြောင်း ကယန်းအမျိုးသားလူငယ်အစည်းအရုံး (ကေအဲန်ဝိုင်ဂျီ)မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခွန်းရော်ဘင်ဆန်က ပြောသည်။

“၃၃၆ တပ်ရင်းနဲ့ပေါ့နော့် ဒီအခြားလာပစ်တဲ့ လာတိုက်တဲ့ အဖွဲ့က အတိအကျ မပြောနိုင်သေးဘူးဗျ။ တချို့က ကယန်းပြည်သစ်လို့ ထင်တဲ့ လူတွေလည်း ရှိတယ်။ တချို့က ပအိုဝ်းပေါ့ ရလလဖအဖွဲ့ ခွန်းသူရီတို့ အုပ်စုကလေ အဲဖွဲ့ကလည်း ထင်ကြတယ်။ တချို့က ကရင်နီလို့ ထင်ကြတယ်ဗျ” ဟု ၎င်းက ပြောသည်။

လက်နက်ကိုင် တပ်ဖွဲ့မှ ၀င်ရောက်တိုက်ခိုက်မှုကြောင့် ၎င်းစစ်အစိုးရတပ်မှ စစ်ကူ ခေါ်ရာ ကားဖြင့် လာသော စစ်အစိုးရတပ် စစ်ကူ ၃၂ ဦးတို့သည် ကလောမြို့နယ်နှင့် ဖယ်ခုံမြို့နယ်အကြား နောင်ဝိုးတောင် အရောက်၌ ကားမှောက်၍ ၃ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ကယန်းဒေသများတွင် ဖောက်ခွဲရေးသမားများ ၀င်ရောက်နေသည်ဟု အကြောင်းပြချက်ဖြင့် စစ်အစိုးရတပ်က ပြီးခဲ့သည့် လလယ်ပိုင်းမှ စ၍ ၎င်းဒေသများ၌ စစ်ကြောင်း ၄ ကြောင်း တိုးချဲ့ပြီး လှုပ်ရှားလျက်ရှိသည်။

စစ်အစိုးရတပ် တပ်အင်အား တိုးချဲ့လှုပ်ရှားခြင်းနှင့် ပတ်သက်ပြီး ခွန်းရော်ဘင်ဆန်က “နအဖတပ်ဖက်က အကြောင်းပြချက်ကတော့ နေပြည်တော်မှာ ဗုံးဖောက်ခွဲဖို့ပေါ့နော့်။ လူ ၅ ယောက် ရောက်လာတယ်လို့ ပြောတယ်။ ကယန်းဒေသမှာပေါ့နော့်။ အဲဒီကယန်းဒေသကို ရောက်လာပြီးမှာ အဲဒီနားကိုပဲ မှီခိုနေသေးတယ်လို့ ပြောတယ်” ဟု ဆက်ပြောသည်။

ကယန်းပြည်သစ်သည် စစ်အစိုးရမှ ဖိအားပေးနေသော နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ် ပြောင်းလဲဖွဲ့စည်းရေးကို လက်မခံသည့် အဖွဲ့ ဖြစ်သည်။ ၎င်းအဖွဲ့သည် ပြည်တွင်း၌ ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းသွားရန် ဆန္ဒရှိသည်။

အဖွဲ့ဝင်အင်အား ၁၄၉၆ ဦးခန့် ရှိသော ကယန်းပြည်သစ် (ကေအဲန်အယ်လ်ပီ)သည် စစ်အစိုးရနှင့် ၁၉၉၄ ခုနှစ် ဇူလိုင်လတွင် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ်နှင့် ကရင်နီပြည် နယ်စပ်တို့တွင် အဓိက အခြေစိုက်လှုပ်ရှားလျက်ရှိသည်။

ရေးသားသူ - အောလို
(Kantarawaddy Times)

ရှမ်းပြည်မှ စစ်အစိုးရတပ်ရင်းများ ကရင်နီပြည်တွင်းသို့ စစ်ဆင်ရေးထိုးပြီ (အပိုင်း - ၁) said...

ရှမ်းပြည်မှ စစ်အစိုးရတပ်ရင်းများ ကရင်နီပြည်တွင်းသို့ စစ်ဆင်ရေးထိုးပြီ (အပိုင်း - ၁)

11 နိုဝင်ဘာလ 2010


ရှမ်းပြည်နယ် ကလောဌာနချုပ်မှ တပ်မ ၅၅ လက်အောက်ခံ စစ်အစိုးရတပ်ရင်း သုံးရင်း ကရင်နီပြည် လွိုင်ကော်မြို့နယ်အတွင်းသို့ ယခုလ ပထမအပတ်ကစပြီး စစ်ဆင်ရေးထိုးကာ စစ်ရေးလုပ်ရှားမှုပြုလုပ်နေကြောင်း ကရင်နီပြည်ထဲရေးဌာနမှ တဆင့်ကြားသိရသည်။

အဆိုပါစစ်ကြောင်းများမှာ တပ်မ ၅၅ လက်အောက်ခံ ခမရ ၅၁၂၊ ခမရ ၅၁၁နှင့် ခမရ ၅၁၇တို့ဖြစ်ကြပြီး ယခုအခါလွိုင်ကော်မြို့နယ်နှင့် ရှားတောမြို့နယ်အတွင်း ကရင်နီတပ်မတော်များ လှုပ်ရှားနေသည့် ဒေသများ၌ နယ်မြေရှင်းလင်းရေး ပြုလုပ်နေသည်ဟု ဆိုသည်။

“အခုစစ်ကြောင်းထိုးလာတဲ့ အကြောင်းအရင်းက ပွန်ချောင်းမှာဖြစ်ပျက်ခဲ့တဲ့ စစ်ပွဲနဲ့ဆက်စပ်မှုရှိတယ်လို့ ယူဆထားတယ်။ ဘာဖြစ်လဲဆိုတော့ အခုလာတဲ့စစ်အကြာင်း ၃ ကြောင်းထဲက ၅၁၂ နဲ့ ၅၁၁ ဟာ ပွန်ချောင်းဒေသတ၀ိုက်မှာ ကရင်နီတပ်မတော်တွေကိုလိုက်လံရှာဖွေနေတယ်။ စစ်ဆေးမှုတွေလုပ်နေတယ်” ဟု ကရင်နီ ပြည်ထဲရေးဌာနမှ ဒု-၀န်ကြီး ခူးညေးရယ်က ပြောပါသည်။

ခမရ ၅၁၇ မှာမူ ကရင်နီပြည်နယ် မောချီးနှင့်ကရင်ပြည်နယ် တော်ငူကားလမ်းမကြီး ဖြစ်မြောက်ရန်အတွက် နယ်မြေရှင်းလင်းရေးကိစ္စအား အကြောင်းပြပြီး ကရင်နီပြည်အမှတ် ၂ ခရိုင်မော်ချီးဒေသဘက်သို့ ချီတက်သွားသည်ဟု ဆိုသည်။

(အပိုင်း - ၂) တွင် ဆက်ဖတ်ပါ

ရှမ်းပြည်မှ စစ်အစိုးရတပ်ရင်းများ ကရင်နီပြည်တွင်းသို့ စစ်ဆင်ရေးထိုးပြီ (အပိုင်း - ၂) said...

ရှမ်းပြည်မှ စစ်အစိုးရတပ်ရင်းများ ကရင်နီပြည်တွင်းသို့ စစ်ဆင်ရေးထိုးပြီ (အပိုင်း - ၂)


ကရင်နီပြည်နယ်၊ လွိုင်ကော်နှင့် ရှားတောမြို့နယ် အကြားရှိ ပွန်ချောင်းတံတား အနီးတွင် တပ်စွဲထားသော စစ်အစိုးရတပ် ခလရ ၇၂ တပ်ဖွဲ့အား ကရင်နီတပ်ရင်း ၃ နှင့် ABSDF တပ်ရင်း(၄)တို့ ပူးပေါင်းပြီး အောက်တိုဘာလ ၂၆ ရက်နေ့က သိမ်းပိုက်ခဲ့သည်။ သိမ်းပိုက်စခန်းအား မီးတင်ရှို့ပြီး တံတားအားဖောက်ခွဲကာ ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်။

၎င်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၄ ဦး ကျဆုံးကာ ၄ ဦးဖမ်းဆီးရမိပြီး လက်နက်ကြီးငယ်မျိုးစုံ ၉ လက်နှင့် ခဲယမ်းမီးကျောက်များကို ကရင်နီနှင့် ABSDF တပ်တို့မှ သိမ်းဆည်းရမိသည်။ ဖမ်းဆီးရမိသော စစ်တပ်များကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း ကရင်နီတပ်မတော်တို့က ဆိုသည်။

ABSDF ကျောင်းသားတပ်မတော်သည် စစ်အစိုးရ ရွေးဆွဲခဲ့သည့် ၂၀၀၈ ခုအခြေခံဥပဒေကို လက်မခံခဲ့သလို ပြုလုပ်ကျင်းပသွားပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း လက်မခံဘဲရှုတ်ချထားပြီး စစ်အစိုးရကို စစ်ရေးအရလက်နက်ကိုင်သည့် နည်းလမ်းဖြင့် တခြားတိုင်းရင်းသား မဟာမိတ်များနှင့်အတူ လက်တွဲပြီး ဆက်လက် တိုက်ခိုက်သွားမည်ဟု ဆိုပါသည်။

ကရင်နီနယ်မြေတွင် ကရင်နီတပ်မတော်နှင့် စစ်ရေးအရပူးပေါင်းလုပ်ရှားမှုနှင့် ပတ်သက်ပြီး ABSDF ကျောင်းသားတပ်မတော်တပ်ရင်း(၄)မှ ဒု တပ်ရင်းမှူး ကိုတင်မောင်ထွန်းက ယခုလိုပြောပါသည်။

“ကျနော်တို့ တပ်အနေနဲ့ ပုံမှန်လှုပ်ရှားနေတာရှိပါတယ်။ နိုင်ရင်နိုင်သလောက်ပေါ့နော်။ ကျနော်တို့ တပ်ဖွဲ့တွေ ကရင်နီတပ်တွေနဲ့တွဲပြီး လှုပ်ရှားနေတာရှိပါတယ်။ အခုလဲ ရှေ့တန်းနယ်မြေမှာ လုပ်ရှားနေကြပါတယ်။”

ကရင်နီပြည်တွင် ၂၀၁၀ ခုနှစ်အတွင်း ပုံမှန်လုပ်ရှားနေသည့် ဒကစ လက်အောက်ခံတပ်ရင်း ၁၄ ရင်းရှိပြီး ၎င်းတို့မှာ ကလရ ၅၄၊ ၇၂၊ ၅၃၁၊ ၄၂၈၊ ၄၂၉၊ ၄၃၀၊ ၁၃၄၊ ၁၃၅၊၂၅၀၊၂၆၁၊ ၁၀၂၊ ၅၃၀၊ နှင့် ခမရ ၃၃၇၊ ၄၂၇ တို့ ဖြစ်သည်။


( ရေးသားသူ - ကန္တာရ၀တီတိုင်း(မ်) )

Post a Comment